Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, January 19, 2015

KIO ဖမ္းထားတဲ့ ရဲသံုးဦးလြတ္ေျမာက္ေရး ညိႇိႏိႈင္းေန

ေလာျဖဴေတာင္ကုန္းမွာ ကင္းလွည့္ေနတဲ့ KIA တပ္ဖဲြ႔ဝင္မ်ား။
ကခ်င္လြတ္လပ္ေရးတပ္ဖဲြ႔ KIA က ဖမ္းဆီးသြားတဲ့ လံုၿခံဳေရး ရဲတပ္ဖဲြ႔ဝင္ ၃ ဦးလြတ္ေျမာက္ေရးဖို႔ ကခ်င္ၿငိမ္းခ်မ္းေရး အက်ိဳးေဆာင္ အဖဲြ႔က KIA တပ္ရင္း (၆) ကို သြားေရာက္ေခၚေဆာင္ေနၿပီး ဒီကေန႔ညပိုင္းမွာ လြတ္ေျမာက္လာႏုိင္ဖြယ္ရိွေနပါတယ္။ ျမန္မာၿငိမ္းခ်မ္းေရးစင္တာက အႀကီးတန္း အႀကံေပးက ေတာ့ ရဲတပ္ဖဲြ႔ဝင္ ၃ ဦးလြတ္ေျမာက္လာရင္ ႏွစ္ဖက္အၾကား တုိက္ပဲြေတြ ရပ္ဆုိင္းႏုိင္မယ္လုိ႔လည္း ေမွ်ာ္လင့္ေၾကာင္း ေျပာပါတယ္။ ဖားကန္႔ေဒသနဲ႔ ပတ္သက္တဲ့ ေနာက္ဆံုးအေျခအေနကို ဗီြအုိေအ ျမန္မာပိုင္းရဲ႕ သတင္းေထာက္ ကိုမုိးေဇာ္က တင္ျပထားပါတယ္။

ကခ်င္ျပည္နယ္ လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး မုိးေကာင္း၊ ကာမိုင္း၊ ဖားကန္႔လမ္းေၾကာင္းကို ၾကည့္ရႈစစ္ေဆးစဥ္ လမ္းခရီးမွာ KIA က တားဆီးၿပီး လံုၿခံဳေရးရဲတပ္ဖဲြ႔ဝင္ ၃ ေယာက္ကို ဖမ္းဆီးခဲ့တဲ့ေနာက္ ဖားကန္႔ေဒသမွာ ဒီလ ၁၅ ရက္ေန႔ မနက္အေစာပိုင္းမွာ အစိုးရတပ္နဲ႔ ကခ်င္တပ္ဖဲြ႔အၾကား တုိက္ပဲြေတြ စတင္ခဲ့ပါတယ္။

တုိက္ပဲြျဖစ္ပြားတဲ့ (၅) ရက္ေျမာက္ေန႔မွာေတာ့ ရဲတပ္ဖဲြ႔ဝင္ေတြ ျပန္လည္လြတ္ေျမာက္ေရးအတြက္ သြားေရာက္ေခၚေဆာင္ေနၿပီလုိ႔ ကခ်င္ၿငိမ္းခ်မ္းေရး အက်ိဳးေတာ္ေဆာင္အဖဲြ႔က ဦးလမိုင္ဂြမ္ဂ်ာက ေျပာပါတယ္။

KIA ဗဟုိရဲ့ ခြင့္ျပဳခ်က္နဲ႔ ရဲတပ္ဖဲြ႔ဝင္ ၃ ေယာက္ကို ဖားကန္႔ေဒသအေျခစိုက္KIA တပ္ရင္း (၆) ကို သြားေရာက္ေခၚေဆာင္ေနၿပီျဖစ္ေၾကာင္းနဲ႔ ည (၈) နာရီေလာက္ဆုိ ျပန္လြတ္လာဖြယ္ရိွတယ္-လုိ႔ ဦးလမုိင္ဂြမ္ဂ်ာက ေျပာသြားပါတယ္။ ဖားကန္႔ေဒသမွာ အစိုးရတပ္နဲ႔ KIA အၾကား ဒီကေန႔ တုိက္ပဲြေတြၿငိမ္သက္ေနတယ္လည္း ေျပာပါတယ္။

ေလးရက္ၾကာျဖစ္ပြားခဲ့တဲ့ တုိက္ပဲြကာလအတြင္းမွာ အစိုးရတပ္က လက္နက္ႀကီးနဲ႔ပစ္ခတ္တာေတြ၊ စခန္းသိမ္းထိုးစစ္ဆင္တာေတြ ရိွခဲ့သလို KIA ဖက္က လံုးခင္းရဲစခန္းအပါအဝင္ ေနရာတခ်ဳိ႕ကို လက္ပစ္ဗံုးနဲ႔တုိက္ခုိက္တာ၊ တံတား (၅) စင္းေလာက္ကို မီး႐ိႈ႕ဖ်က္ဆီးခဲ့ေၾကာင္းနဲ႔ တခ်ိန္တည္းမွာပဲ ေအာင္ဘာေလအပါအဝင္ ရြာ ၃ ရြာေလာက္က ေထာင္နဲ႔ခ်ီတဲ့ အရပ္သားေတြကို စစ္ေဘးလြတ္ရာ ေရႊ႕ေျပာင္းဖုိ႔ ဘာသာေရး လူမႈေရးအသင္းအဖဲြ႔ေတြက ေဆာင္ရြက္ေနတာကို အစိုးရတပ္က ျငင္းပယ္ေနေၾကာင္း သတင္းေတြလည္း ထြက္ေပၚခဲ့ပါတယ္။

တ႐ုတ္အစိုးရပိုင္ ဂလိုဘယ္လ္တိုင္းမ္စ္ သတင္းစာမွာေတာ့ ပိတ္မိေနတဲ့ ေထာင္နဲ႔ခ်ီတဲ့အရပ္သားေတြၾကားမွာ တ႐ုတ္အမ်ဳိးသားေက်ာက္ကုန္သည္နဲ႔ ေက်ာက္တူးသူ ရာနဲ႔ခ်ီပါဝင္ေၾကာင္း ေဖာ္ျပပါတယ္။

ျမန္မာၿငိမ္းခ်မ္းေရးစင္တာ MPCက အႀကီးတန္းအႀကံေပးဦးလွေမာင္ေရႊကေတာ့ရဲတပ္ဖဲြ႔ဝင္ ၃ ဦးကို ျပန္လႊတ္ေပးခဲ့ၿပီးေနာက္မွာ ႏွစ္ဖက္ အၾကား ေဆြးေႏြးၿပီးရက္ဆက္ဆုိသလုိ ျဖစ္ပြားေနတဲ့ တုိက္ပဲြေတြရပ္ဆုိင္းႏုိင္မယ္လုိ႔ သံုးသပ္ပါတယ္။

“အဲဒီမွာ ပဋိပကၡ ညႇိႏႈိင္းေျဖရွင္းေရးအဖဲြ႔က စာတစ္ေစာင္ကိုေတာ့ ဝန္ႀကီးဦးေအာင္မင္းတို႔ဆီ ပို႔ထားတာ ေတြ႔ပါတယ္။ အဲဒီ ျပည္နယ္အစိုးရကိုပို႔တယ္။ ဦးေအာင္မင္းတုိ႔ကိုလည္း ပို႔ထားတယ္။ အဲဒီစာအရဆိုရင္ က်ေနာ္တို႔ဘက္ကလည္း ရဲ (၃) ေယာက္ကို လႊတ္ၿပီးသြားရင္ေတာ့ ပဋိပကၡညႇိႏႈိင္းေရးအဖဲြ႔နဲ႔ ေဆြးေႏြးပဲြေတြ ဆက္လုပ္ႏိုင္မယ္လို႔ေတာ့ က်ေနာတို႔ေတာ့ နားလည္ထားပါတယ္။”

ကခ်င္လြတ္လပ္ေရးအဖဲြ႔ KIO ရဲ့ နည္းပညာအႀကံေပးအဖဲြ႔ TATက ေျပာေရးဆုိခြင့္ရိွသူ ဦးေဒါင္ခါးကေတာ့ သူ႔အျမင္သေဘာထားကို အခုလို ေျပာပါတယ္။

“ဥ႐ုေခ်ာင္းဖ်ား အေနာက္ဘက္ျခမ္းကို အစိုးရတပ္ေတြ တပ္ျပန္ဆုတ္သြားရင္ ဒါ အေနအထားတခု ရပ္သြားၿပီ။ အခု ဒီမွာ ပဋိပကၡ ညႇိႏႈိင္းေျဖရွင္းေရး အဖဲြ႔လည္း ရွိတယ္။ က်ေနာ္တုိ႔ TAT လည္းရွိတယ္။ ဒီျပင္ PCG လည္းရွိတယ္။ ၿပီးရင္ NCCT ေတြလည္းရွိတယ္။ ဒီလုိ ၾကားထဲမွာ လုပ္ေဆာင္ေနတဲ့ အဖဲြ႔အစည္းအႀကီးႀကီးေတြ ရွိရဲ႕သားနဲ႔ ဒီလမ္းေၾကာင္းကေန မသြားဘဲနဲ႔ အင္အားသံုး ေျဖရွင္းမယ္ဆိုတဲ့ ဒီသေဘာထားေတြကို၊ ရည္ရြယ္ခ်က္ေတြကို က်ေနာ္တို႔က မႀကိဳက္ဘူးဗ်ာ။ ျဖစ္တာေတာ့ ျဖစ္ခဲ့ေပမယ့္ ေျဖရွင္းမယ့္အပိုင္းေတြကို နည္းလမ္းရွိတယ္၊ လမ္းေၾကာင္းရွိတယ္။ ဒီလမ္းေၾကာင္းေတြကို ဥပကၡာျပဳၿပီးေတာ့ စစ္အင္အားနဲ႔ပဲ ေျဖရွင္းမယ္ဆိုတဲ့ကိစၥကို က်ေနာ္တို႔က ဘဝင္မက်ဘူးဗ်။”

ဦးေဒါင္ခါးက ဖားကန္႔ေဒသတုိက္ပဲြမွာ အစိုးရတပ္က ဓာတုလက္နက္လို႔ယူဆႏုိင္တဲ့ လက္နက္ အသံုးျပဳတုိက္ခုိက္တာရိွေၾကာင္း ေျပာေပမဲ့ သီးျခားအတည္ျပဳခ်က္ေတာ့ မရပါဘူး။

ေလာေလာဆယ္ ဖားကန္႔ေဒသမွာျဖစ္တဲ့ တုိက္ပဲြေတြေၾကာင့္ အစိုးရနဲ႔ တုိင္းရင္းသားလက္နက္ကိုင္အဖဲြ႔ေတြ ေဆြးေႏြးေနတဲ့ တႏုိင္ငံလံုး အပစ္အခတ္ ရပ္စဲေရးဆုိင္ရာ စာခ်ဳပ္ ခ်ဳပ္ဆုိေရးအတြက္ အဟန္႔အတားျဖစ္လာႏုိင္ေၾကာင္း သံုးသပ္တာေတြလည္း ရိွေနပါတယ္။

ဒီကေန႔မွာေတာ့ တုိင္းရင္းသားလက္နက္ကိုင္ အဖဲြ႔ေတြရဲ့ တႏုိင္ငံလံုးအပစ္အခတ္ရပ္စဲေရး ညႇိႏိႈင္းအဖဲြ႔ NCCT အစည္းအေဝးကုိ ထိုင္းႏုိင္ငံမွာ က်င္းပ ေနၿပီး ဒီအစည္းအေဝးက ျပည္ေထာင္စုၿငိမ္းခ်မ္းေရးေဖာ္ေဆာင္ေရးလုပ္ငန္းေကာ္မတီ UPWC နဲ႔ ထပ္မံေတြ႔ဆံုေရးကို ဆံုးျဖတ္ဖြယ္ ရိွေနပါတယ္။

ၿပီးခဲ့တဲ့ ဒီဇင္ဘာလက UPWC နဲ႔ NCCT တို႔ ေဆြးေႏြးပဲြမွာေတာ့ လာမယ့္ ျပည္ေထာင္စုေနမွာ တျပည္လံုးအပစ္ရပ္စဲေရးစာခ်ဳပ္ကို လက္မွတ္ ေရးထုိးႏုိင္ဖြယ္ရိွတယ္လုိ႔ သတင္းထုတ္ျပန္ထားပါတယ္။

ကုိမိုးေဇာ္ / ဗီြအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com/content/kia-and-myanmar-army-talk-to-releas-3-police-officials-/2604385.html
,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,
ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA က ဖမ်းဆီးသွားတဲ့ လုံခြံုရေး ရဲတပ်ဖွဲ့ဝင် ၃ ဦးလွတ်မြောက်ရေးဖို့ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့က KIA တပ်ရင်း (၆) ကို သွားရောက်ခေါ်ဆောင်နေပြီး ဒီကနေ့ညပိုင်းမှာ လွတ်မြောက်လာနိုင်ဖွယ်ရှိနေပါတယ်။ မြန်မာငြိမ်းချမ်းရေးစင်တာက အကြီးတန်း အကြံပေးက တော့ ရဲတပ်ဖွဲ့ဝင် ၃ ဦးလွတ်မြောက်လာရင် နှစ်ဖက်အကြား တိုက်ပွဲတွေ ရပ်ဆိုင်းနိုင်မယ်လို့လည်း မျော်လင့်ကြောင်း ပြောပါတယ်။ ဖားကန့်ဒေသနဲ့ ပတ်သက်တဲ့ နောက်ဆုံးအခြေအနေကို ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး မိုးကောင်း၊ ကာမိုင်း၊ ဖားကန့်လမ်းကြောင်းကို ကြည့်ရှုစစ်ဆေးစဥ် လမ်းခရီးမှာ KIA က တားဆီးပြီး လုံခြံုရေးရဲတပ်ဖွဲ့ဝင် ၃ ယောက်ကို ဖမ်းဆီးခဲ့တဲ့နောက် ဖားကန့်ဒေသမှာ ဒီလ ၁၅ ရက်နေ့ မနက်အစောပိုင်းမှာ အစိုးရတပ်နဲ့ ကချင်တပ်ဖွဲ့အကြား တိုက်ပွဲတွေ စတင်ခဲ့ပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့ (၅) ရက်မြောက်နေ့မှာတော့ ရဲတပ်ဖွဲ့ဝင်တွေ ပြန်လည်လွတ်မြောက်ရေးအတွက် သွားရောက်ခေါ်ဆောင်နေပြီလို့ ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့က ဦးလမိုင်ဂွမ်ဂျာက ပြောပါတယ်။

KIA ဗဟိုရဲ့ ခွင့်ပြုချက်နဲ့ ရဲတပ်ဖွဲ့ဝင် ၃ ယောက်ကို ဖားကန့်ဒေသအခြေစိုက်KIA တပ်ရင်း (၆) ကို သွားရောက်ခေါ်ဆောင်နေပြီဖြစ်ကြောင်းနဲ့ ည (၈) နာရီလောက်ဆို ပြန်လွတ်လာဖွယ်ရှိတယ်-လို့ ဦးလမိုင်ဂွမ်ဂျာက ပြောသွားပါတယ်။ ဖားကန့်ဒေသမှာ အစိုးရတပ်နဲ့ KIA အကြား ဒီကနေ့ တိုက်ပွဲတွေငြိမ်သက်နေတယ်လည်း ပြောပါတယ်။

လေးရက်ကြာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကာလအတွင်းမှာ အစိုးရတပ်က လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ၊ စခန်းသိမ်းထိုးစစ်ဆင်တာတွေ ရှိခဲ့သလို KIA ဖက်က လုံးခင်းရဲစခန်းအပါအဝင် နေရာတချို့ကို လက်ပစ်ဗုံးနဲ့တိုက်ခိုက်တာ၊ တံတား (၅) စင်းလောက်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းနဲ့ တချိန်တည်းမှာပဲ အောင်ဘာလေအပါအဝင် ရွာ ၃ ရွာလောက်က ထောင်နဲ့ချီတဲ့ အရပ်သားတွေကို စစ်ဘေးလွတ်ရာ ရှေ့ပြောင်းဖို့ ဘာသာရေး လူမှုရေးအသင်းအဖွဲ့တွေက ဆောင်ရွက်နေတာကို အစိုးရတပ်က ငြင်းပယ်နေကြောင်း သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

တရုတ်အစိုးရပိုင် ဂလိုဘယ်လ်တိုင်းမ်စ် သတင်းစာမှာတော့ ပိတ်မိနေတဲ့ ထောင်နဲ့ချီတဲ့အရပ်သားတွေကြားမှာ တရုတ်အမျိုးသားကျောက်ကုန်သည်နဲ့ ကျောက်တူးသူ ရာနဲ့ချီပါဝင်ကြောင်း ဖော်ပြပါတယ်။

မြန်မာငြိမ်းချမ်းရေးစင်တာ MPCက အကြီးတန်းအကြံပေးဦးလှမောင်ရှေကတော့ရဲတပ်ဖွဲ့ဝင် ၃ ဦးကို ပြန်လှတ်ပေးခဲ့ပြီးနောက်မှာ နှစ်ဖက် အကြား ဆွေးနွေးပြီးရက်ဆက်ဆိုသလို ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေရပ်ဆိုင်းနိုင်မယ်လို့ သုံးသပ်ပါတယ်။

“အဲဒီမှာ ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေးအဖွဲ့က စာတစ်စောင်ကိုတော့ ဝန်ကြီးဦးအောင်မင်းတို့ဆီ ပို့ထားတာ တွေ့ပါတယ်။ အဲဒီ ပြည်နယ်အစိုးရကိုပို့တယ်။ ဦးအောင်မင်းတို့ကိုလည်း ပို့ထားတယ်။ အဲဒီစာအရဆိုရင် ကျနော်တို့ဘက်ကလည်း ရဲ (၃) ယောက်ကို လှတ်ပြီးသွားရင်တော့ ပဋိပက္ခညှိနှိုင်းရေးအဖွဲ့နဲ့ ဆွေးနွေးပွဲတွေ ဆက်လုပ်နိုင်မယ်လို့တော့ ကျနောတို့တော့ နားလည်ထားပါတယ်။”

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ရဲ့ နည်းပညာအကြံပေးအဖွဲ့ TATက ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးကတော့ သူ့အမြင်သဘောထားကို အခုလို ပြောပါတယ်။

“ဥရုချောင်းဖျား အနောက်ဘက်ခြမ်းကို အစိုးရတပ်တွေ တပ်ပြန်ဆုတ်သွားရင် ဒါ အနေအထားတခု ရပ်သွားပြီ။ အခု ဒီမှာ ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေး အဖွဲ့လည်း ရှိတယ်။ ကျနော်တို့ TAT လည်းရှိတယ်။ ဒီပြင် PCG လည်းရှိတယ်။ ပြီးရင် NCCT တွေလည်းရှိတယ်။ ဒီလို ကြားထဲမှာ လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းအကြီးကြီးတွေ ရှိရဲ့သားနဲ့ ဒီလမ်းကြောင်းကနေ မသွားဘဲနဲ့ အင်အားသုံး ဖြေရှင်းမယ်ဆိုတဲ့ ဒီသဘောထားတွေကို၊ ရည်ရွယ်ချက်တွေကို ကျနော်တို့က မကြိုက်ဘူးဗျာ။ ဖြစ်တာတော့ ဖြစ်ခဲ့ပေမယ့် ဖြေရှင်းမယ့်အပိုင်းတွေကို နည်းလမ်းရှိတယ်၊ လမ်းကြောင်းရှိတယ်။ ဒီလမ်းကြောင်းတွေကို ဥပက္ခာပြုပြီးတော့ စစ်အင်အားနဲ့ပဲ ဖြေရှင်းမယ်ဆိုတဲ့ကိစ္စကို ကျနော်တို့က ဘဝင်မကျဘူးဗျ။”

ဦးဒေါင်ခါးက ဖားကန့်ဒေသတိုက်ပွဲမှာ အစိုးရတပ်က ဓာတုလက်နက်လို့ယူဆနိုင်တဲ့ လက်နက် အသုံးပြုတိုက်ခိုက်တာရှိကြောင်း ပြောပေမဲ့ သီးခြားအတည်ပြုချက်တော့ မရပါဘူး။

လောလောဆယ် ဖားကန့်ဒေသမှာဖြစ်တဲ့ တိုက်ပွဲတွေကြောင့် အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ဆွေးနွေးနေတဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ စာချုပ် ချုပ်ဆိုရေးအတွက် အဟန့်အတားဖြစ်လာနိုင်ကြောင်း သုံးသပ်တာတွေလည်း ရှိနေပါတယ်။

ဒီကနေ့မှာတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ညှိနှိုင်းအဖွဲ့ NCCT အစည်းအဝေးကို ထိုင်းနိုင်ငံမှာ ကျင်းပ နေပြီး ဒီအစည်းအဝေးက ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC နဲ့ ထပ်မံတွေ့ဆုံရေးကို ဆုံးဖြတ်ဖွယ် ရှိနေပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလက UPWC နဲ့ NCCT တို့ ဆွေးနွေးပွဲမှာတော့ လာမယ့် ပြည်ထောင်စုနေမှာ တပြည်လုံးအပစ်ရပ်စဲရေးစာချုပ်ကို လက်မှတ် ရေးထိုးနိုင်ဖွယ်ရှိတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ကိုမိုးဇော် / ဗွီအိုအေ (မြန်မာပိုင်း)

No comments:

Post a Comment