Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, January 17, 2015

လုံးခင်းရဲစခန်းအား KIA တိုက်ခိုက်ခံရမှုတွင် ဒဏ်ရာရရှိသူများအနက် နှစ်ဦးစိုးရိမ်ရ အခြေအနေကြောင့် မြစ်ကြီးနားဆေးရုံသို့ ဆက်လက်ပို့ဆောင်




Sunday, January 18, 2015
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ၊ ရပ်ကွက်(၁)ရှိ လုံးခင်းနယ်မြေရဲစခန်းအား ဇန်န၀ါရီလ ၁၅ ရက်နေ့တွင် KIA တပ်ဖွဲ့ဝင်တစ်ဦးမှ လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ဒဏ်ရာရရှိသူ ၄ ဦးအနက် ၂ ဦးမှာ စိုးရိမ်ရအခြေအနေကြောင့် မြစ်ကြီးနားဆေးရုံသို့ ဆက်လက်ပို့ဆောင်ခဲ့ရကြောင်း ယင်းဒေသခံအချို့ ထံမှသိရသည်။
အဆိုပါဗုံးခွဲတိုက်ခိုက်မှုတွင် ရဲတပ်ကြပ်ကြီး ကူရှင်ဖုန်အားရ်၏ ဇနီး ဒေါ်နန်းဆိုင်၊ သားဖြစ်သူ ဖုန်ဆိုင် ဖုန်အားရ်နှင့် တူဖြစ်သူ ဖုန်ဒီးအောင်၊ ရဲတပ်ကြပ် စောထွန်းအောင်၏ဇနီး ဒေါ်ခိုင်ဇာမြင့်တို့ ၄ ဦးတွင် ဗုံးစ ထိမှန်၍ အသီးသီးဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
“မနန်းဆိုင်နဲ့ ဖုန်းဒီးအောင်တို့ ၂ ယောက်က မသက်သာတဲ့အတွက် မြစ်ကြီးနားဆေးရုံကို ပို့ဆောင် ဆေးကုသနေပါတယ်၊ လက်ရှိ ဆေးရုံမှာတော့ ၂ ယောက်ကျန်တာပေါ့၊ သူတို့အခြေအနေကိုလည်း စောင့်ကြည့်နေပါတယ်”ဟု လုံးခင်းပြည်သူ့ဆေးရုံမှ တာဝန်ကျဆရာဝန်တစ်ဦးကပြောသည်။
ကချင်ပြည်နယ်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့်အဖွဲ့အား KIA အဖွဲ့မှ ဝှေလုံ-ဝှေခါ-ညောင်ပင် လမ်းပိုင်းတွင် တားဆီးပြီး ရဲတပ်ဖွဲ့ဝင် (၃)ဦးအား ကြိုးတုပ်ဖမ်းဆီးသွားမှုဖြစ်စဉ်အပြီး ဆက်တိုက်ဆိုသလို တိုက်ပွဲများ ဖြစ်ပွားလာခဲ့သည်ဟု ဒေသခံတစ်ဦးက ဆိုသည်။
“ဖမ်းထားတဲ့ရဲတပ်ဖွဲ့ဝင် ၃ ဦးကိုလည်း ပြန်လွှတ်မပေးသေးဘူး၊ ရဲစခန်းကိုပါလာပြီး ဗုံးခွဲတာကတော့ တရားလွန်သွားပြီလို့ပဲ ပြောချင်တယ်၊ ရဲဝန်ထမ်းတွေနဲ့ သူတို့မိသားစုတွေအပေါ် KIA က ပစ်မှတ်ထားသလို ဖြစ်နေတယ်၊ အဲဒီပြဿနာကို အမြန်ဆုံးအဆုံးသတ်ပေးဖို့လိုပါတယ်”ဟု လုံးခင်းရဲစခန်းမှ မိသားစုဝင် တစ်ဦးကပြောသည်။
“အခုဖြစ်စဉ်အားလုံးကိုကြည့်ရင် KIA က တရားခံပါ၊ ရဲဝန်ထမ်းတွေကိုဖမ်းတာ၊ ပြည်နယ်ဝန်ကြီးကို တားဆီးတာတွေဟာ လုံးဝခွင့်မလွှတ်သင့်တဲ့အမှားပါ၊ အခုအချိန်အထိ ပြန်မလွှတ်သေးဘူးလို့ သိရတယ်၊ ဥပဒေဆိုတာဘယ်မှာလဲ၊ ဒေသခံတွေနဲ့ အစိုးရ၀န်ထမ်းတွေရဲ့ လုံခြုံရေးဘယ်မှာလဲလို့ပဲ မေးချင်ပါတယ်” ဟု ဖားကန့်မြို့ခံ အစိုးရ၀န်ထမ်းတစ်ဦးက ပြောကြားသွားခဲ့သည်။
KIA အဖွဲ့မှ ဖားကန့်မြို့ နယ်၊ လုံးခင်းရဲစခန်းအတွင်းသို့ မိုင်းခွဲတိုက်ခိုက်ခဲ့ရာတွင် ဒဏ်ရာရရှိသူများ
ဇော်ဆိုင်း
Kachin Daily News

No comments:

Post a Comment