Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 20, 2015

ISIS က ဂျပန်ဓါးစားခံ ၂ဦးအတွက် ဒေါ်လာ သန်း ၂၀၀ တောင်းဆို


၇၂ နာရီ အတွင်း ဒေါ်လာသန်း ၂၀၀ဖြင့် မရွေးပါက ဂျပန်ဓါးစာခံ၂ဦးအား သတ်ပစ်မည်ဟု ခြိမ်းခြောက် သည့် ဗီဒီယိုကို IS အဖွဲ့မှ ယနေ့ ထုတ်လွှင့် ခဲ့သည်။

ဓါးစာခံ ၂ဦးမှာ အလွတ်တန်း ဂျာနယ်လစ် ကန်ဂျီဂိုတိုနှင့် ပုဂ္ဂလိက လုံခြုံရေး ကုမ္ဗဏီ ကန်ထရိုက်တာ ဟာရုနယူကာဝါ တို့ဖြစ်ကြောင်း စစ်သွေးကြွများက ပြောသည်။

ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဌာန လက်အောက်ရှိ အကြမ်းဖက်တိုက်ဖျက်ရေးဌာန က ဗီဒီယိုကို ကြည့်ရှုပြီးဖြစ်၍ လေ့လာဆန်းစစ်မှုများ ပြုလုပ်လျက်ရှိကြောင်း အရာရှိတဦးက ပြောသည်။ ဌာနစည်းကမ်းက ၎င်း၏အမည်ကို ထုတ်ဖော်ပြောကြားခွင့် မပြုချေ။

IS အဖွဲ့၏ မီဒီယာလက်ရုံးဖြစ်သည့် al-Furqan က ရိုက်ကူးယူပြီး ၎င်းတို့နှင့် အဆက်အစပ်ရှိသည့် ၀က်ဘ်ဆိုက်ဒ်များပေါ်သို့လွှင့်တင်ခဲ့သော အဆိုပါရုပ်သံဖိုင်မှ ခြိမ်းခြောက်စကားဆိုသူသည် အခြားခေါင်းဖြတ်သတ်မှုများ ကျုးလွန်ခဲ့သူ ဗြိတိန်နိုင်ငံသားပင် ဖြစ်ဟန်တူသည်။

IS ကို ဆန့်ကျင်တိုက်ခိုက်နေသည့် အနောက်အုပ်စုကို ဂျပန်နိုင်ငံက ထောက်ပံ့သည့်အတွက် ဂျပန်များသည်လည်း ၎င်းတို့၏ ပစ်မှတ်ဖြစ်လာကြောင်း အဆိုပါစစ်သွေးကြွက ဗြိတိန်လေသံဖြင့်ပြောသည်။

ဗီဒီယိုတွင် “သင်တို့ဟာ ကျွန်ုပ်တို့ရဲ့ မိန်းမနဲ့ ကလေးတွေကို သတ်ဖြတ်ဖို့ အိမ်ယာတွေဖျက်ဆီးဖို့အရေးမှာ ဂုဏ်ယူဝင့်ကြွားစွာနဲ့ ဒေါ်လာသန်း ၁၀၀ လှူတယ်။”ဟု ၎င်းက ပြောသည်။

အမေရိကန်ဓါးစာခံ ဂျိမ်းစ်ဖိုလီနှင့် စတီဗင်ဆော့တ်လော့ဖ်၊ ဗြိတိန်ဓါးစာခံ ဒေးဗစ်ဟန်းနင်း တို့အား လည်လှီးကွပ်မျက်သသည်မှာလည်း အဆိုပါ ဗြိတိန်လေသံပေါက် ဂျီဟတ်ဝါဒီပင် ဖြစ်သည်။

ဂျပန်နိုင်ငံသား ယာကူဝါသည် ပြီးခဲ့သည့် သြဂုတ်လက ဆီးရီးယားနိုင်ငံတွင် ပြန်ပေးစွဲခံခဲ့ရခြင်းဖြစ်သည်ဟု ယူဆရပြီး မည်သည့်အကြောင်းကြောင့် ဆီးရီးယားနိုင်ငံသို့ သွားရောက်ခဲ့သည်ကို မသိရသေးပေ။ ဂျာနယ်လစ်ဖြစ်သူ ဂိုတိုသည် ပြည်တွင်းစစ်အကြောင်း သတင်းရေးသားရန် ဆီးရီးယားသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။

အမေရိကန်ဦးဆောင်သည့် ၂၀၀၄ခုနှစ် အီရတ်စစ်ပွဲအတွင်းကလည်း ဂျပန်နိုင်ငံသား ရှိုဆေအိခိုဒါဆိုသူ ခေါင်းဖြတ်သတ်ခံခဲ့ရသည်။ ဖြစ်ပွားနေသည့် ပဋိက္ခတွင် ဂျပန်နိုင်ငံ၏ပါဝင်မှုကြောင့် ကွပ်မျက်ခြင်းဖြစ်ကြောင်း စစ်သွေးကြွခေါင်းဆောင် အာဘူမူဆာအယ်လ်ဇာကာဝီက ထိုစဉ်က ပြောခဲ့သည်။

IS တို့သည် ယခုအချိန်အထိ ရာနှင့်ချီသော ဓါးစာခံများ အထူးသဖြင့် အီရတ်နှင့် ဆီးရီးယား စစ်သားများအား ခေါင်းဖြတ်သတ်ခြင်း၊ သေနတ်ဖြင့် ပစ်သတ်ခြင်းများ ကျုးလွန်ခဲ့ပြီးဖြစ်သည်။

Ref;Japan Times
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

No comments:

Post a Comment