Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, January 18, 2015

ဒဏ်ရာရ ISIS စစ်သွေးကြွများ အတွက် သွေးလှူရန် ဖိအားပေးမှုအပေါ် ထိန်းသိမ်းခံ ယာဇီဒီ အမျိုးသမီးများ ငြင်းဆန်



လန်ဒန် ၊ ၁၈-၁-၂၀၁၅

ISIS စစ်သွေးကြွ များ၏ ဖမ်းဆီး ထိန်းသိမ်းမှုကို ခံထားရသည့် ယာဇီဒီ အမျိုးသမီး များသည် ဒဏ်ရာရရှိ နေပြီး သွေးလိုအပ် နေသော ISIS စစ်သွေးကြွ များအား သွေးလှူဒါန်းရန် အတွက် အတင်းအကျပ် ဖိအားပေးခြင်း ခံနေရကြောင်း အဆိုပါ စစ်သွေးကြွ များလက်တွင်း မှ ထွက်ပြေး လွတ်မြောက် လာသည့် ဆယ်ကျော်သက် အရွယ် ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

မိမိတို့ သားအမိ နှစ်ဦးသည် ISIS စစ်သွေးကြွ များ၏ ဖမ်းဆီးမှုကို ၂၈ ရက်ကြာ ခံခဲ့ရကြောင်း၊ မိမိ၏ ခင်ပွန်း၊ မတ် နှင့် ယောက္ခမ တို့ကိုမူ ISIS စစ်သွေးကြွ များက သတ်ပစ်လိုက် ပြီဟု ယူဆရကြောင်း၊ ISIS စစ်သွေးကြွ များ သည် ၄င်းတို့ ဖမ်းဆီး ထားခဲ့သည့် ဓားစာခံ များကို အမျိုးသား၊ အမျိုးသမီး ဟူ၍ သီးခြားခွဲပြီး ဖမ်းဆီး ထားကြောင်း၊ ဖမ်းဆီးခံ ထားရသည့် အမျိုးသမီး များမှာ ISIS စစ်သွေးကြွ များ၏ နည်းလမ်း စုံသော အကြမ်းဖက် နှိပ်စက်မှုများကို ခံရကြောင်း၊ အသက် ၁၉ နှစ်အရွယ် ရှိ ဟမ်ရှီ က BBC သတင်းထောက် တစ်ဦးကို ပြောကြားခဲ့သည်။

ထို့အပြင် ISIS စစ်သွေးကြွ များသည် ၄င်းတို့၏ ဒဏ်ရာရ တပ်ဖွဲ့ဝင်များ လိုအပ်သည့် သွေးများအတွက် ဖမ်းဆီး ထားသည့် အမျိုးသမီး များအား သွေးလှူဒါန်းရန် အတင်းအကျပ် ခိုင်းစေခဲ့ကြောင်း၊ ISIS စစ်သွေးကြွ များသည် ၄င်းတို့ ဖမ်းဆီးထားသည့် မိန်းကလေး များကို အဓမ္မ ကျင့်မှုများ ပြုလုပ်နေသည့် အပြင် ညှဉ်းပန်း နှိပ်စက်မှု များလည်း ပြုလုပ်ကြကြောင်း၊ ကလေးငယ် များကိုလည်း ၄င်းတို့၏ မိခင်များနှင့် သီးခြားစီ ခွဲထားကြောင်း ဟမ်ရှီ က ထပ်လောင်း ပြောကြား ခဲ့ကြောင်း သိရှိရသည်။

‪PyiChitThar‬
http://www.pyichitthar.com/2015/01/isis_63.html

No comments:

Post a Comment