Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 14, 2015

iPhone ကို ကျည်ကာလို ဝတ်ဆင်ကာ မှောင်ခိုတင်သွင်းလာခဲ့သူ ဖမ်းဆီးခံရ

နာမည်ကြီး လူသိများတဲ့ Apple ရဲ့ နောက်ဆုံးပေါ် iPhone 6 ၊ 6 Plus စတဲ့ ဖုန်းတွေကို တရုတ်နိုင်ငံမှာ ကျယ်ကျယ်ပြန့်ပြန့်ရနိုင်ပေမယ့် ဒီစမတ်ဖုန်းတွေကို ပိုမိုဈေးနှုန်းချိုသာတဲ့ နှုန်းထားများနဲ့ ဝယ်ယူရရှိနိုင်ဖို့ အတွက် မှောင်ခိုဈေးကွက် လိုအပ်ချက်မြင့်မားလျက် ရှိနေဆဲဖြစ်ပါတယ်။
အဲဒီအချက်ကို ကောင်းကောင်းသိနေတဲ့ ဟောင်ကောင်အမျိုးသားတစ်ဦးက ကူးသန်းရောင်းဝယ်မှု ဆောင်ရွက်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် iPhone အလုံးရေ ၉၄ လုံးကို ခန္ဓာကိုယ်ပေါ် ရစ်ပတ်တွဲချိတ်ကာ မှောင်ခိုတင်သွင်းဖို့ကြိုးစားရာမှာ မအောင်မြင်ပဲ နယ်စပ်မှ ပြည်မကြီးထဲသို့ အရောက်မှာ အမိခံရပါတယ်။
ဒီ iPhone တွေကို သူ့ရဲ့ကိုယ်အတွင်းပိုင်း၊ ပေါင် ပတ်ပတ်လည် မှာ တိတ်ကြိုးပြားတွေနဲ့ အတူပူးတွဲချိတ်ကာ သံချပ်ကာကဲ့သို့ ဝတ်ဆင်ခဲ့ပါတယ်။ ဖုန်းတစ်လုံးချင်းစီကို ပလတ်စတစ်နဲ့ ထုပ်ပိုးထားပြီးနောက် အကြီးစားတိတ်နဲ့ နောက်ဆုံး တွဲကပ်ချည်ထား လိုက်ပါတယ်။  iPhone အမျိုးအစားတွေကတော့ 5s၊ 6 နဲ့ 6 Plus မော်ဒယ်လ် အမျိုးအစားတွေ ဖြစ်ပါတယ်။
ဒီလို ကုန်ပစ္စည်းမှောင်ခိုတင်သွင်းနည်းက အထူးအဆန်း မဟုတ်တော့တာကြောင့် အကောက်ခွန်အရာရှိတွေက သူ့အပြုအမူကို ချက်ချင်းရိပ်မိခဲ့တာပါ။ သူ့ရဲ့ တောင့်တင်းတင်း လွတ်လပ်မှုမရှိတဲ့ ကိုယ်လက်လှုပ်ရှားမှုတွေနဲ့ မူမမှန်တဲ့ လမ်းလျောက်မှု ပုံစံတွေကြောင့် အဖမ်းခံလိုက်ရပါတယ်။ သတ္တုရှာဖွေကိရိယာနဲ့ အစမ်းခံရပြီး ချက်ချင်းရှာဖွေစစ်ဆေးမှုဆောင်ရွက်ကာ iPhone အလုံးရည် တစ်ရာနီးပါး ရှာတွေ့ခဲ့ပါတယ်။ ဒီဖုန်းတွေကိုတော့ အကောက်ခွန်မှ ဖမ်းဆီး သိမ်းယူထားကြောင်း သိရပါတယ်။
ဟောင်ကောင်မှာထက် လက်လီရောင်းမယ်ဆိုရင် ဈေးပိုရနိုင်တာကြောင့် တရုတ်ပြည်မကြီးကို ပို့ပြီး iPhone မှောင်ခိုကူးသန်းရောင်းဝယ်ခြင်းက ခေတ်စားတဲ့ မှောင်ခိုဈေးကွက်တစ်ခုဖြစ်ပါတယ်။ ဒီအချက်ကြောင့် အာရှတိုက်မှာ စမတ်ဖုန်းတွေကို ခြံစည်းရိုးကျော် မှောင်ခိုတင်သွင်းဖို့ လွယ်ကူစေပြီး စွန့်စားလိုသူတွေအတွက် အလားအလာကောင်း တစ်ခုဖြစ်နိုင်ကြောင်း CNBC ရဲ့အစီရင်ခံစာတစ်ခုအရ သိရပါတယ်။
Source: firsttoknow
http://www.trend.com.mm/2015/01/13/news-5475

No comments:

Post a Comment