Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, January 10, 2015

ဗိုလ်ချုပ်ကိုယ်ရေး အရာရှိအဖြစ် Home Arts သင်တန်းသားနှစ်ဦး သရုပ်ဆောင်မည်

ထူးထူး
ရန်ကုန်၊ ဇန်နဝါရီ ၂
ဗိုလ်ချုပ်နှစ်တစ်ရာပြည့် ရုပ်ရှင်စမ်းသပ်ရိုက်ကွင်းတွင် Home Arts မှသင်တန်းသားနှစ်ဦးက ဗိုလ်ချုပ်၏ ကိုယ်ရေးအရာရှိများအဖြစ် ပါဝင်ရိုက် ကူး ခွင့်ရသည်ဟုသိရသည်။ ဗိုလ်ချုပ်၏ကိုယ်ရေးအရာရှိများဖြစ်သော ဗိုလ်လက်ျာ နှင့်ဗိုလ်ထွန်းလှနေရာတွင် ပါဝင်ရိုက်ကူးခွင့်ရခဲ့ခြင်းဖြစ်သည်။ ဗိုလ် လက်ျာအဖြစ်ပါဝင်သူ သားသားက ”ဗိုလ်လက်ျာနဲ့ ပတ်သက်တဲ့သမိုင်းတွေကို ရှာဖွေ ပြီးဖတ်ရတယ်။ ပထမဆုံးအတွေ့ အကြုံဖြစ်တဲ့အတွက် အ မှားတွေများလိမ့်မယ်။ မမှားအောင် သေချာ ဂရုစိုက်ဖြစ်တယ်” ဟု ပြောသည်။
တစ်နိုင်ငံလုံးက စိတ်ဝင် တစားစောင့်ကြည့်သည့် ဇာတ်ကား ဖြစ်၍ ပါဝင်သရုပ်ဆောင်ခွင့် ရသည်ကို ပီတိဖြစ်ကြောင်း၊ ပရိ သတ်များ၏ ဝေဖန် မှုများကို လည်း သိချင်ကြောင်း ၎င်းကပြောသည်။ အဆိုပါ စမ်းသပ်ရိုက်ကူး ခြင်းကို ၂ဝ၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။ အောင်ဆန်းဇာတ်ကားတွင် ဗိုလ်ထွန်းလှနေရာ၌ပါဝင်သည့် အခြားသင်တန်းသားတစ်ဦး ဖြစ် သူ နိုင်ဝင်းက ”မမျှော်လင့်ဘဲ ပါဝင်ခဲ့ရတယ်။ ဗိုလ် ထွန်းလှနဲ့ ပတ်သက်တဲ့သမိုင်းကိုလည်း တော်တော်ကိုပြန် လေ့လာဖြစ်တယ်။ ကျွန်တော့်အတွက် စိန်ခေါ် မှုတွေအများကြီးကိုလည်း ကြုံခဲ့တယ်။ ပရိသတ်တွေအဆင်ပြေ ပါ့မလား၊ ရိုက်ကွင်းမှာ အဆင်ပြေပါ့မလား စိတ်ဖိစီးမှုတွေကိုလည်း ခံစားရတယ်။ ကြောက်တာကိုး” ဟု ရိုက် ကူးရေး အတွေ့အကြုံကို ပြောပြခဲ့သည်။ ဗိုလ်ချုပ်ရုပ်ရှင် ဇာတ်ကားမှ ဇာတ်ဝင်ခန်းလေး ခန်းကို လာမည့်ဗိုလ်ချုပ် နှစ် တစ်ရာပြည့်တွင် ရုပ်သံမှ တစ်ဆင့် ထုတ်လွှင့် ပြသမည်ဖြစ်သည်။ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ဝင်ခန်း များ စတင်ရိုက်ကူးမှုကို ၂ဝ၁၄ အောက်တိုဘာလ ၂၁ ရက်နေ့ တွင် ပြုလုပ်ခဲ့ပြီး လက်ရှိ တွင် ဇာတ်ဝင်ခန်းသုံးခန်း ရိုက်ကူးပြီး ကြောင်း သိရသည်။

No comments:

Post a Comment