Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 16, 2015

ဘာလင်လူနာ HIV ပိုးကို ကုသပျောက်ကင်းသွားသော ကမ္ဘာ့ပထမဆုံးလူသား ဖြစ်လာ


Friday, January 16, 2015
HIV ပိုး ကူးစက်ခံခဲ့ရပြီး ကမ္ဘာပေါ်တွင် ပထမဦးဆုံး ကုသ ပျောက်ကင်းသွားသော အမျိုးသားတစ်ဦး၏ အကြောင်းကို မီဒီယာများ တွင် ရေပန်းစားနေသော သတင်းထွက်ပေါ်လာခဲ့သည်။
အဆိုပါအမျိုးသားမှာ ဂျာမနီနိုင်ငံမှတင်မိုသီရေးဘရောင်းဆိုသူ ဖြစ်၍ ဗီဇဆဲလ် လွှဲပြောင်းကုသမှု (Stem Cell Transplant ) ကုထုံးဖြင့် အောင်မြင်သွားခဲ့ခြင်းဖြစ်သည်။
မလွဲမသွေသေရွာသွားရမည့်ဝေဒနာတစ် ရပ်မှ ပထမဦးဆုံး လွတ်မြောက်သွားသူ အဖြစ် မှတ်တမ်းဝင်သွားခဲ့သည့် မစ္စတာတင်မိုသီအား သတင်းလောကတွင် ဘာလင်လူနာ (Berlin Patient)ဟု လူသိများခဲ့ပြီး ယခင် ၂ဝဝ၇ ခုနှစ်ကစတင်၍ ဗီဇဆဲလ်လွှဲ ပြောင်းမှုကုထုံးဖြင့် ကုသမှုခံယူခဲ့ခြင်းဖြစ်သည်။
ယင်းသည် ဘာလင်တက္ကသိုလ်သို့ တက်ရောက်နေစဉ် ၁၉၉၅ ခုနှစ် မှစတင် ၍ HIV ပိုး စွဲကပ်နေကြောင်း တွေ့ရှိခဲ့ ခြင်းဖြစ်သည်။
တင်မိုသီအား HIV ပိုး ကူးစက်ခံရသောဝေဒနာဆိုးမှ အောင်မြင်စွာ ကယ်တင်နိုင်ခဲ့ပုံအား AIDS Research and Human Reto-viruses ဂျာနယ်၌ အသေးစိတ် အကျယ်တဝင့်ဖော်ပြထားသည်။
Ref : AP
TheYangonTimes

No comments:

Post a Comment