Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, January 26, 2015

အီရတ် ဝန်ကြီးချုပ် Haider al-Abadi မေတ္တာ ရပ်ခံ


အီရတ် ဝန်ကြီးချုပ် Haider al-Abadi က လူတွေ ပျော်ရွှင်မှုကို ပြသတဲ့ အနေနဲ့ သေနတ်တွေကို မိုးပေါ်ထောင် ပစ်မယ့် အစား တခြား နည်းလမ်းကို ရွေးကြပါလို့ တိုက်တွန်းလိုက် ပါတယ်။
ပြီးခြတဲ့ သောကြာနေ့က အာရှ ဖလား ဘောလုံးပြိုင်ပွဲ ကွာတား ဖိုင်နယ်မှာ အီရန်ကို အီရတ်အသင်းက အနိုင် ရခဲ့တဲ့ အတွက် သေနတ် ပစ်ဖောက် အောင်ပွဲခံရာမှာ လူ ၂ ယောက် သေဆုံးပြီး ၉၀ နီးပါး ဒဏ်ရာ ရခဲ့ပြီးတဲ့ နောက်မှာ သူက အခုလို မေတ္တာ ရပ်ခံလိုက်တာ ဖြစ်ပါတယ်။
ဒီကနေ့ တောင်ကိုရီးယားနဲ့ ကန်တဲ့ ဆီမီး ဖိုင်နယ်မှာလည်း အလားတူ ဖြစ်ရပ်မျိုး ဖြစ်မှာ စိုးရိမ်ခဲ့ကြပါတယ်။ အဲဒီပွဲမှာတော့ အီရတ်က ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးခဲ့ပါတယ်။
BBC Burmese

No comments:

Post a Comment