Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 14, 2015

Golden Globes ဆုပေးပွဲမှာ Jennifer Lopez ရဲ့ ရင်သားတွေနဲ့ ပတ်သက်ပြီး နောက်ပြောင်ခဲ့တဲ့ Jeremy Renner

တစ်ခါတစ်ရံမှာတော့ အနုပညာ ရှင်တွေဟာ သာမန်လူတွေလိုပဲဆိုတာကို သိလိုက်ရတာဟာ သက်တောင့်သက်သာ ရှိစေပါတယ်။ သူတို့ဟာ အသင့်စား အစားအစာ တွေစားတယ်။သူတို့ဟာ ယာဉ်ကြောကျပ် ရင် စိတ်တိုတတ်တယ်။
ဒါပေမယ့် အားလုံးဟာ Gloden Globes ဆုပေးပွဲ မှာ Jennifer Lopez ရဲ့ ရင်သားတွေကို မပေါ်တပေါ် ဖော်ပြထားတဲ့ ဖက်ရှင်ကို တွေ့တော့ သက်တောင့်သက်သာ မရှိနိုင်တော့ပဲ နောက်ပြောင်ကြပါတော့တယ်။
ဒါကို အားလုံးနဲ့ ထပ်တူ ပြုလုပ်ခဲ့တာကတော့ Jeremy Renner ပါ။ Golden Globes ဆုပေးပွဲမှာ တော့ ဇာတ်လမ်းတို တွေအတွက် အကောင်းဆုံးတင်ဆက်မှု ဆုကို ကြေညာပေးဖို့ Jeremy Renner နဲ့ J.Lo တို့ဟာ တူတူ တင်ဆက်ခဲ့ရပါတယ်။
အဲဒီမှာ ဆုရသူအမည် ကို ထည့်သွင်းထားတဲ့ စာအိတ်ကို ဖွင့်ဖတ်ကြေညာပေးဖို့ အတွက် J.Lo က သူမမှာ လက်သည်း ရှိသည့်အတွက် ဖွင့်ပေးရမလားဟုမေးရာတွင် Jeremy Renner က နင့်မှာ ကမ္ဘာလုံးတွေလည်းရှိပါတယ်လို့ ပြန်လည်နောက်ပြောင်ခဲ့တာဖြစ်ပါတယ်။
သူတို့ ၂ ယောက်ကြေညာပေးခဲ့တဲ့ ဆုကိုတော့ Billy Bob Thornton က ရရှိခဲ့တယ်လို့သိရပါတယ်။
Ref:starpulse.com
http://www.trend.com.mm/2015/01/13/hollywood-5477

No comments:

Post a Comment