Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, January 26, 2015

မျှော်စင်ကျွန်းက ချယ်ရီ FM နှစ်ပတ်လည် IC ပွဲ ပရိသတ်ထောင်နဲ့ချီအားပေး


ချယ်ရီ FM လေးနှစ်ပြည့်အထိမ်းအမှတ်အဖြစ်နဲ့ ရန်ကုန်မြို့ မျှော်စင်ကျွန်းမှာ ကျင်းပခဲ့တဲ့ Iron Cross ရဲ့ဖျော်ဖြေပွဲကို ဇန်နဝါရီ ၂၅ရက်နေ့ညမှာတော့ ပရိသတ်ထောင်နဲ့ချီပြီး မျှော်လင့်ထားတဲ့ ပမာဏထက်ပိုပြီး တက်ရောက်အားပေးခဲ့ကြပါတယ်။ ချယ်ရီ FM နှစ်ပတ်လည်ပွဲ အောင်မြင်မှုစိုက်ထူနိုင်ခဲ့ရဲ့လား။
ချယ်ရီ FM ရဲ့နှစ်ပတ်လည်ဖျော်ဖြေပွဲတိုင်းကို ကျင်းပနေကျဖြစ်ပေမယ့် ရန်ကုန်မှာ အခုလို ခမ်းခမ်းနားနားကျင်းပတာ ပထမဆုံးဖြစ်ပြီး IC Showပွဲအတွက် လက်မှတ်တွေကို အခကြေးငွေနဲ့ရောင်းခဲ့တာမဟုတ်ဘဲ ချယ်ရီ FMပရိသတ်အတွက် လက်မှတ်တွေထုတ်ပေးခဲ့တာမို့ အခုလို အများကြီး အားပေးတာကို ဂုဏ်ယူမိတယ်လို့ ပြောလာသူက ချယ်ရီFM က ကိုမင်းသိဒ္ဓိပါ။
၂ဝ၁၅နှစ်သစ်မှာ ရန်ကုန်ပရိသတ်နဲ့ ပထမဆုံးတွေ့ဆုံခဲ့တဲ့ Iron Cross ရဲ့ မျှော်စင်ကျွန်းပွဲမှာတော့ အဆိုတော် လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ဝိုင်းဝိုင်းစတဲ့ ပင်တိုင်အဆိုရှင်တွေရဲ့ စည်းချက်ညီညီ တင်ဆက်မှုနဲ့အတူ ကွင်းပြည့်ကွင်းလျှံ ပရိသတ်တွေ အပေးအယူမျှမျှ အားပေးခဲ့ပါတယ်။ လေးဖြူက သူ့ရဲ့နောက်ဆုံးထုတ် ဒိုင်ယာရီအယ်လ်ဘမ်ထဲက စိတ်ပူတယ်နဲ့ ယုံကြည်ရာဆိုတဲ့ သီချင်းသစ်တွေကို သီဆိုခဲ့လို့ ပရိသတ်တွေ စိတ်ကျေနပ်မှုရခဲ့ပါတယ်။
IC ပွဲတိုင်း မလွတ်တမ်းအားပေးခဲ့တဲ့ အမာခံပရိသတ် အောင်းအောင်းက ဒီပွဲကိုအားပေးရတာကျေနပ်စရာကောင်းသလို အိုင်စီကို အမြဲအားပေးနေဦးမှာပါလို့ ဆိုပါတယ်။
ရွှေပြည်သာကနေ တကူးတကလာအားပေးတဲ့ ကိုနှင်းမိုးအောင်က စောဘွဲ့မှူးခေတ်ကတည်းက အိုင်စီကို အားပေးနေပြီး အိုင်စီအဖွဲ့ဟာ ပရိသတ်အတွက်အမြဲစဉ်းစားသလို ဂီတအပေါ်လည်း သစ္စာရှိကြသူတွေမို့ အောင်မြင်မှုကို အခုထိထိန်းထားနိုင်တာပါလို့ ဆိုပါတယ်။
http://kamayutmedia.com/video/entertainment/2816

No comments:

Post a Comment