သ႐ုပ္ေဆာင္ရန္ေအာင္ အေမြရထားသည့္ေျမကြက္ကို Father Land ဦးေက်ာ္ျမင့္ထံ ေရာင္းခ်ခဲ့ေသာ္လည္း ယခု အခ်ိန္အထိ ေငြေၾကး လက္ဝယ္ပိုင္ဆိုင္မႈ မရိွေသးသည့္ အတြက္ ေျဖရွင္းေပးရန္ သတင္းစာမွတစ္ဆင့္Father Land ကုမၸဏီသို႔ ေတာင္းဆိုထားေၾကာင္း ရန္ေအာင္က ဆုိသည္။
သ႐ုပ္ေဆာင္ရန္ေအာင္ စရန္ေပးေခ်ဝယ္ယူထားသည့္ တုိက္ခန္းကိုလည္း ယခုအခ်ိန္အထိFather Land ကုမၸဏီမွ ဦးေက်ာ္ျမင့္က ေဆာက္ လုပ္ေပးျခင္း မရိွေသးေၾကာင္း သိရ သည္။
”အစ္ကိုတုိ႔ကေတာ့ ဒီကိစၥေတြအတြက္ တရားစဲြတာမ်ဳိး မဟုတ္ပါဘူး။ Father Land အေနနဲ႔ ျပန္ေျဖရွင္းေပးပါဆုိၿပီး ေတာ့ ပထမအႀကိမ္ထည့္ တာ။ အစ္ကိုတုိ႔မွာ ေမာင္ႏွမေလး ေယာက္ရိွတယ္။ အစ္ကုိ႔နာမည္ နဲ႔ ေပါက္ထားတဲ့ေျမကြက္ကို Father Land ကို ေရာင္းတယ္။ ေရာင္းတဲ့ကာလ မွာ သူက လည္း တုိက္ခန္းကို ျပန္ဝယ္ေပးပါလို႔ ေတာင္းဆုိတာေၾကာင့္ အစ္ကိုကလည္း ဘုန္းႀကီးလမ္းက ေျမႀကီးမွာ ရွစ္ထပ္ေဆာက္ မွာကို အစ္ကိုက ၃ လႊာ A-B ႏွစ္ခန္း တဲြပါတဲ့တစ္လႊာ ယူထားလိုက္တယ္။ အစ္ကိုရဲ႕ အစ္ကုိနဲ႔ အစ္မေတြကလည္း တစ္လႊာစီယူၾကတယ္။ အဲဒီလို ယူတဲ့ဟာက အခန္းက တစ္ခန္းကို သိန္းတစ္ေထာင္ေက်ာ္စီ က်တာကိုး။ အဲဒီမွာတင္ သိန္းႏွစ္ေထာင္ကုိ စရန္အျဖစ္ ေပးထားခဲ့ရတာ။ အဲဒါေတြကို စုၿပီးေတာ့မွ က်န္တဲ့ေငြေတြကို အစ္ကုိတို႔ကို ေခ်ေပးတာေပါ့။တုိက္ခန္းအပ္ေတာ့မွ က်န္တဲ့အစြန္းထြက္ ငါးရာကုိ ထပ္ေပး ပါ။ ေသာ့အပ္ေတာ့မွ ႏွစ္ ခန္းေပါင္း ငါးရာကို ထပ္ေပးပါဆုိၿပီး စာခ်ဳပ္ထဲမွာ အကုန္ပါၿပီးသား။ စာခ်ဳပ္လည္း ခ်ဳပ္ထားၿပီး သား။ အဲဒီေျမကြက္မွာ ေဆာက္ဖို႔ကိုေပါ့” ဟု ရန္ေအာင္ က ေျပာသည္။
”Father Land အေနနဲ႔ ဒီကိစၥေတြကို ဘယ္လို ျပန္ေျဖ ရွင္းေပးမလဲဆုိၿပီး ေတာင္းဆုိတဲ့အေနနဲ႔ သတင္းစာထဲမွာ ထည့္ဖို႔လုပ္ခဲ့တာေပါ့။ ေခ်းထား တဲ့ေငြေၾကးထက္ကို အစ္ကို တုိ႔ေျမကြက္ ေရာင္းလိုက္ရ တဲ့ ပိုက္ဆံအတြက္ ဘယ္လိုျပန္လုပ္ေပးမလဲဆုိတာကိုပဲ ေတာင္းဆုိတာပါ။ သူတုိ႔က အား လံုးကို ျပန္ေျဖရွင္းေပးပါ့မယ္လို႔ေတာ့ ေျပာတယ္။ အဲ့ဒါလည္း ဟိုအရင္ကတည္းက ေျပာေနတာပါပဲ” ဟု ရန္ေအာင္ က ဆုိသည္။
သိမ္႕သိမ္႕
20 January 2015
- ဦး၀ီရသူကို ကမၻာ့မီဒီယာမ်ားက အစြန္းေရာက္ဘုန္းႀကီးဟု သံုးႏႈန္း
- ၇၂နာရီအတြင္းေဒၚလာသန္း၂၀၀ မရလွ်င္ ဂ်ပန္ႏုိင္ငံသားႏွစ္ဦးကို ေခါင္းျဖတ္သတ္ပစ္မယ္လို ့ ဂ်ပန္၀န္ၾကီးခ်ဳပ္ကို အစၥလာမၼစ္ႏိုင္ငံေတာ္လူသတ္သမားဂ်ီဟဒ္ဂြ်န္ရာဇသံေပး(ဗီဒီယုိ)
- အေမရိကန္ သမိုင္းမွာ အေက်ာ္ၾကားဆုံး စႏိုက္ပါသမား ေသနတ္ျဖင့္ ေသဆုံးခဲ့
- ေဆာ္ဒီတြင္ျမန္မာႏိုင္ငံသားအမ်ိဳးသမီးတစ္ဦးေခါင္းျဖတ္ကြပ္မ်က္ခံ၇(ဗီဒီယို)
- ဥာဏ္ရည္ထက္ျမက္တဲ့ကေလးေတြရခ်င္ရင္ေတာ့ဒီလိုအမ်ိဳးသမီးကိုရွာေဖြပါ။
- ကခ်င္ ေက်ာင္းဆရာမ ၂ ဦး အသတ္ခံရ
- ဗုဒၶဘာသာဘုန္းေတာ္ၾကီးတစ္ပါးရဲ ့ဖရုႆ ၀ါစာ
သရုပ်ဆောင်ရန်အောင် အမွေရထားသည့်မြေကွက်ကို Father Land ဦးကျော်မြင့်ထံ ရောင်းချခဲ့သော်လည်း ယခု အချိန်အထိ ငွေကြေး လက်ဝယ်ပိုင်ဆိုင်မှု မရှိသေးသည့် အတွက် ဖြေရှင်းပေးရန် သတင်းစာမှတစ်ဆင့်Father Land ကုမ္ပဏီသို့ တောင်းဆိုထားကြောင်း ရန်အောင်က ဆိုသည်။
သရုပ်ဆောင်ရန်အောင် စရန်ပေးချေဝယ်ယူထားသည့် တိုက်ခန်းကိုလည်း ယခုအချိန်အထိFather Land ကုမ္ပဏီမှ ဦးကျော်မြင့်က ဆောက် လုပ်ပေးခြင်း မရှိသေးကြောင်း သိရ သည်။
”အစ်ကိုတို့ကတော့ ဒီကိစ္စတွေအတွက် တရားစွဲတာမျိုး မဟုတ်ပါဘူး။ Father Land အနေနဲ့ ပြန်ဖြေရှင်းပေးပါဆိုပြီး တော့ ပထမအကြိမ်ထည့် တာ။ အစ်ကိုတို့မှာ မောင်နှမလေး ယောက်ရှိတယ်။ အစ်ကို့နာမည် နဲ့ ပေါက်ထားတဲ့မြေကွက်ကို Father Land ကို ရောင်းတယ်။ ရောင်းတဲ့ကာလ မှာ သူက လည်း တိုက်ခန်းကို ပြန်ဝယ်ပေးပါလို့ တောင်းဆိုတာကြောင့် အစ်ကိုကလည်း ဘုန်းကြီးလမ်းက မြေကြီးမှာ ရှစ်ထပ်ဆောက် မှာကို အစ်ကိုက ၃ လှာ A-B နှစ်ခန်း တွဲပါတဲ့တစ်လှာ ယူထားလိုက်တယ်။ အစ်ကိုရဲ့ အစ်ကိုနဲ့ အစ်မတွေကလည်း တစ်လှာစီယူကြတယ်။ အဲဒီလို ယူတဲ့ဟာက အခန်းက တစ်ခန်းကို သိန်းတစ်ထောင်ကျော်စီ ကျတာကိုး။ အဲဒီမှာတင် သိန်းနှစ်ထောင်ကို စရန်အဖြစ် ပေးထားခဲ့ရတာ။ အဲဒါတွေကို စုပြီးတော့မှ ကျန်တဲ့ငွေတွေကို အစ်ကိုတို့ကို ချေပေးတာပေါ့။တိုက်ခန်းအပ်တော့မှ ကျန်တဲ့အစွန်းထွက် ငါးရာကို ထပ်ပေး ပါ။ သော့အပ်တော့မှ နှစ် ခန်းပေါင်း ငါးရာကို ထပ်ပေးပါဆိုပြီး စာချုပ်ထဲမှာ အကုန်ပါပြီးသား။ စာချုပ်လည်း ချုပ်ထားပြီး သား။ အဲဒီမြေကွက်မှာ ဆောက်ဖို့ကိုပေါ့” ဟု ရန်အောင် က ပြောသည်။
”Father Land အနေနဲ့ ဒီကိစ္စတွေကို ဘယ်လို ပြန်ဖြေ ရှင်းပေးမလဲဆိုပြီး တောင်းဆိုတဲ့အနေနဲ့ သတင်းစာထဲမှာ ထည့်ဖို့လုပ်ခဲ့တာပေါ့။ ချေးထား တဲ့ငွေကြေးထက်ကို အစ်ကို တို့မြေကွက် ရောင်းလိုက်ရ တဲ့ ပိုက်ဆံအတွက် ဘယ်လိုပြန်လုပ်ပေးမလဲဆိုတာကိုပဲ တောင်းဆိုတာပါ။ သူတို့က အား လုံးကို ပြန်ဖြေရှင်းပေးပါ့မယ်လို့တော့ ပြောတယ်။ အဲ့ဒါလည်း ဟိုအရင်ကတည်းက ပြောနေတာပါပဲ” ဟု ရန်အောင် က ဆိုသည်။
သိမ့်သိမ့်
No comments:
Post a Comment