Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, January 17, 2015

Father Land ကုမ္ပဏီပိုင်ရှင်ဦးကျော်မြင့် ပြည်ပတွင် ရင်းနှီးမြှုပ်နှံမှုများရှိနိုင်ဟု သုံးသပ်မှုများရှိနေ



“သူ့မှာ ဆေး တမျိုးမျိုးများ ရှိလား မသိဘူး။ အဓိက ငွေရေးကြေးရေး ကူညီသူတွေက အမျိုး သမီးတွေများတယ်။ သိန်းတသောင်း လောက်လိုတယ်ဆိုလည်း ထုတ်ပေးကြ တာပဲ”
----- ----- ----- -----

လက်မှတ်အတု လိမ်လည်ရေးထိုးမှု နှင့် ငွေကြေးဆိုင်ရာ ပြဿနာများကြောင့် တရားရင်ဆိုင်နေရသော Father Land ကုမ္ပဏီပိုင်ရှင်ဦးကျော်မြင့်သည် ပြည်ပနိုင်ငံများ၌ ရင်းနှီးမြှုပ်နှံမှုများရှိနေနိုင်သည်ဟု ၎င်းနှင့်နီးစပ်သူ အမည်မဖော်လိုသူ တဦးက News Watch သို့ ပြောကြားလိုက်သည်။

ဦးကျော်မြင့်သည် ငွေကြေးကြွယ်ဝပြီး ရင်းနှီးသည့် မိတ်ဆွေများထံသို့ တိုက်ခန်းများ ဦးစားပေးရောင်းချခြင်းအပြင် ငွေ ကြေးချေးယူမှုများလည်း ရှိခဲ့သည်ဟု ၎င်းကဆိုသည်။ “သူ့သားသမီးတွေက နိုင်ငံခြားမှာ ပညာသင်နေတယ်။ သူ့ဇနီးလည်း အဲဒီမှာနေတယ်။ အစက ဂျာမနီမှာ သူ့သားသမီးတွေ ကျောင်းထားဖို့ ဂျာမနီ က လက်မခံဘူး။ ဒါကြောင့် တခြားနိုင်ငံမှာ ရှိနေပါတယ်”ဟု ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ပထမအပတ်တွင်လည်း ဦးကျော်မြင့်သည် ဘန်ကောက်သို့ ပတ်စပို့အတုတခုဖြင့် ခရီးထွက်ခဲ့ပြီး ဂျာမနီသို့သွားရန် ကြိုးပမ်းခဲ့သည်ဟု ရန်ကုန်မြို့တွင် နေထိုင်သည့် အမည်မဖော်လို သူတဦးက News Watch သို့ ပြောကြားခဲ့သည်။ “လတ်တလော အစ္စလာမ်အစွန်းရောက်ပြဿနာတွေကြောင့် သူဂျာမနီကိုသွားဖို့ အခက်အခဲဖြစ်နေတယ်။ အရင်ကတည်းက သူ့မှာအကြံအစည်ရှိပုံရတယ်”ဟု ပြောကြားခဲ့သည်။

၎င်းမှ ဆက်လက်၍ “သူ့မှာ ဆေး တမျိုးမျိုးများရှိလားမသိဘူး။ အဓိက ငွေရေးကြေးရေး ကူညီသူတွေက အမျိုး သမီးတွေများတယ်။ သိန်းတသောင်း လောက်လိုတယ်ဆိုလည်း ထုတ်ပေးကြတာပဲ၊ ခုဟာက လူရင်းတွေဖြစ်နေလို့ ပြောမကောင်းလို့ သူ့ကိုစောင့်ကြည့်နေတာ” ဟု ပြောကြားခဲ့သည်။

ယင်းကဲ့သို့ ငွေကြေးချေးယူမှုများထဲ၌ ၂၀၁၄ အောက်တိုဘာခန့်ကပင် ကျပ်သိန်း ထောင်ကြီးပိုင်း ချေးယူခဲ့သူများပင် ပါဝင်သည်ဟု ဆိုသည်။ ဦးကျော်မြင့်အား စတင်အမှုဖွင့်စဉ်က ၂၀၁၄ စက်တင်ဘာ ၉ ရက်ကမှ ကျောက်တံတားရဲစခန်းတွင် အမှုဖွင့်ခဲ့ပြီး နိုဝင်ဘာ ၁၀ ရက်၌ ကျောက်တံတားရဲစခန်းမှ ဖမ်းဝရမ်းထုတ်ခဲ့ခြင်း ဖြစ်သည်။

ပထမရုံးချိန်း၌ ကျန်းမာရေးမကောင်းဟု အကြောင်းပြကာ ပြင်ပဆေးစာဖြင့် ကျပ်သိန်း ၁၀၀၀ ဖြင့် အာမခံရယူခဲ့ပြီး ယင်းနောက် ရုံးချိန်းအား လာရောက်အမှုရင်ဆိုင်ခဲ့ခြင်း မရှိ၍ ကျောက်တံတားမြို့နယ် တရားရုံးမှ အာမခံရုပ်သိမ်းကာ ဖမ်းဝရမ်းပြန်လည် ထုတ်ခဲ့သည်။ အာမခံရုပ်သိမ်းပြီးသည့် နောက် ရုံးချိန်တွင်လည်း လာရောက်ရင် ဆိုင်ခဲ့ခြင်းမရှိဘဲ ဇန်န၀ါရီ ဒုတိယအပတ်၌ ကျောက်တံတားတရားရုံးသို့ ဒုတိယအကြိမ် ကိုယ်တိုင်လာရောက် အဖမ်းခံခဲ့သည်။

ထိုစဉ်အတွင်း ဦးကျော်မြင့်သည် ဘန်ကောက်သို့ရောက်ရှိသွားပြီး မြန်မာပြည်ကို ပြန်လည်ရောက်ရှိ အဖမ်းခံခြင်းဖြစ်သည် ဟု နီးစပ်သူများက ဆိုသည်။ ၎င်းင်းလာ ရောက်အဖမ်းခံပြီးသည့် ရုံးချိန်း၌ ဦးကျော် မြင့်အား တွေ့လိုသည့်တိုက်ခန်းဝယ်ယူပြီး တိုက်ခန်းမရရှိသေးသူများ၊ PAE စနစ်ဖြင့် ဆောက်လုပ်ထားသည့် မြေရှင်များ၊ တန်ဖိုး နည်းအိမ်ရာ ၀ယ်ယူထားသူများနှင့် ငွေကြေးဆိုင်ရာ အလုပ်လုပ်ခဲ့သူ အများအပြား လာရောက်ခဲ့သည်။ ၎င်းရင်ဆိုင်နေရသည့် အမှုတွဲသည် မြို့နယ်ရုံးမှ ခရိုင်တရားရုံးသို့ ရောက်ရှိနေသောကြောင့် ဇန်န၀ါရီ ၁၃ ရက်တွင် အမှုအား မစစ်နိုင်ဘဲ ၂၇ ရက်သို့ ရုံးချိန်းပြောင်းလဲခဲ့ရသည်။
ယင်းကဲ့သို့ ရုံးချိန်းပြောင်းလဲလိုက်သော်လည်း ဦးကျော်မြင့်အား အမှုဖွင့်ထားသည့် မြို့နယ်များမှ တာဝန်ရှိရဲအရာရှိများ က ၎င်းအား စွဲချက်တင်နိုင်ရန် စစ်ဆေးခဲ့သည်။ ယင်းအမှုများအနက် ဗဟန်းမြို့ နယ်မှ မြေကွက် ၄ ကွက်အား ရောင်းချထားသည့် အမှု ၄ မှု၊ ဗိုလ်တထောင်မြို့ နယ်မှ ၁ မှုနှင့် ထပ်မံ၍ စွဲရန်ကျန်သေးသည့် အမှုများလည်းရှိသေးသည်ဟု ဆိုသည်။

ဦးကျော်မြင့်နှင့်ဇနီးဒေါ်သူဇာတို့သည် ၂၀၁၂ ခုနှစ်ခန့်က ကျော်ထက်မြင့်သူ အစုရှယ်ယာ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီခွဲဖွင့်ကာ အစုရှယ်ယာထည့်ဝင်ကြေးနှင့် အကျိုးအမြတ်များအား ပြန်လည်ခွဲဝေပေးခြင်းမရှိဟု သိရသည်။ ယင်းနှင့် ပတ်သက်၍ ၂၀၁၂ ခုနှစ် နိုဝင်ဘာခန့်က ကျပ်သိန်း ၁၄၅၀ ဖိုး ရင်းနှီးမြှုပ်နှံခဲ့သူမှ ယခုအခါ အမြတ်ငွေ ကျပ်သိန်း ၈၅၀ ရှိပြီး ရင်းနှီးငွေနှင့် အမြတ်ငွေတပြားတချပ်မှ ပြန်လည်မရရှိသေးဟု ဆိုသည်။ “နှစ်စေ့လည်း မပေးဘူး၊ စာရင်းရှင်းတမ်းလည်း မထုတ်ဘူး။ ငွေယူတော့ သူတို့နှစ်ယောက် လုံး လက်မှတ်ထိုးပြီးယူတာ””ဟု ၎င်းက ပြောကြားခဲ့သည်။

ဦးကျော်မြင့် လက်ရှိရင်ဆိုင်နေရသည့်အရှုပ်အရှင်း၌ ငွေပမာဏ ကျပ်သိန်းပေါင်း ၅ သိန်းခန့် ပါရှိနေပြီး ကျပ်သိန်းပေါင်း(၂)သိန်းကျော် ပြည်ပ၌ ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ထားနိုင်သည်ဟု နီးစပ်သူတဦးက သုံးသပ်ပြောကြားထားသည်။ ၎င်းငွေကျပ်သိန်း ၅ သိန်းခန့်သည် မြန်မာနိုင်ငံရှိ လူတန်းစားမျိုးစုံ အလွှာစုံထံမှ ရရှိထားသည့် ငွေကြေးဖြစ်သည်ဟု သုံးသပ်နေကြသည်။ ယင်းတို့ အနက်မှ သင်္ဃန်းကျွန်း ပြည်တော်သာယာအိမ်ရာရှိ တန်ဖိုးနည်းတိုက်ခန်းများသည် အခြေခံလူတန်းစားများ အများဆုံး ၀ယ်ယူထားပြီး ငွေကြေးပမာဏ ကျပ်သိန်းပေါင်း ၄ သောင်းခန့်ရှိပြီး ယခုအချိန်ထိ စတင်ဆောက်လုပ်ခြင်း မရှိသေးဟု ၀ယ်ယူထားသူများက ပြောသည်။

Father Land ဦးကျော်မြင့်၏ တိုက်ခန်းကြိုပွိုင့်ရောင်းချမှုများအပြင် အစုရှယ်ယာဝင်များ ခေါ်ယူ၍ ငွေကြေးများ မပေးသည့်အပေါ် လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်ကလည်း လာမည့် လွှတ်တော်၌ ကြယ်ပွင့်ပြမေးခွန်း မေးမြန်းသွားမည်ဖြစ်သည်။

လက်ရှိ ဆောက်လုပ်ရေး လောက၌လည်း ကြိုပွိုင့်ဝယ်ယူခြင်းအား ၀ယ်ယူမည့်သူများမှ ယုံကြည်မှု မရှိတော့ဟုလည်း စုံစမ်းသိရှိရသည်။ လက်ရှိ တရားရင်ဆိုင်နေရသည့် အမှုများအပြင် တရားစွဲဆိုလက်စ အမှုများ တရားစွဲဆိုဦး မည့်သူအများအပြားရှိနေသည့် ဦးကျော်မြင့်၏ အမှုသည် ၂၀၁၅ အတွင်း စိတ်ဝင်စားဖွယ် စောင့်ကြည့်ရဦးမည်ဖြစ်သည်။

ကိုခက်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

No comments:

Post a Comment