Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 2, 2015

မီးအိမ်ကဗျာ ဗီစီဒီမှာ အခြေခံလူတန်းစားရဲ့ဘ၀ကို Documentary ဆန်ဆန်လေးရိုက်ပြထားတဲ့ ချစ်သုဝေ

 
 ၂၀၁၃ အကယ်ဒမီပေးပွဲကို အခြေအနေ အရပ်ရပ်ကြောင့် မတက်ဖြစ်တဲ့ ပြည်သူချစ်မင်းသမီးလေး ချစ်သုဝေ က လက်ရှိမှာအောင်ရဲလင်းနဲ့ ဇာတ်ကား ရိုက်ကူးနေပြီး ၂၀၁၅ ထဲမှာလဲ ဂီတဖက်ကို ပိုမို အာရုံစိုက်လုပ်ဖြစ်မယ့်အပြင် မီးအိမ်ကဗျာ အမ်တီဗီခွေလေးလဲ ထွက်ဖို့ရှိတာကြောင့် သူမရဲ့တွေ့ဆုံခိုက်မှာ “မီးအိမ်ကဗျာလေးကလဲ အားလုံးတော့ပြီးနေပြီ။ မမတို့က အဲ့ဒီအမ်တီဗီလေးထဲမှာ ချပြသင့်တဲ့အရာလေးတွေကို ချပြထားတယ်။ ဇာတ်လမ်းပုံစံလေးတွေ၊ အမ်တီဗီပုံစံမျိုးလေးတွေက ပရိသတ်မြင်နေကျပုံစံ၊ ခုက Documentary ဆန်ဆန်တကယ် ရုန်းကန် လှုပ်ရှားနေရတဲ့ လယ်သမားတွေကို သွားရိုက်ထားတာတွေပါတယ်။ လူတွေ ဘ၀ထဲကို သွားရိုက်ထားတာမျိုးတွေ၊ အမှိုက်ကောက်နေတဲ့ street Children လေးတွေရဲ့ဘ၀ကို သွားရိုက်ထားတာမျိုးတွေ၊ အဲ့လို Documentary ဆန်ဆန်ပုံစံမျိုးလေး တွေပါတယ်။ မမတို့ကတော့ ချပြချင်တဲ့အတွက်ချပြထားတယ်။ မမတို့နိုင်ငံမှာက အနုပညာတော့ လုပ်တယ်။ ဒီအနုပညာနဲ့ မမတို့တွေ အသက်မွေးဝမ်းကြောင်း ပြုတယ်။ မမတို့ပရိသတ်ကြီးက မမတို့ရဲ့ထမင်းရှင်တွေ၊ အဲ့တော့ မမတို့ပရိသတ်ကြီးရဲ့နေထိုင်မှု၊ လှုပ်ရှားမှုတွေ၊ ဒီနိုင်ငံရဲ့ အခြေအနေတွေ၊ လိုနေတဲ့ ရှုထောင့်တွေကို မမတို့ အနုပညာ မီဒီယာတွေကနေ မပြလို့မရဘူး။ ပရိသတ်အကြိုက် လိုက်ပြီး ကိုယ့်အိတ်ထဲပဲ ထည့်နေလို့ မရဘူး။ ဖြစ်သင့်ဖြစ်ထိုက်တာတွေကို မြင်အောင်ပြပေးဖို့တွက် မမတို့အနုပညာရှင်တွေမှာ တာဝန်ရှိတယ်။ မမထိုးပြချင်တဲ့ အရာလေးကို ကိုမင်းထင်နဲ့တိုင်ပင်တယ်။ သူကလဲ အရမ်းဝမ်းသာတယ်။ ဘာကြောင့်လဲ ဆိုတော့ ဗီစီဒီမှာ အဲ့လိုမပြကြဘူးပေါ့။ Documentary ကိုစိတ်ဝင်စားတာနဲ့ အနုပညာရှင် တစ်ယောက်ရဲ့ ဗီစီဒီကိုစိတ်ဝင်စားတဲ့ ပရိသတ်အားက မတူဘူးလေ။ ဗီစီဒီမှာများ ချပြရင် ပရိသတ်များပိုစိတ်ဝင်စားသွားမလားပြီးတော့ မမတို့အခြေခံလူတန်းစားတွေရဲ့ဘ၀ကို ဒါတွက်ရည်ရွယ်ပြီး သွားရိုက်ထားတာပါ။ ဒီခွေလေးထွက်လာရင် မမတို့ရဲ့ စေတနာ ရောင်ပြန်ဟပ်ပါစေ။ လူငယ်ပရိသတ်တွေကိုလဲ ကြိုက်စေချင်ပါတယ်။ လူငယ်လေးတွေ ကိုလဲလေ ကျန်တဲ့ပျော်စရာရွှင်စရာကို စိတ်ဝင်စားတာလဲ စိတ်ဝင်စားတာပေါ့။ ဒီလူမှုရေးအပိုင်းလေးတွေကိုလဲ စိတ်ဝင်စားစေချင်ပါတယ်။ လူငယ် တွေကိုလဲ မမတို့ရဲ့ဗီစီဒီလေးကိုလဲကြည့်စေချင်ပါတယ်။ မမကတော့ မီးအိမ်ကဗျာ ဗီစီဒီလေးကို မမတို့နှစ်ယောက်ရဲ့ First Anniversary မှာ ထွက်စေချင်တယ်။ ပရိုဂျူဆာကိုလဲ တိုက်တိုက်တွန်းတွန်းလေး ပြောထားတယ်။ ပရိသတ်ကြီး စောင့်မျှော်အားပေးကြပါဦး”လို့ သူမက ပြောပြခဲ့ပါတယ်။ http://www.trend.com.mm/2015/01/02/news-5400

No comments:

Post a Comment