Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, January 10, 2015

စရိတ်လျှော့ပေါ့ရေးအတွက် အလုပ်အကိုင်နေရာများ လျှော့ချရန် Coca-Cola ဆုံးဖြတ်

စရိတ်စက လျှော့ချရေး ကြိုးစား လုပ်ဆောင်နေသည့် Coca-Cola ကုမ္ပဏီသည် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် အလုပ်အကိုင်နေရာ (၁၈၀၀)ထိ လျှော့ပေါ့သွားမည်ဟု ကြေညာခဲ့သည်။

ကမ္ဘာကျော် အဖျော်ယမကာ လုပ်ငန်းစုကြီးသည် ပြီးခဲ့သည့်နှစ် တတိယ (၃)လပတ်အတွင်း ဝင်ငွေ (၁၄)ရာခိုင်နှုန်း ယုတ်လျော့သွားပြီးနောက် အမြတ်ငွေ ပမာဏ ကျဆင်းမှုများနှင့်လည်း ကြုံခဲ့ရသည်။

ထို့ကြောင့်လည်း ကုမ္ပဏီ၏ ငွေကြေး အခြေအနေကို ထိန်းညှိရန်အတွက် လုပ်သားအရေအတွက် လျှော့ချသွားရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အစီအစဉ်သည် အတ္တလန္တာရှိ Coca-Cola ဌာနချုပ်အပြင် နိုင်ငံတကာ ဌာနခွဲများမှ ဝန်ထမ်းများနှင့်ပါ အကျုံးဝင်မည်ဟု ဆိုသည်။

Coca-Colaက အလုပ်နေရာမှ ဖယ်ရှားခံရမည့် ဝန်ထမ်းများကို ကြိုတင် အကြောင်းကြား အသိပေးမှုများ ပြုလုပ်နေပြီဟု ကြေညာသည်။ “လောလောဆယ်တော့ အမေရိကန်နဲ့ တချို့ နိုင်ငံတကာ ဌာနခွဲတွေကို သက်ဆိုင်ရာ ဌာနအလိုက် အသိပေးမှုတွေ လုပ်ဆောင်နေပါတယ်”ဟု ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

Coca-Colaက အဆိုပါ အလုပ်နေရာ လျှော့ချမှုများကို တစ်ချိန်တည်း လုပ်ဆောင်သွားမည် မဟုတ်ဟုလည်း ဆိုသည်။ Coca-Cola ကုမ္ပဏီ လက်အောက်တွင် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် လုပ်သားအရေအတွက် (၁၃၀၀၀၀)ခန့် ရှိနေကြောင်းလည်း သိရသည်။

_Ref: BBC
http://7daydaily.com/story/29075#.VLGZons9THR

No comments:

Post a Comment