Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 14, 2015

မှားယွင်းစွပ်စွဲ ခံခဲ့ရသည့်အတွက် ဆေးတက္ကသိုလ် ဆရာမတစ်ဦးက သတင်းစာတွင် တောင်းပန်ရန် တောင်းဆိုထားသော်လည်း City Mart ဘက်က တောင်းပန်ရန်မရှိဟု ဆို

Facebook စာမျက်နှာများပေါ်တွင် ပျံ့နှံ့နေခဲ့သည့် Junction Square ရှိ City Mart ၌ ဖြစ်ပွားခဲ့သည့် ဆေးတက္ကသိုလ် (၁) မှ ဆရာမတစ်ဦးကို မှားယွင်းစွာ စွပ်စွဲခဲ့မိသည့် ကိစ္စအပေါ် ကာယကံရှင်က သတင်းစာမှတစ်ဆင့် တောင်းပန်ရန် တောင်းဆိုထားသော်လည်း City Mart တာဝန်ရှိသူများ အနေဖြင့် ကာယကံရှင်အပေါ် အကြိမ်ကြိမ် တောင်းပန်ခဲ့ပြီး ဖြစ်သောကြောင့် ကာယကံရှင် တောင်းဆိုသည့်အတိုင်း သတင်းစာမှတစ်ဆင့် တောင်းပန်မှု ပြုလုပ်မည် မဟုတ်ကြောင်း City Mart ရုံးချုပ်မှ Marketing Director ဒေါ်မေဇင်စိုးထက်က ပြောကြားသည်။

City Mart တာဝန်ရှိသူများ အနေဖြင့် ပြဿနာဖြစ်ပွားပြီး ၃၆ နာရီခန့် အတွင်းမှာပင် တောင်းပန်မှုများကို အကြိမ်ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

“စဖြစ်ဖြစ်ချင်းမှာပဲ အစ်မတို့ရဲ့ Security Team က တောင်းပန်တယ်။ Branch Manager က တောင်းပန်တယ်။ နောက် မိသားစုလိုက် ရုံးကိုလာတဲ့ အခါမှာလည်း အစ်မတို့ဘက်က တောင်းပန်ပါတယ်။ သီးသန့် သွားတောင်းပန်တာတွေလည်း လုပ်ပါတယ်။ သူတို့က လာတွေ့မယ်။ အိမ်ကိုမလာနဲ့လို့ ပြောတဲ့အတွက် အစ်မတို့က သူတို့လာတာကို လက်ခံတွေ့ဆုံပြီး တောင်းပန်တာတွေ လုပ်တယ်။ ၃၆ နာရီလောက် အတွင်းမှာ တစ်ခုချင်းစီကို ပြန်ကြည့်ရင် အစ်မတို့ဘက်က Security Level, Manager Level ကစပြီး Management Level ပိုင်းအထိပေါ့။ တောင်းပန်တာ ခုနစ်ကြိမ်၊ ရှစ်ကြိမ်လောက် အထိကို ရှိပါတယ်” ဟု ဒေါ်မေဇင်စိုးထက်က ပြောကြားသည်။

ထို့ပြင် City Mart တာဝန်ရှိသူများက ကာယကံရှင်ဖြစ်သူထံ ရုံးစာဖြင့် တောင်းပန်စာပေးပို့သည့် ဇန်နဝါရီ ၇ ရက် ညဘက်မှာပင် ကာယကံရှင် ဆေးတက္ကသိုလ်ဆရာမ၏ ဌာနမှူးထံ သွားရောက်တွေ့ဆုံကာ ဆရာမဘက်က မှန်ကန်ကြောင်း၊ City Mart ဘက်ကသာ မှားယွင်းခဲ့ခြင်းဖြစ်ကြောင်း၊ တောင်းပန်စာ ပေးပို့ထားကြောင်းကို တောင်းပန်စာ မိတ္တူနှင့်အတူ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

“အစ်မတို့ဘက်က မှားယွင်းသွားခဲ့တဲ့ ကိစ္စဖြစ်လို့ အများကြီးဝမ်းနည်းပြီး စိတ်မကောင်းဖြစ်ရတယ် ဆိုတာကို အကြိမ်ကြိမ် တောင်းပန်ခဲ့ပြီးဖြစ်လို့ နောက်ထပ် အစ်မတို့ဘက်က ဘာမှထပ်လုပ်ဖို့ မရှိတော့ပါဘူး။ ကာယကံရှင် ပြောသလို သတင်းစာထဲ ထည့်ပေးဖို့တွေလည်း မရှိတော့ပါဘူး” ဟု ဒေါ်မေဇင်စိုးထက်က ဆက်လက်ပြောကြားသည်။

ကာယကံရှင် ဒေါ်ကြူကြူသင်းထံ ဆက်သွယ်မေးမြန်းခဲ့ရာ “လူကြားထဲမှာ ဖြစ်ခဲ့တာတွေအတွက် သတင်းစာထဲမှာပဲ တောင်းပန်စေချင်ပါတယ်။ စပြီး ပြဿနာဖြစ်တည်းက ကျွန်မတောင်းဆိုခဲ့တာ ဒီတစ်ခုထဲပါ” ဟု ပြန်လည်ဖြေကြားသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၆ ရက် မွန်းလွဲ ၃ နာရီခန့်တွင် ဆေးတက္ကသိုလ် (၁) မှ ဆရာမဖြစ်သူ ဒေါ်ကြူကြူသင်းက Junction Square City Mart တွင် ဈေးဝယ်ရာ ကိုင်ဆောင်ထားသည့် လက်ဆွဲအိတ်အတွင်း ထီးတစ်ချောင်း ထည့်ထားကြောင်း၊ City Mart တွင် ဈေးဝယ်ရာ၌လည်း ထီးတစ်ချောင်း အပါအဝင် အခြားပစ္စည်းများအတွက် ငွေရှင်းကာ Junction Square သုံးလွှာရှိ 77 Cake ဆိုင်တွင် ဈေးဝယ်ပြီး ပေါ်တီကိုအောက်မှ ကားငှား၍ ပြန်လာခဲ့ကြောင်း၊ ကျွန်းတောလမ်းပေါ် အရောက်တွင် လုံခြုံရေး ငါးဦးခန့်က အနောက်မှ ပြေးလိုက်လာကာ ကားကို အတင်းရပ်ခိုင်း၍ ရုံးသို့လိုက်ခဲ့ရန် ပြောဆိုခေါ်ဆောင်ခဲ့ကြောင်း သိရသည်။ ထို့နောက် ဝန်ထမ်းအမျိုးသမီး တစ်ဦးက လမ်း၌ပင် ဒေါ်ကြူကြူသင်းလက်တွင် ကိုင်ထားသည့် ဆွဲအိတ်အတွင်းမှ ထီးကို ထုတ်ယူစစ်ဆေးခဲ့ကြောင်း၊ City Mart ကောင်တာ အရောက်တွင် ဈေးဝယ်ခဲ့သည့် ဘောက်ချာကို ထပ်မံစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ လုံခြုံရေးများက ဒေါ်ကြူကြူသင်းအနေဖြင့် ထီးနှစ်ချောင်းအနက် တစ်ချောင်းကိုသာ ငွေရှင်းပြီး အခြားတစ်ချောင်းကို ငွေမရှင်းဘဲ ထွက်သွားသည်ဟု ထင်မြင်ကာ ထိုကဲ့သို့ စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးမှ နောက်ပိုင်းတွင် မှားယွင်းထင်မြင်မိမှန်း သိသဖြင့် တောင်းပန်သည်ဟု ပြောကြားခဲ့ကြောင်း အွန်လိုင်းစာမျက်နှာပေါ်တွင် ပျံ့နှံ့လာခဲ့သည်။ ထိုသို့ ပျံ့နှံ့ခဲ့ရာတွင် ဒေါ်ကြူ ကြူသင်း အနေဖြင့် လုံခြုံရေးအဖွဲ့၏ ခေါ်ဆောင်ခဲ့ရာ လမ်းတစ်လျှောက်၌ အများ၏ အထင်သေးသည့် မျက်လုံးများကို ရင်ဆိုင်ခဲ့ရသည့်အပြင် သူခိုးတစ်ဦးကဲ့သို့ ဖမ်းဆီးခေါ်ဆောင် ခံခဲ့ရသဖြင့် ကိုယ်ကျင့်တရား သိက္ခာပိုင်းအတွက် သတင်းစာအတွင်း ကြော်ငြာထည့်သွင်းပေးရန် City Mart တာဝန်ရှိသူများကို တောင်းဆိုခဲ့ကြောင်း ပျံ့နှံ့ခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်အပေါ် City Mart တာဝန်ရှိသူများ အနေဖြင့် ဖြစ်စဉ်အသေးစိတ်ကို ပြန်လည်သုံးသပ်ရာ၌ လုပ်ထုံးလုပ်နည်းတွင် အားနည်းမှု မရှိသော်လည်း ပြန်လည်အသုံးချမှု အပိုင်းတွင် အားနည်းမှု ရှိခဲ့သဖြင့် Security Team အားလုံးကို ဖြစ်စဉ်ကိုကြည့်၍ ပြန်လည်လေ့ကျင့်မှုများ ပြုလုပ်ပေးနေကြောင်း သိရသည်။ ထို့အပြင် ဖြစ်စဉ်တွင် လွဲမှားစွာ ဆောင်ရွက်ခဲ့သည့် ဝန်ထမ်းများကိုလည်း ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများအတိုင်း အရေးယူ ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။

Writer:
ဟယ်ရီမွန်
Credit: news eleven

Photo From : Sayarma Daw Kyu Kyu Thin Facebook page

https://www.facebook.com/photo.php?fbid=412621175568965&set=pcb.412621278902288&type=1&theater

ပြီးခဲ့တဲ့အင်္ဂါနေ့က Junction Square ဆိုင်ခွဲမှာရှိတဲ့ ကျွန်တော်တို့ဝန်ထမ်းများမှ ဈေးဝယ်သူတစ်ယောက်ကို ငွေမရှင်းဘဲ ထွက်ခွာသွားတယ်လို့ မှားယွင်းစွာ ယူဆခဲ့မိပါတယ်။
ဒီဖြစ်ရပ်မှာ ကျွန်တော်တို့ဝန်ထမ်းများဘက်မှ လိုက်နာသင့်တဲ့ စံပြု လုပ်ဆောင် ရမယ့်နည်းလမ်းတွေကိုလည်း မှားယွင်းပြီးလုပ်ဆောင်ခဲ့ကြပါတယ်။ ကျွန်တော်တို့ ဈေးဝယ်သူကို အရှက်ရစေမဲ့ အခြေအနေဖြစ်အောင် မှားယွင်းစွာဆောင်ရွက် ခဲ့မိတဲ့ ကျွန်တော်တို့ရဲ့အမှားအတွက် အထူးပဲဝမ်းနည်းနောင်တရမိပါတယ်။
ဒီလိုမျိုးကြီးမားတဲ့မှားယွင်းမှုနဲ့ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ဝန်ထမ်းတွေကိုလည်း သင့်တော်တဲ့ဆောင်ရွက်မှုများ ပြုလုပ်ခဲ့သလို ဒီလိုအဖြစ်မျိုးထပ်မဖြစ်စေဖို့ သေချာအောင် ကျွန်တော်တို့ရဲ့ စံပြုလုပ်ဆောင်ရမယ့် နည်းလမ်းတွေကိုလည်း ပြန်လည်ဆန်းစစ်နေပါတယ်။
ဒါ့အပြင် ကျွန်တော်တို့ရဲ့ တိုင်းပြည်ဖွံ့ဖြိုးလာတာနဲ့အညီ ကျွန်တော်တို့ ကိုယ်တိုင်လည်း အကောင်းဆုံးဖြစ်မဲ့နည်းလမ်းတွေနဲ့ ဆက်လက်ရှေ့ဆက်
နိုင်အောင် လေ့လာသင်ယူနေဆဲဖြစ်ပြီး မြန်မာပြည်မှာရှိတဲ့သူများအားလုံး (ကျွန်တော်တို့ရဲ့ဈေးဝယ်သူများ) ကို အကောင်းဆုံးဈေးဝယ်မှု အတွေ့အကြုံ များရရှိအောင် ယူဆောင် လာပေးဖို့ ကြိုးစားနေပါတယ်။အကောင်းဆုံးဖြစ်အောင် ကြိုးပမ်းနေဆဲ အချိန်ဖြစ်တဲ့အတွက် အားလုံးကိုစိတ်ရှည် နားလည်ပေးဖို့နဲ့ ဒီထက်မကကောင်းမွန်သည်ထက်ကောင်းမွန်အောင် ကြိုးစားနေပါတယ်။
City Mart Supermarket
https://www.facebook.com/CityMartSupermarketMyanmar/posts/374662866028463?fref=nf&pnref=story

No comments:

Post a Comment