Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 15, 2015

Charlie Hebdo နဲ့ မြန်မာ့ရှုထောင့်

အသံ
လွတ်လပ်စွာ ဖော်ထုတ်ခွင့် နဲ့ အကြမ်းဖက်လုပ်ရပ်
 
ဒီတပတ် မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ  ပြင်သစ်နိုင်ငံ Charlie Hebdo ရုပ်ပြောင်မဂ္ဂဇင်း အပေါ် အကြမ်းဖက်တိုက်ခိုက်မှုကို ပြင်သစ်လူ့အဖွဲ့အစည်းနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းက ရှုတ်ချကန့်ကွက်ကြသလို လူအများ ယုံကြည်ကိုးကွယ်တဲ့ ဘာသာတရားတရပ်အပေါ် သရော်လှောင်ပြောင်တဲ့ လုပ်ရပ်နဲ့ ပတ်သက်လို့ မေးခွန်းထုတ်ချင်သူတွေလဲ ရှိနေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာ့လူ့အဖွဲ့အစည်း မီဒီယာတို့ရဲ့  သဘောထား ဘယ်လို ရှိနိုင်ပါသလဲ။ ပြင်သစ်နိုင်ငံမှာ နေထိုင်နေတဲ့ မြန်မာအမျိုးသားတဦးဖြစ်တဲ့ (Beyond Rangoon ဇာတ်ကား ရုပ်ရှင်မင်းသားကြီး ဦးအောင်ကိုး၊ မြန်မာနိုင်ငံက ဝါရင့်မီဒီယာသမားကြီး ဦးကျော်ရင်မြင့်တို့နဲ့ ဦးကျော်ဇံသာ က ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် ဒီနေ့ ဆရာတို့နှစ်ယောက်ကို ဖိတ်ခေါ်ရတဲ့အကြောင်းကတော့ ပြင်သစ်နိုင်ငံမှာ သရော်လှောင်ပြောင်စာတွေ ရေးသားတဲ့ မဂ္ဂဇင်းတစောင်ကို အကြမ်းဖက်သမားတွေ ဝင်ရောက်တိုက်ခိုက်လို့ သတင်းသမားတွေ၊ ကာတွန်းဆရာတွေ သေဆုံးရတဲ့ကိစ္စနဲ့ ပတ်သက်ပါတယ်။ ဒီကိစ္စမှာ အကြမ်းဖက်ပြီးတော့ တုန့်ပြန်တယ်ဆိုတာ သိပ်မှားယွင်းတယ်ဆိုပြီး လူတိုင်းက လက်ခံနိုင်ကြပေမယ့် မဂ္ဂဇင်းရဲ့  လှောင်ပြောင်သရော်မှုကို အတိုင်းအတာထက် လွန်သလားဆိုပြီးတော့ တချို့ ကတော့ ပြောချင်ကြပါတယ်။ အထူးသဖြင့် ဒီမိုကရေစီ သိပ်ထွန်းကားတဲ့ လူ့အဖွဲ့အစည်းတွေကတော့ သတင်းလွတ်လပ်ခွင့်ကို အကန့်အသတ်မထားဘဲထား ပေးချင်ကြတယ်။ ဒီလို ဝေဖန်လှောင်ပြောင်တာပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ်။ ကျနော် စဉ်းစားတာက မြန်မာနိုင်ငံ မြန်မာ့လူ့အဖွဲ့အစည်း ရှုထောင့်က ကြည့်မယ်ဆိုရင် ဒီကိစ္စကို ဘယ်လို ပြောကြမလဲဆိုတာကို အဓိက ဆွေးနွေးချင်တာ ဖြစ်ပါတယ်။ ပထမဦးဆုံး ဆရာဦးအောင်ကိုရဲ့  သဘောထားကို စပြီးပြောစေချင်ပါတယ်။ ပြင်သစ်နိုင်ငံရဲ့  ဝေဖန်လွတ်လပ်မှု အတိုင်းအတာက မြန်မာလူ့အဖွဲ့အစည်း ရှုထောင့်ကကြည့်ရင် နည်းနည်းလွန်နေပါသလား။ ဘယ်လို သဘောရပါသလဲ။

ဦးအောင်ကို ။ ။  လွန်တယ်လို့ လိုတယ်လို့တော့ ပြောလို့မရဘူး။ သူ့အရေးအခင်းနဲ့ သူ့ ကာလံဒသေံ ဆိုတော့ ပြင်သစ်မှာက သတင်းစာလွတ်လပ်မှုက အခုမှစတာ မဟုတ်ဘူးလေ။ ၁၇၈၉ ပြင်သစ်တော်လှန်ရေးသမိုင်း နောက်ပိုင်းက စလိုက်တာ ဒီအစဉ်အလာက အခုထိ ရှိပါတယ်။ Charlie Hebdo ဆိုတာက သရော်လှောင်ပြောင်တဲ့ သတင်းစာဆရာ၊ ရုပ်ပြောင်ဆရာဆိုတော့ ဒီကာတွန်းနဲ့ ရုပ်ပြောင်လက်ချက်က ကောင်းရင် အင်မတန် ထိရောက်တဲ့။ သတင်းစာထက် ထိရောက်တယ်လို့ ပြောကြတယ်။ အဲဒီတော့ သူတို့က ဟိုမျက်နာ၊ ဒီမျက်နာ လိုက်တာမရှိဘူး။ ဒီမှာရှိတဲ့ သမ္မတအသစ်၊ အဟောင်းတွေ၊ နိုင်ငံရေးသမားတွေ ဘယ်သူမှာ မျက်နာမရှိဘူး။

ဦးကျော်ဇံသာ ။ ။ ကျနော် အဓိကပြောချင်တာက ဖြစ်ပြီးတဲ့နောက် ဆန္ဒပြပွဲနေ့မှာ လူတိုင်းက Je suis Charlie ဆိုပြီး ပြောနေကြတဲ့အချိန်မှာ တချို့ က မျက်နာဖုံးအုပ်ပြီး ပြောတဲ့လူတချို့ လည်း တွေ့လိုက်ပါတယ်။ ငါဟာ အကြမ်းဖက်လုပ်ရပ်ကို ရှုတ်ချတယ်။ ဒါပေမဲ့ ငါဟာ ချာလီ မဟုတ်ဘူးတဲ့။ ဒီလို သူများရဲ့  ဘာသာတရားကို စော်ကားတာကိုတော့ ငါ လက်မခံနိုင်ဘူးဆိုပြီး ပြောတဲ့လူလည်း ရှိတယ်။ အဲဒီ လူနည်းစုရဲ့  ခံပြင်းမှုကို ပြင်သစ်နိုင်ငံမှာ တရားဥပဒေဘောင်အတွင်းက တုန့်ပြန်ဆောင်ရွက်နိုင်တဲ့ အခြေအနေ ရှိပါသလား။ 0့ ။ ။


ဦးအောင်ကို ။ ။ အခြေအနေမရှိဘူးလို့တော့ ပြောလို့မရဘူး။ လူတွေက တော်တော်များများက လန့်ကြတယ်။ သူတို့က အမှန်တရားကို ဘက်မလိုက်ဘူး။ ဒီဘက်ဟိုဘက် လိုက်ပြီးတော့ ဝေဖန်တဲ့ကိစ္စ မဟုတ်တော့။ အကုန်လုံးက သူတို့ကို ကြိုက်တဲ့လူ ရှိတယ်။ မကြိုက်တဲ့လူ ရှိတယ်။ မကြိုက်တဲ့လူကတော့ တော်တော်နည်းပါတယ်။ ဒါပေမဲ့ ဘာသာတရားကို ထိခိုက်ဝေဖန်တယ်ဆိုတာ အခုမှ မဟုတ်ဘဲ။ သူတို့က ဟိုကတည်းက အစကတည်းက အမှန်တရားကို ဖော်ပြတဲ့ ရုပ်ပြောင်သတင်းလို ဖြစ်နေခဲ့တယ်။ သူတို့ဖက်ကကြည့်တော့ သူတို့ရဲ့  အတတ်ပညာနဲ့ သူတို့ရဲ့  အရည်အချင်းပါပဲ။

ဦးကျော်ဇံသာ ။ ။ ကျနော် စာထဲမှာ ဖတ်ကြည့်တဲ့အခါမှာတော့ ပြင်သစ်နိုင်ငံရဲ့  Freedom of Press နဲ့ ပတ်သက်ပြီးတော့ ပြင်သစ်ဥပဒေထဲမှာ Publicly လူသိရှင်ကြား Defame လုပ်တယ်၊ Incite လုပ်တာက ဘာသာတရားကို မဟုတ်ဘူး။ A person or a group လူတစု၊ တဦးတယောက်ကို သူက ဘယ်အမျိုးအနွယ်မှာပါလို့၊ ဘယ်ဘာသာကို ကိုးကွယ်လို့ ဘယ်လို sexual orientation ဖြစ်နေလို့ဆိုတာမျိုးတွေ လှောင်ပြောင်ရင်တော့ သူတို့ တရားဥပဒေအရ လို့ ပြောထားပါတယ်။ ဘာသာတရား၊ ပုဂ္ဂိုလ်တဦးတယောက်ကို ပြောတာမဟုတ်ဘူးလို့တော့ ယူဆရတာပေါ့ ဥပဒေအရ။ ကျနော် ဆရာကျော်ရင်မြင့် ကို မေးချင်ပါတယ်။ ဆရာ ဘယ်လိုမြင်ပါသလဲ။ မြန်မာသတင်းသမား တဦးအနေနဲ့ ပြင်သစ်နိုင်ငံရဲ့  အခုဖြစ်သွားတဲ့ကိစ္စအပေါ်မှာ။ ပထမဦးဆုံး ရုပ်ပြောင်မဂ္ဂဇင်းရဲ့  ဖော်ပြချက်နဲ့ ပတ်သက်ပြီး ဘာပြောစရာ ရှိပါသလဲ။

ဦးကျော်ရင်မြင့် ။ ။ ကျနော်က ဆရာ့ ပထမမေးခွန်းကို ပြောကြည့်ချင်ပါတယ်။ မြန်မာနိုင်ငံမှာနေတဲ့ မီဒီယာသမားတယောက်အနေနဲ့ ကျနော်ကတော့ မီဒီယာလွတ်လပ်တဲ့ နိုင်ငံတွေကို အားကျပါတယ်။ ဒီလိုအားကျတာလဲ တဖတ်သားကို လွတ်လပ်စွာ စော်ကားဖို့ မဟုတ်ပါဘူး။ ကျနော်တို့က လွတ်လပ်ခြင်းမှာ သူများချထားတဲ့ စည်းတွေဘောင်တွေထဲမှာ မဟုတ်ဘဲနဲ့ ကိုယ့်ဟာကိုထိန်းတဲ့ စည်းကမ်းနဲ့ နေထိုင်ကြတဲ့ လွတ်လပ်ခြင်း လိုတယ်လို့ ထင်ပါတယ်။ ထိန်းတက်အောင်လို့ လူတွေရဲ့  အရည်အသွေးကို မြှင့်ပေးရမှာပေါ့။ ချုပ်ချယ်ဖို့တော့ မလိုပါဘူး။ ကျနော်တို့ မြန်မာမှာ ပြောလေ့ရှိပါတယ် နတ်နေကိုင်း ထားရတယ်ဆိုတာ အခုနက ဘာသာတရား ဝေဖန်တာမျိုးကိစ္စ။ ဒါက လက်ရှောင်သင့်တဲ့ဟာ၊ လေးစားရမယ့်ဟာ၊ တန်းဖိုးထားရမယ့်ဟာ၊ မဝေဖန်သင့်တဲ့ဟာ ဒါတွေကဖြစ် နတ်နေကိုင်းလို ထားရတာမျိုး သွန်သင်ပြသပေးဖို့ လိုမယ်ထင်ပါတယ်။ လွတ်လပ်ခွင့်ကိုတော့ မထိန်းချုပ်သင့်ဘူးလို့ ထင်ပါတယ်။ နောက်တခုက ပြင်သစ်မှာ Charlie Hebdo ဖြစ်သွားတဲ့ကိစ္စမှာ သူတို့က တမန်တော်မိုဟာမက် ကို စော်ကားလိုတဲ့ ဆန္ဒတော့ ရှိတယ်လို့ မထင်ပါဘူး။ ကာတွန်းဆရာတွေနဲ့ ပတ်သက်ပြီး ကျနော်ပြောရမယ်ဆိုရင်တော့ ကာတွန်းတွေက အမြဲတမ်း ခေတ်ရှေ့ ပြေးတယ်။ ထိရောက်တယ်။ ကျနော် ကာတွန်းဆရာတွေ လွတ်လပ်မှုရှိရမယ်လို့ အဲဒီလို မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အခု ကာတွန်းနဲ့ ပတ်သက်ပြီးတော့ ပထမဦးဆုံး အကြမ်းဖက်သမားတွေ ပစ်မှတ်ထား၊ မကျေနပ်ဖြစ်တဲ့ ကာတွန်းရယ်လို့ တိတိကျကျတော့ ကျနော် မပြောနိုင်ပါဘူး။ ဒါပေမဲ့ အခု ဒီနေ့မှာလည်း Charlie Hebdo မဂ္ဂဇင်းက မိုဟာမက်ပုံ မျက်နာဖုံးနဲ့ထုတ်မယ် သိရပါတယ်။ စောင်ရေ သန်းနဲ့ချီပြီးတော့ အဲဒါကို ကျနော် ကြည့်လိုက်တော့ အဲဒီမှာ တမန်တော်မိုဟာမက် က မျက်ရည်ကျနေတယ်။ သူကိုယ်တိုင်က Je suis Charlie ဆိုင်ဘုတ်ကိုင်ထားတယ်။ နောက် ထိပ်မှာရေးထားတာက အားလုံးကို ခွင့်လွတ်ပါတယ်ဆိုပြီး ရေးထားပါတယ်။ ဒီဟာကိုတောင်မှ တချို့ မီဒီယာကြီးတွေက အဲဒီ ကာတွန်းပုံကို မဖော်ပြပါဘူး။ ဘယ်လို ရေးထားတယ်ဆိုတာကိုပဲ ပါးစပ်နဲ့ပြောတာ တွေ့ရပါတယ်။ ဆရာ ဦးအောင်ကို နည်းနည်းသုံးသပ်ပြပါ။ ဆရာက ပြင်သစ်မှာနေတယ်ဆိုတော့ မူရင်းကာတွန်းတွေကိုလည်း တွေ့မယ်ထင်ပါတယ်။ ဆရာ ဘယ်လို သဘောရပါသလဲ။

ဦးအောင်ကို ။ ။ ဆိုလိုတာက သူတို့က မိုဟာမက်တမန်တော်နဲ့ အခုဖြစ်နေတဲ့ ကိစ္စတွေနဲ့က ကွာခြားမှုရှိတယ်။ အဲဒါကို သူတို့ ပြောချင်လို့၊ ပြချင်လို့ အဓိကထားတဲ့ ကိစ္စဖြစ်ပါတယ်။ မူစလင်ခေါင်းဆောင်တွေလည်း မနေ့တုန်းက ရောက်ကြတာပဲ။ မိုဟာမက်တမန်တော်ကို ကာကွယ်တဲ့သဘောမျိုးကိုလည်း ဖော်ပြတဲ့အနေနဲ့ အခုနလိုဓါတ်ပုံ လုပ်တဲ့သဘောမျိုးလုပ်တာ။ အခု သူတို့ဘာသာသူတို့ အတော်လေးအံ့သြနေကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ သုံးသန်းလောက် ထွက်သွားမှာကို။ သုံးသန်းလောက် ထွက်တယ်ဆိုတဲ့ကိစ္စကလည်း အားပေးမှု၊ အကူအညီပေးမှု၊ ထောက်ပံ့မှုတွေ ရှိလိုသာလျှင် သူတို့လုပ်နိုင်တာ။

ဦးကျော်ဇံသာ ။ ။ တဖတ်က အယူသီးသမားတွေ ပိုမိုခံပြင်းစရာ ဖြစ်လာနိုင်ပါသလား။ သူတို့ကို ပြန်ပြီးစသလို၊ ဆွသလို ဖြစ်လားနိုင်ပါသလား ဆရာ။

ဦးအောင်ကို ။ ။ မကျေနပ်တဲ့သူတွေကတော့ ရှိမှာပါ။ ရှိပေမဲ့လို့ တကယ်လုပ်တဲ့ ကိစ္စကတော့ သူတို့ရဲ့  တမန်တော်ကို ထိခိုက်တာ မဟုတ်ဘူး။ အဲဒါကို သူတို့ သဲသဲကွဲကွဲ ပြောကြဆိုကြ ဖော်ပြကြတယ်လူရှိတယ်။ ဒီအကြမ်းဖက်သမားတွေကို လက်မခံတဲ့ မူစလင်နိုင်ငံ၊ အစ္စလာမ်မစ်ဘာသာ ကိုးကွယ်သူတွေက ရှိနေတယ်ဆိုတာကို ဖော်ပြချင်လို့ လုပ်တာဆိုရင် အခုနလို စိတ်မကောင်းတဲ့ တမန်တော်အဖြစ် ဖော်ပြတာ။

ဦးကျော်ဇံသာ ။ ။ ဆရာကျော်ရင်မြင့် ဘယ်လို သဘောရပါသလဲ။ ကာတွန်းအနေနဲ့ ပတ်သက်ပြီးတော့။ ကျနော် အခုနပြောတဲ့ ကာတွန်းနဲ့ ပတ်သက်ပြီးတော့။ ဒီအချိန်မှာ ထပ်ထုတ်လိုက်ခြင်းကို ဘယ်လို သုံးသပ်လိုပါသလဲ။

ဦးကျော်ရင်မြင့် ။ ။ ကျနော်ကတော့ ထပ်ထုတ်တာကို ထောက်ခံပါတယ်။ အကြမ်းဖက်မှု၊ အစွန်းရောက်မှုတွေကို အလျှော့မပေးဘူး။ အညံ့မခံဘူးဆိုတဲ့ message ပေးတာလို့ မြင်ပါတယ်။ ကျနော်က အဲဒီလို ထုတ်တာကို ထောက်ခံတယ်။ ဒါပေမဲ့ တချို့  မဖော်ပြရဲဘူးလို့ အခုန ဦးကျော်ဇံသာ ပြောသွားတာ ရှိပါတယ်။ အဲဒါက အခုအချိန်မှာ ကမ္ဘာကြီးကို အစွန်းရောက်တွေ၊ အကြမ်းဖက်သမားတွေက ခြောက်လှန့်နေတော့ ကျနော်တို့ ကြောက်နေရပါတယ်။ ကျနော်ကိုယ်တိုင်လည်း ဒီစကားဝိုင်း ဝင်တာပြောရတဲ့ ကြောက်ကြောက်နဲ့ ပြောရတာပဲ။ တကယ်တော့ မကြောက်ချင်ပါဘူး။ မကြောက်ရွံရတဲ့ လူ့အဖွဲ့အစည်း၊ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေနိုင်တဲ့ စောင့်ရှောက်ပေးမယ့်လူတွေရှိတဲ့ လူ့အဖွဲ့အစည်းမျိုးပဲ နေချင်တာပါ။ အဲဒီလို အဖွဲ့အစည်းမျိုးဖြစ်အောင်လို့ ကျနော်တို့က အခုနလို ကာတွန်းကို ထပ်ဖော်ပြသလို သတ္တိရှိရှိနဲ့ ဆက်လုပ်ရမယ်လို့ ကျနော် မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆရာကို တဆက်တည်း မေးချင်တာက မြန်မာနိုင်ငံ သတင်းလောကသားတွေရဲ့  ပုံမှန်သဘောထားကော ဘယ်လို ရှိကြပါသလဲ။ ကျနော် ဒီနေ့ ရရှိတဲ့သတင်းထဲမှာတော့ Pen Myanmar အဖွဲ့က ထုတ်ပြန်တဲ့ထဲမှာ အမြင်ရှုထောင့်များနဲ့ တင်ပြပုံများ မည်သို့ပင် အငြင်းပွားစေကာမူ ထုတ်ဖော်ပြောဆိုသူများကို အကြမ်းဖက်နည်းလမ်း အသုံးပြုကာ နှုတ်ပိတ်ခြင်း၊ ခြိမ်းခြောက်ခြင်းသည် မည်သူအကြောင်းပြချက်နဲ့အမျှ တရားနည်းလမ်းကျမည် မဟုတ်ဟု Pen Myanmar က ယုံကြည်သည်ဟု ဆိုထားပါတယ်။ အမြင်ရှုထောင့် တင်ပြပုံကတော့ အငြင်းပွားဖွယ် ရှိနေတယ်ဆိုတာကိုတော့ သူတို့က လက်ခံတယ်။ ဒါပေမဲ့ အကြမ်းဖက်မှုကို သူတို့ လက်မခံဘူးဆိုတယ်။ ဆရာ သဘောထားကို သိပါရစေ။ တခြားသတင်းသမားတွေရဲ့  သဘောထား ဘယ်လို ရှိကြမယ်ထင်ပါသလဲ။

ဦးကျော်ရင်မြင့် ။ ။ တခြားသတင်းသမားတွေနဲ့လည်း အထိုက်အလျောက်တော့ ဆွေးနွေးမိပါတယ်။ ကျနော်တို့ အမြင်ကတော့ ဗုဒ္ဓဘာသာဆိုတော့ ဗုဒ္ဓဘာသာအမြင်နဲ့ပဲ ပြောပါရစေ။ ဗုဒ္ဓဘုရားရှင်ဆိုရင် သူ့ပုံကို ညှိနွမ်းအောင်လုပ်တဲ့ စိဉ္စမာဏကို သူဘယ်လို တုန့်ပြန်ခဲ့သလဲ။ ဒါကိုပဲ ကျနော်တို့ နမူနာယူသင့်တယ်လို့ ထင်ပါတယ်။ ငါနဲ့မတူ ငါ့ရန်သူဆိုတဲ့ စိတ်ထားတွေ ဘယ်ဘုရားရှင်ကမှ သဘောကျမှာ မဟုတ်ပါဘူး။

ဦးကျော်ဇံသာ ။ ။ ဆရာဦးအောင်ကို ကို တခုမေးချင်ပါတယ်။ ပြင်သစ်နိုင်ငံမှာ ဒီပွဲကတော့ နာဇီဂျာမဏီ လက်အောက်က လွတ်မြောက်ပြီးတဲ့ဟာနဲ့ နှိုင်းယှဉ်ရလောက်အောင် ကြီးကျယ်တဲ့ပွဲကြီး ဖြစ်ပါတယ်။ ဒါပေမဲ့လဲ သတင်းသမားတွေကလည်း ထောက်ပြတယ်။ ပြင်သစ်မှာ ဂျူးတွေ၊ မူစလင်ကတော့ ဥရောပမှာ ပြင်သစ်မှာ အများဆုံး တိုင်းပြည်ဖြစ်တယ်။ မူစလင်အများဆုံး။ ဂျူးတွေဆိုရင် တချို့  အဲဒီမှာ မနေရဲကြလို့ ပြင်သစ်ကနေ ထွက်ခွါသွားနေကြတယ်ဆိုတဲ့ သတင်းတွေလည်း အများကြီး ရှိပါတယ်။ သူတို့ မူစလင် အကြမ်းဖက်သမားတွေကိုပဲ ကြောက်တာမဟုတ်ပါဘူး။ တကယ်တော့ ပြင်သစ်လူ့အဖွဲ့အစည်းရဲ့  သဘောထားကလည်း သူတို့အပေါ်မှာ ခွဲခြားဆက်ဆံမှုရှိတဲ့ဆိုတဲ့ ကိစ္စကိုလည်း ပြောကြတာ တွေ့ရပါတယ်။ ဆရာ ဘယ်လိုသုံးသပ်လိုပါသလဲ။ ပြင်သစ် လူ့အဖွဲ့အစည်းရဲ့  လွတ်လပ်ခွင့် ဒီကိစ္စမှာ။

ဦးအောင်ကို ။ ။ ဒီဥစ္စာကတော့ ရာဇဝင်ကို။ ပြင်သစ်ရာဇဝင်၊ ဥရောပ ရာဇဝင်က ကမ္ဘာစစ်ကစပြီး ဖြစ်ခဲ့ပြီး အမြစ်ကတော့ ရှိသေးတယ်။ သို့သော်လည်း အစ္စရေးလ်ကို ပြန်သွားကြတယ်ဆိုတာ ရှိတယ်။ ရှိတာကလဲ အစ္စလာမ် က ပြင်သစ်တို့၊ ဥရောပတို့မှာ သူတို့က အင်အားအလွန်ကြီးတယ်။ အရမ်းကြီးလာတဲ့အခါကြတော့ လက်ခံတဲ့ နိုင်ငံတော်ခေါင်းဆောင်တွေလည်း ပြောကြတယ်။ သူတို့က ဖြေရှင်းလို့ မရလောက်တဲ့အထိ ဖြစ်တဲ့အပြင်၊ နောက် (၁၅) နှစ်၊ အနှစ် (၂၀) ဆိုရင် သူတို့တောင်မှ ပြင်သစ်ပြည်ကို အုပ်ချုပ်မယ့်လူတွေဆိုပြီး ထွက်တဲ့သတင်းတွေ ရှိတဲ့အခါကြတော့ အဲဒါတွေလည်း ပါပါလိမ့်မယ်။

ဦးကျော်ဇံသာ ။ ။ ဆရာ ဆိုလိုတဲ့သဘောက ဒီ ဂျူးတွေပြန်တာဟာ အဓိကအားဖြင့် မူစလင်တွေ အင်အားကြီးနေလို့ ပြန်တယ်ဆိုတဲ့ သဘောပေါ့။

ဦးအောင်ကို ။ ။ အဲဒီသဘောလည်း ပါတယ်။ ပြင်သစ်နိုင်ငံက အစဉ်အလာအားဖြင့် နိုင်ငံရေး ခိုလှုံခွင့်စသဖြင့် ပေးထားတဲ့နိုင်ငံအနေနဲ့ သူက ရာဇဝင်စထားတော့ အဲဒါကို ထိထိရောက်ရောက် ကိုင်နိုင်စရာ၊ တွယ်နိုင်စရာအကြောင်းက သူတို့မှာ လေးလေးနက်နက် စဉ်းစားနေတဲ့ အချိန်အခါတွေ ဖြစ်နေတယ်။

ဦးကျော်ဇံသာ ။ ။ ဆရာကျော်ရင်မြင့်ကို နောက်ဆုံးမေးခွန်း မေးချင်ပါတယ်။ မြန်မာနိုင်ငံမှာ ဘာသာရေးနဲ့ ပတ်သက်ပြီးတော့ သိပ်ပြီးတော့ အကဲဆတ်နေတဲ့ အချိန်လို့ ကျနော် မြင်ပါတယ်။ ဒီလူ့အဖွဲ့အစည်းအနေနဲ့ ဒီဟာကို ဘယ်လောက် လက်ခံနိုင်မယ့် အခြေအနေ ရှိမယ်ထင်ပါသလဲ။

ဦးကျော်ရင်မြင့် ။ ။ ကျနော် အခုန ပြောခဲ့သလိုပါပဲ ကျနော်တို့ ကြောက်ရွံပြီး မနေချင်ပါဘူး။ အခုကတော့ ကိုယ့်ကိုယ်ကို ကြည့်နေရတဲ့ အနေအထားလေးတခု ရောက်နေတာ သဘောမကျပါဘူး။ နောက်တခုက ဘာသာရေးကို အခြေခံတဲ့ မငြိမ်းချမ်းမှုတွေ၊ ပဋိပက္ခတွေ အဲဒါတွေကို မလိုလားပါဘူး။ ရွံနေကြပါပြီ။ ဘာသာရေးခေါင်းဆောင်တွေကို လေးစားကြည်ညိုချင်ကြတယ်။ ကြောက်ရွံမချင်ကြဘူး။ ဘာသာရေးခေါင်းဆောင်တွေက ဘုရားအဆူဆူရဲ့  သဘောထားအတိုင်း မေတ္တာထားဖို့၊ ခွင့်လွတ်ဖို့ သွန်သွင်ပြသဖို့ကိုပဲ ပြည်သူလူထုက တောင့်တပြောဆိုနေကြတာကို ကျနော် လေ့လာမိပါတယ်။

No comments:

Post a Comment