Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, January 18, 2015

ကင္မရြန္းမွာ Boko Haram ဝင္ေရာက္ျပန္ေပးဆြဲ


ႏိုင္ဂ်ီးရီးယားႏိုင္ငံ ဘက္ကေန နယ္စပ္ကို ျဖတ္ေက်ာ္ တိုက္ခိုက္မႈ အတြင္း ဘိုကိုဟာရမ္ စစ္ေသြး ႂကြေတြ က လူေပါင္း ၆၀ ထက္မနည္းကို ဖမ္းဆီး ေခၚေဆာင္သြားေၾကာင္း ကင္မရြန္းႏိုင္ငံက တာဝန္ရွိ သူေတြက ေျပာပါတယ္။

တနဂၤေႏြေန႔က စီးနင္းတိုက္ခိုက္မႈအတြင္း လူသံုးဦး သတ္ျဖတ္ခံခဲ့ရကာ လူေနအိမ္ေပါင္း အလံုး ၈၀ ကို ဖ်က္ဆီးသြားခဲ့တယ္လို႔ ကင္မရြန္း အစိုးရ ေျပာ ခြင့္ရသူ Issa Tchiroma က ေျပာပါတယ္။ တိုက္ခိုက္မႈဟာ ကင္မရြန္းႏိုင္ငံရဲ႕ ေျမာက္ဖက္အက်ဆံုး ေဒသတြင္းမွာရွိတဲ့ ေက်းရြာေတြကို ဦးတည္ ျပဳလုပ္ခဲ့တာ ျဖစ္တယ္လို႔လည္း ေျပာပါတယ္။

ျပန္ေပးဆြဲေခၚေဆာင္သြားခံရသူအမ်ားစုဟာ အသက္ ၁၀ ႏွစ္နဲ႔ ၁၅ ႏွစ္ၾကား ငယ္ရြယ္တဲ့ ကေလးေတြ ျဖစ္တယ္လို႔ စစ္ဖက္ဆိုင္ရာ ထိပ္တန္း အရာရွိ တဦးကို ကိုးကားၿပီး ႐ိုက္တာသတင္းဌာနက သတင္း ထုတ္ျပန္ပါတယ္။

ႏိုင္ဂ်ီးရီးယားနဲ႔ ကင္မရြန္းႏိုင္ငံနယ္စပ္မွာ ရွိတဲ့ေနရာေတြကို မၾကာခင္က သိမ္းပိုက္ခဲ့တဲ့ ဘိုကိုဟာရမ္း စစ္ေသြးႂကြေတြကို တိုက္ထုတ္ဖို႔ ခ်တ္ႏိုင္ငံက ေထာင္နဲ႔ခ်ီတဲ့ တပ္ဖြဲ႔ဝင္ေတြ ကင္မရြန္းႏိုင္ငံကို ပို႔ေပးလိုက္ၿပီး ေနာက္တေန႔မွာ အခုလို တိုက္ခိုက္မႈ သတင္းထြက္ေပၚလာတာ ျဖစ္ပါတယ္။

စစ္သားေတြကို ႏိုင္ဂ်ီးရီးယားနယ္စပ္ စစ္မက္ျဖစ္ပြားေနတဲ့အရပ္မွာ ခ်ထားမွာ ျဖစ္တယ္လို႔ ကင္မရြန္းစစ္ဖက္ဆိုင္ရာ တာဝန္ရွိသူေတြက ေျပာပါတယ္။

ဗီြအုိေအ (ျမန္မာဌာန)
http://burmese.voanews.com/content/niger-police-fire-tear-gas-to-disperse-opposition-rally-/2604048.html
...............................................................
 ကင်မရွန်းမှာ Boko Haram ဝင်ရောက်ပြန်ပေးဆွဲ

နိုင်ဂျီးရီးယားနိုင်ငံ ဘက်ကနေ နယ်စပ်ကို ဖြတ်ကျော် တိုက်ခိုက်မှု အတွင်း ဘိုကိုဟာရမ် စစ်သွေး ကွတွေ က လူပေါင်း ၆ဝ ထက်မနည်းကို ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ကင်မရွန်းနိုင်ငံက တာဝန်ရှိ သူတွေက ပြောပါတယ်။

တနင်္ဂနွေနေ့က စီးနင်းတိုက်ခိုက်မှုအတွင်း လူသုံးဦး သတ်ဖြတ်ခံခဲ့ရကာ လူနေအိမ်ပေါင်း အလုံး ၈ဝ ကို ဖျက်ဆီးသွားခဲ့တယ်လို့ ကင်မရွန်း အစိုးရ ပြော ခွင့်ရသူ Issa Tchiroma က ပြောပါတယ်။ တိုက်ခိုက်မှုဟာ ကင်မရွန်းနိုင်ငံရဲ့ မြောက်ဖက်အကျဆုံး ဒေသတွင်းမှာရှိတဲ့ ကျေးရွာတွေကို ဦးတည် ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

ပြန်ပေးဆွဲခေါ်ဆောင်သွားခံရသူအများစုဟာ အသက် ၁ဝ နှစ်နဲ့ ၁၅ နှစ်ကြား ငယ်ရွယ်တဲ့ ကလေးတွေ ဖြစ်တယ်လို့ စစ်ဖက်ဆိုင်ရာ ထိပ်တန်း အရာရှိ တဦးကို ကိုးကားပြီး ရိုက်တာသတင်းဌာနက သတင်း ထုတ်ပြန်ပါတယ်။

နိုင်ဂျီးရီးယားနဲ့ ကင်မရွန်းနိုင်ငံနယ်စပ်မှာ ရှိတဲ့နေရာတွေကို မကြာခင်က သိမ်းပိုက်ခဲ့တဲ့ ဘိုကိုဟာရမ်း စစ်သွေးကွတွေကို တိုက်ထုတ်ဖို့ ချတ်နိုင်ငံက ထောင်နဲ့ချီတဲ့ တပ်ဖွဲ့ဝင်တွေ ကင်မရွန်းနိုင်ငံကို ပို့ပေးလိုက်ပြီး နောက်တနေ့မှာ အခုလို တိုက်ခိုက်မှု သတင်းထွက်ပေါ်လာတာ ဖြစ်ပါတယ်။

စစ်သားတွေကို နိုင်ဂျီးရီးယားနယ်စပ် စစ်မက်ဖြစ်ပွားနေတဲ့အရပ်မှာ ချထားမှာ ဖြစ်တယ်လို့ ကင်မရွန်းစစ်ဖက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com/content/niger-police-fire-tear-gas-to-disperse-opposition-rally-/2604048.html

No comments:

Post a Comment