Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, January 4, 2015

နာမည်ပြောင်းလိုက်တဲ့ ဂျနီဖာလိုပက်ဇ်

အမေရိကန် အဆိုတော် ဂျနီဖာလိုပက်ဇ်သည် ၂၀၁၄ ဒီဇင်ဘာ ၃၁ ရက်တွင် ၎င်း၏ တရားဝင်နာမည်ကို ၎င်း၏ မူရင်းအမည်သို့ ပြန်ပြောင်းခဲ့ ကြောင်း တရားရုံးစာရွက်စာတမ်း များအရ သိရသည်ဟု TMZ သတင်းက ဖော်ပြသည်။

ဂျနီဖာလိုပက်ဇ်သည် ၂၀၀၄ တွင် အမေရိကန်တေးရေး၊ တေးဆိုမာ့ခ်အန်သိုနီနှင့် လက်ထပ်ခဲ့ ပြီး ခင်ပွန်းဖြစ်သူ မာ့ခ်အန်သိုနီ၏ မိသားစုအမည် မြူးနစ်ကိုခံယူ၍ ဂျနီဖာမြူးနစ်ဟူသော တရားဝင် အမည်ဖြင့် ၁၀ နှစ်ခန့်နေထိုင်ခဲ့ သည်။ ဂျနီဖာလိုပက်ဇ်နှင့် မာ့ခ် အန်သိုနီတို့သည် ၂၀၁၄ တွင် တရားဝင်ကွာရှင်းပြတ်စဲခဲ့ပြီး မာ့ခ် အန်သိုနီကလည်း နောက်အိမ်ထောင်ပြုခဲ့၍ ဂျနီဖာလိုပက်ဇ် သည် ၂၀၁၄ နှစ်ကုန် နောက် ဆုံးနေ့တွင် ၎င်း၏ တရားဝင် အမည် ဂျနီဖာမြူးနစ်ကို မူရင်း အမည် ဂျနီဖာလင်းလိုပက်ဇ်သို့ ပြန်လည်ပြောင်းလဲခဲ့သည်။

ဂျနီဖာလိုပက်ဇ်က ၎င်း သည် မာ့ခ်အန်သိုနီနှင့် အိမ် ထောင်ရေးပြိုကွဲချိန်တွင် သေလု မြောပါးခံစားခဲ့ရသည်ဟု HBO ရုပ်သံလိုင်း၏ Jennifer Lopez: Dance Again မှတ်တမ်းတင် ရုပ်ရှင်အစီအစဉ်၌ ပြောကြား သည်။

၎င်းတို့စုံတွဲ၏ အမြွှာကလေး များသည် မိဘများကွာရှင်းပြတ်စဲ မှုကြောင့် စိတ်မကောင်းဖြစ်ရမည် ကို ၎င်းသိနေ၍ ကွာရှင်းပြတ်စဲမှု မှာ အလွန်စိတ်ဒုက္ခ ရောက်ရ သည်ဟုလည်း ဂျနီဖာလိုပက်ဇ်က ပြောသည်။

—Ref: Contact Music
http://7daydaily.com/story/28655#.VKnkYXs9THR

No comments:

Post a Comment