Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, January 17, 2015

ကချင်ပြည်နယ်အတွင်း သစ်မှောင်ခိုထုတ်မှုကြောင့် ဖမ်းဆီးထားသည့် တရုတ်နိုင်ငံသားများမှာ နှစ်စဉ်စီမံကိန်းကြီး တစ်ခုသဖွယ် ၀င်ရောက်လုပ်ကိုင် ခဲ့ခြင်းဖြစ်ဟု စစ်ဆေးချက်ထွက်ရှိ


Sunday, January 18, 2015
ကချင်ပြည်နယ်အတွင်း သစ်မှောင်ခိုထုတ်မှုကြောင့် ဖမ်းဆီးထားသည့် တရုတ်နိုင်ငံသားများမှာ နှစ်စဉ်စီမံကိန်းကြီးတစ်ခု သဖွယ်ဝင်ရောက် လုပ်ကိုင်ခဲ့ခြင်းဟု စစ်ဆေးချက်ထွက်ရှိလာခဲ့ကြောင်း သစ်တောဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
သို့သော်လည်း ယခုနှစ်အတွင်းမှ တပ်မတော်၏ ထောက်လှမ်းရရှိမှုဖြင့်သာ တရုတ်နိုင်ငံသား တစ်ရာကျော်ကို ဖမ်းဆီးနိုင်ခဲ့ပြီး ကချင်ပြည်နယ် အကျဉ်းထောင်များတွင်ခွဲ၍ ချုပ်နှောင်ထားပြီး စစ်ဆေးမေးမြန်းမှုများ ပြုလုပ်လျက်ရှိနေသည်ဟု သိရသည်။
စစ်ဆေးမေးမြန်းမှုများ ပြီးစီးသွားပါက ပုံမှန်အရေးယူနေသည့် သစ်တောဥပဒေ၊ လူဝင်မှုကြီးကြပ်ရေး ဥပဒေများအပြင် ကချင်ပြည်နယ် အစိုးရအဖွဲ့၏ ပြင်းပြင်းထန်ထန် အရေးယူရန် ညွှန်ကြားချက်ရရှိလာပါက ထောင်ဒဏ် ၁ဝ နှစ်အထက် ချမှတ်နိုင်သည့် ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ၆(၁)နှင့်အပက(၃)ဖြင့်ပါ တရားစွဲဆို အရေးယူသွားမည် ဖြစ်ကြောင်း သစ်တောဦးစီးဌာနမှ တာဝန်ရှိသူက ဆက်လက်ပြောကြားသည်။
ယခုလ ၂ ရက်မှ ၅ ရက်အထိတပ်မတော် လေကြောင်းဖြင့် ကင်းထောက်လှမ်းရာတွင် ဝိုင်းမော်မြို့နယ် ဝါရှောင်၊ မံဝိန်း၊ ဆီနီခူး၊ မန်ဒေါင်၊ လောခွန်ယံဆဒုံး စသည့် ဒေသအနှံ့မှ တရုတ်နိုင်ငံသား ၁၂၂ ဦးကို ဖမ်းဆီးရမိခဲ့သည်။
ဆက်လက်ဖမ်းဆီးရမိမှုအရ မြေတူးစက်တစ်စီး၊ ဝန်ဆွဲယာဉ်သုံးစီး၊ ကရိန်းနှစ်စီး၊ သစ်တင်ယာဉ် ၄၃၆ စီး၊ ပါဂျဲရိုးလေးစီး၊ နှစ်ခန်းတွဲယာဉ်နှစ်စီး၊ ဆိုင်ကယ်ကိုးစီးတို့ ပါဝင်ပြီး သစ်ထုတ်လုပ်သည့် စီမံကိန်းကြီး တစ်ခုသဖွယ် လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။
ဘိန်းအပါအဝင် မူးယစ်ဆေးဝါးများကိုလည်း ဖမ်းဆီးနိုင်ခဲ့သောကြောင့် မူးယစ်ဥပဒေဖြင့် အစိုးရမှ တရားစွဲဆိုသွားမည် ဖြစ်သည်။
လက်ရှိတွင် ဖမ်းဆီးရမိခဲ့သည့် သစ်များကို သစ်တောဦးစီးဌာနမှ ရေတွက်၍ မရနိုင်သေးသည့်အထိ နေရာများပျံ့နှံ့ များပြားလျက်ရှိသည်။
ယင်းဖြစ်စဉ်အတွင်း ကေအိုင်အေ (ကချင်)အဖွဲ့၏ စီးပွားရေးတာဝန်ခံ ဗိုလ်ချုပ်ကြီးတစ်ဦး၏ ခွင့်ပြုမိန့်ဖြင့် တရုတ်နိုင်ငံသားများ ဝင်ရောက်လုပ်ကိုင်နေခြင်းဟု သတင်းများလည်း ထွက်ပေါ်ခဲ့သည်။
တရုတ်နိုင်ငံဘက်မှ ၎င်းတို့နိုင်ငံသားများ ဖမ်းဆီးခံရမှုနှင့်ပတ်သက်၍ ကန့်ကွက်မှုမျိုး မရှိခဲ့သော်လည်း တရားစီရင်ရေး အပိုင်းကိုမူ ဝင်ရောက်စွက်ဖက်ထားမှုများ ရှိခဲ့သည်။
တရုတ်နိုင်ငံသားများမှာ မြန်မာနိုင်ငံအတွင်းသို့ ၂ဝ၁၂ ခုနှစ်မှစတင်ကာ သစ်အပါအဝင် သယံဇာတများကို ခိုးထုတ်နေခဲ့သည်ဟု သစ်တောဦးစီးဌာန၏ တာဝန်ရှိသူများမှ ပြောကြားထားမှုများ ရှိထားသည်။
ယင်းဝင်ရောက်ခဲ့သည့် တရုတ်နိုင်ငံသားများကို အနည်းဆုံးထောင်ဒဏ် တစ်နှစ်မှငါးနှစ်အထိ ချမှတ်နိုင်မှုများ ရှိသော်လည်း ငွေဒဏ်နှင့် ပြည်နှင်ဒဏ်ပေးသည့် ပြစ်ဒဏ်များသာ အများဆုံးချမှတ်ခဲ့သည်။
တရုတ်နိုင်ငံမှာ ကမ္ဘာပေါ်တွင် တရားမဝင်သစ်လုပ်ငန်း အကြီးဆုံးလုပ်ကိုင်သည့် နိုင်ငံဖြစ်ပြီး နှစ်စဉ်ဒေါ်လာ ၇ ဘီလျံဖိုး ခန့်အား တရုတ်နိုင်ငံအတွင်းသို့ တင်သွင်းနေပြီး ရာခိုင်နှုန်း ၉ဝ ခန့်မှာ မြန်မာနိုင်ငံမှ သစ်များဖြစ်နေကြောင်း သစ်တောအသင်း၏ ဆွေးနွေးပွဲတွင် ဖော်ပြခဲ့သည်။
မြန်မာနိုင်ငံအတွင်းမှ သစ်ခိုးထုတ်ခံရမှုများမှာ မြင့်တက်လာနေပြီး ၂ဝ၁၄ ခုနှစ်အတွင်း အဖိုးတန်သစ်များ အပါအဝင် အခြားသစ်တန်ချိန် ၄ဝဝဝဝ နီးပါးအထိ ဖမ်းဆီးနိုင်ခဲ့ပြီး တရုတ်နိုင်ငံသားများမှာ ယင်းဖြစ်စဉ်များတွင် အများဆုံး ပါဝင်ခဲ့သည်။
သစ်ခိုးထုတ်ခဲ့သည့် တရုတ်နိုင်ငံသားများ၏ သစ်လုံးတင်ယာဉ်များကို တွေ့ရစဉ်
Eleven Media Group

No comments:

Post a Comment