Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 13, 2015

လမ်းဖြတ်ကူးသူ ယာဉ်တိုက်ခံရသဖြင့် သေဆုံး


ရန်ကုန်၊ ဇန်န၀ါရီ ၁၃

၁၂.၁.၂၀၁၅ရက်နေ့ ၁၉၁၅အချိန် လှိုင်သာယာမြို့နယ်၊ ရန်ကုန်-ပုသိမ် ကားလမ်းအတိုင်း ထန်းတပင် မြို့နယ်ဘက်မှ လှိုင်သာယာ မြို့နယ်ဘက်သို့ လှိုင်သာယာမြို့နယ်နေ ယာဉ်မောင်း ကိုသန်းအောင် (၄၆)နှစ်မောင်းနှင် လာသော 1C---ကင်တာဘောက်ကိုယ်ပိုင်ယာဉ်သည် မြစိမ်းရောင်တံတားအနီး လျှပ်စစ်ရုံးရှေ့အရောက် လမ်းဖြတ်ကူးသူ အသက် (၂၅)နှစ်ခန့်ရှိ အမည်မသိ အမျိုးသား တစ်ဦးအား တိုက်မိခဲ့ပါသည်။

ယာဉ်တိုက်မှုကြောင့် လမ်းကူးသူ အမည်မသိ အမျိုးသားမှာ ပါးစပ်၊ နှာခေါင်း သွေးထွက်၊ ယာပါး ပေါက်ပြဲ၊ ၀မ်းဗိုက်ပွန်းစုတ်၊ ၀ဲ/ယာဒူးပွန်းဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပါသည်။

ယင်းသို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း ကိုသန်းအောင်အား သောင်ကြီးနယ်မြေရဲစခန်း ယာဉ်(ပ)၃/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၄-ကဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice

No comments:

Post a Comment