Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 22, 2015

အမေရိကန်က အလိုက်အဖက်ဆုံး ကာယမောင်မယ်လင်မယား


Buck လို့အမည်ရတဲ့ အသက် ၂၇ နှစ်အရွယ် အမျိုးသားနဲ့ Michelle လို့ အမည်ရတဲ့ အသက် ၃၃ နှစ်အရွယ် အမျိုးသမီးတို့ကို အလိုက်ဖက်ဆုံး စုံတွဲကာယာဗလမောင်မယ်များလို့ ခေါ်ဆိုနေကြပါတယ်။


သူတို့ နှစ်ဦးဟာ သူငယ်ချင်းတို့ရဲ့ ကာယာဗလမောင်မယ် ပွဲတွေကို လိုက်ကူပေးရင်းနဲ့ သိခဲ့ကြတာ ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်ကနေ Distant relationship တစ်ခု ရှိခဲ့ကြပြီး အမျိုးသားက အမေရိကန်မှာ၊ အမျိုးသမီးက ကနေဒါမှာ ဖြစ်ပါတယ်။ အမျိးသမီးဟာ သားတစ်ဦးရှိပြီး အိမ်ထောင်ကွဲ ဖြစ်ပါတယ်။ သူတို့ ၂ ဦးက ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလမှာပဲ မင်္ဂလာဆောင်ခဲ့ကြပါတယ်။

၂၀၁၁ ခုနှစ်ကတည်းက Michelle ဟာ ကာယဗလမယ်ပွဲတွေကို ဝင်ရောက် ယှဉ်ပြိုင်နေပါပြီ။ Buck ကတော့ ၂၀၁၄ ခုနှစ်ဧပြီလမှ စတင်ယှဉ်ပြိုင်ခဲ့ပါတယ်။ အပျော်တန်း အဆင့်ကနေ ဖြစ်ပါတယ်။ သူတို့ ၂ ဦးဟာ လေ့ကျင့်ခန်းစလုပ်တာ လွန်ခဲ့တဲ့ ၄ နှစ်ကတည်း ဖြစ်ပါတ်။ ယူပြီးသွားတဲ့အချိန်မှာကျ ပိုပြီးတော့ လုပ်ဖြစ်သွားကြပြီး တစ်လကို ဗြိတိန်ပေါင် ၄၀၀၀ ဖိုးလောက် ငွေကြေး အသုံးပြုပြီး တစ်နှစ်ကို ပေါင် ၅သောင်းလောက် အသုံးချလို့ ဘော်ဒီထိန်းခြင်း၊ စားသောက်ခြင်း အစရှိသဖြင့်တို့ကို ပြုလုပ်ပါတယ်။

သူတို့ နှစ်ဦးဟာ အားကစားအတူ လုပ်ကြပြီး တစ်ယောက်နဲ့ တစ်ယောက်လညး ဖေးမ ကူညီပါတ်။ Michelle ဟာ ဆိုရင် အရပ် ၅ပေ၇ လက်မ ရှိပြီး ခါး ၂၆၊ တင် ၃၃၊ အလေးချိန် ၁၃ စတုန် ဝန်းကျင်လောက် ရှိ ပါတယ်။

သူတို့ ၂ ဦးဟာ အလိုက်ဖက်ဆုံး ကာယဗလမောင်မယ် လင်မယားအဖြစ် အများက အသိအမှတ် ပြုခဲ့ ပါတယ်။
.
Ref: Dailymail
အောင်ခမ်း (www.innewsmyanmar.com)

No comments:

Post a Comment