Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 20, 2015

မောင်တော၊ ခရေမြိုင်ကျေးရွာတွင် မိန်းကလေးငယ်တစ်ဦးကို အဓ္ဓမကျင့်သော ရဲတပ်သားအား အရေးယူ


မောင်တော၊ ဇန်န၀ါရီ ၁၉။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အတွင်းရှိ ခရေမြိုင်ကျေးရွာတွင် အသက် ၁၂နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးကို ယင်းရွာတွင် တာဝန်ထမ်းဆောင် နေသော နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ရဲတပ်သား တစ်ဦးက အဓမ္မပြုကျင့် ခဲ့သောကြောင့် အရေးယူ ထားကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဇန်န၀ါရီ ၁၄ရက်၊ ည ၉နာရီခန့်တွင် ခရေမြိုင်ကျေးရွာနေ အသက် ၁၂နှစ်အရွယ် မိန်းကလေးကို နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ရဲတပ်သားအဆင့်ရှိ အောင်မြတ်သူက ခိုးရာလိုက်ခဲ့ရန်ခေါ်ကြောင်း၊ မိန်းကလေးက ငြင်းဆန်သဖြင့် လက်ဆွဲ၍ ပါးစပ်ကိုအတင်းပိတ်ကာ ခေါ်သွားကြောင်း၊ ငြိမ်းချမ်းရေးရွာအနီး
ခြုံပုတ်များသို့ ရောက်သည့်အခါ အဓမ္မပြုကျင့်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ မိန်းကလေးငယ်အား မိဘများက ရှာဖွေကြရာ ကားလမ်းဘေးတွင် ငိုလျက်တွေ့ခဲ့ရသဖြင့် အိမ်သို့ပြန်ခေါ်လာခဲ့ကြောင်း ခရေမြိုင်ကျေးရွာ အုပ်ချုပ်ရေမှူး ဦးဇော်ဇော်က ပြောသည်။

အဆိုပါ မိန်းကလေးအား မောင်တောမြို့ ၊ ပြည်သူဆေးရုံတွင် ဆေးစစ်ချက်ယူခဲ့ပြီး၊ အမှုကို မောင်တောမြို့မရဲတပ်ဖွဲ့စခန်းတွင် တိုင်ကြားခဲ့သော်လည်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ အပိုင်တွင် ဖြစ်ပွားခဲ့သည့် အမှုဖြစ်သောကြောင့် လက်ခံ အရေးယူနိုင်ခြင်း မရှိသဖြင့် အမှတ်(၄) နယ်ခြားစောင့် ရဲတပ်ဖွဲ့၊ မန်ကျည်းချောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့စခန်းတွင် တိုင်ချက်ဖွင့်ထားပြီး ရဲတပ်သား အောင်မြတ်သူကို ပုဒ်မ(၃၇၆)ဖြင့် ဖမ်းဆီး စစ်ဆေးနေကြောင်း သိရသည်။

နယ်ခြားစောင့်ရဲတပ်ဖွဲ့သည် မြန်မာ-ဘင်္ဂလားဒေ့ခ်ျ နယ်စပ်ဒေသတွင် ယခင်က တာဝန်ယူခဲ့သော န.စ.က တပ်ဖွဲ့များကို ရုတ်သိမ်းပြီးနောက် အစားထိုး ဖွဲ့စည်းထားသော လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။

ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့ရှိ န.စ.က စခန်းများနှင့် ယခင်က မြို့နယ်ရဲတပ်ဖွဲ့မှူး၏ ကွပ်ကဲမှုလက်အောက်တွင်ရှိသော နယ်မြေ ရဲတပ်ဖွဲ့စခန်းများကို လွှဲပြောင်း လက်ခံကာ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေး တာဝန်ယူနေရပြီး၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် အချို့၏ စည်းကမ်းမဲ့ လုပ်ရပ်များကြောင့် ဆက်ဆံရေး အဆင်မပြေမှု များရှိကြောင်း ဒေသခံများ ကပြောသည်။

Rakhine News Agency
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

20 January 2015

No comments:

Post a Comment