Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, January 25, 2015

အငှားယာဉ်မှ အရှိန်လွန်ပြီး လမ်းဘေးရေမြောင်းအတွင်းသို့ ကျကာတိမ်းမှောက် ခဲ့သဖြင့် ယာဉ်မောင်းသေဆုံးပြီး ယာဉ်ပေါ်ပါသူဒဏ်ရာရ


ရန်ကုန်၊ ဇန်န၀ါရီ ၂၅

၂၄.၁.၂၀၁၅ ရက်နေ့ ၁၇၀၀ အချိန် ထန်းတပင်မြို့နယ်၊ ရန်ကုန်-ပုသိမ်လမ်း
အတိုင်း ညောင်တုန်းဘက်မှ ထန်းတပင်ဘက်သို့ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်
နေ ယာဉ်မောင်း ကိုဝင်းနိုင်(၄၃)နှစ် မောင်းနှင်လာသော DD ---- ကယ်ရီနားဗင် အငှားယာဉ်သည် ပန်တိုင်တံတားအနီး၊ မိုင်တိုင်(၁၇)အရောက်တွင်အရှိန်လွန်ကာ
ယာဘက်လမ်းဘေးရှိ ရေမြောင်းအတွင်းသို့ ထိုးကျတိမ်းမှောက်သွားခဲ့ပါသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း ကိုဝင်းနိုင်မှာ ရင်ဘတ်ဖူးရောင်၊ ယာနံစောင်းပွန်း၊ နှာခေါင်း နှင့်ပါးစပ်တို့တွင် သွေးထွက်ဒဏ်ရာများရရှိကာ လှိုင်သာယာဆေးရုံသို့တင်ပို့ကုသစဉ် သေဆုံးသွားခဲ့ပြီး ယာဉ်ပေါ်ပါသူ အမျိုးသားတစ်ဦးတွင် ဖူးရောင်ပွန်းပဲ့နာကျင်ဒဏ်ရာများရရှိခဲ့သဖြင့် လှိုင်သာယာ
ဆေးရုံတွင် ပြင်ပလူနာအဖြစ်ကုသခဲ့ရပါသည်

ယင်းသို့ ယာဉ်မဆင်မခြင်မောင်းနှင့်သူ ယာဉ်မောင်း ကိုဝင်းနိုင်(သေဆုံး)အား တက်သစ်နယ်မြေ ရဲစခန်း ယာဉ်(ပ) ၄/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၇/၂၇၉
ဖြင့် အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။


No comments:

Post a Comment