Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 20, 2015

အဲအေးရှား လေယာဉ် အမြင့်ကို တက်ရာမှာ အရှိန်များခဲ့


ဂျာဗား ပင်လယ်ထဲကို ပျက်ကျခဲ့ပြီး လူ ၁၆၂ ဦး သေဆုံး ခဲ့ရတဲ့ အဲအေးရှား လေယာဉ် QZ8501 ဟာ အထက် အမြင့်ကို တက်ရာမှာ အရှိန်များခဲ့လို့ စက်ချို့ယွင်းပြီး ပျက်ကျ ခဲ့ရတာ ဖြစ်တယ်လို့ အင်ဒိုနီးရှား ပို့ဆောင်ရေး ဝန်ကြီးက ပြောပါတယ်။

အဲဒီ လေယာဉ်ဟာ အထက် အမြင့်ကို တက်ရာမှာ တိုက်လေယာဉ်တွေ ထက်တောင် ပိုမြန်တဲ့ နှုန်း ဖြစ်တဲ့ တစ်မိနစ်ကို ပေ ၆၀၀၀ နှုန်းနဲ့ ပျံတက် ခဲ့တယ်လို့ ဝန်ကြီး Ignasius Jonan က ပြောပါတယ်။

အဲအေးရှား လေယာဉ် အနေနဲ့ မုန်တိုင်း အနီးကို ချဉ်းကပ် သွားမိပြီး ပြဿနာ ခုလို ကြုံခဲ့ရတာ ဖြစ်နိုင်တယ်လို့ ယူဆ ရပါတယ်။

ဒီဇင်ဘာ ၂၈ ရက်က အင်ဒိုနီးရှား နိုင်ငံ ဆူရာဘာယာ ကနေ စင်ကာပူကို ပျံသန်းစဉ် အခုလို ဘေးအန္တရာယ် ကြုံခဲ့ရတာ ဖြစ်ပါတယ်။

ပင်လယ်ထဲက လေယာဉ် အစိတ်အပိုင်းတွေ ပျံ့ကျဲနေတဲ့ ဧရိယာ တဝိုက်ကနေ ခရီးသည် အလောင်းတွေကို လိုက်လံ ဆယ်ယူနေဆဲ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.co.uk/…/…/01/150120_air_asia_climbed_too_fast

No comments:

Post a Comment