Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, January 18, 2015

ဘရားဇီးနဲ့နယ်သာလန် အင်ဒိုနီးရှားဆိုင်ရာ သံအမတ်တွေ ပြန်ရုပ်


မူးယစ်ဆေးဝါးမှောင်ခိုကူးမှုနဲ့ပတ်သက်ပြီး နိုင်ငံခြားသား ၅ ယောက်နဲ့ အင်ဒိုနီးရှားနိုင်ငံသား ၁ ယောက်အ ပါအဝင် လူ ၆ ယောက်ကို အင်ဒိုနီးရှားနိုင်ငံက သေဒဏ်ချမှတ်မှု မှာ Brazil နဲ့ Netherlands နိုင်ငံတွေရဲ့အ သနားခံစာကို လျစ်လျူရှုခဲ့တယ်ဆိုပြီး အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ Brazil နဲ့ Netherlands သံအမတ်တွေကို သက်ဆိုင်ရာ နိုင်ငံတွေက ပြန်ပြီးခေါ်ယူခဲ့ပါတယ်။

ဒီလူ ၆ ယောက်ကို အင်ဒိုနီးရှားနိုင်ငံ Java အလယ်ပိုင်းဒေသမှာ တနင်္ဂနွေနေ့ မနက်လင်းအားကြီးမတိုင် ခင်က သေနတ်နဲ့ ပစ်ခတ်အဆုံးစီရင်ခဲ့တယ်လို့ ရှေ့နေချုပ်ရုံးက ပြောပါတယ်။ အင်ဒိုနီးရှားအစိုးရအနေနဲ့ မူးယစ်ဆေး မှောင်ခိုရောင်းဝယ်သုံးစွဲသူအားလုံးနဲ့ ဘယ်လိုညှိနှိုင်းမှုမျိုးမှ လုပ်မှာမဟုတ်ဘူးဆို တာကိုပြ တဲ့လုပ်ရပ် ဖြစ်တယ်လို့ အင်ဒိုနီးရှားရှေ့နေချုပ်က ပြောပါတယ်။

ဒီသေဒဏ်ပေးမှု လူသားဂုဏ်သိက္ခာနဲ့ ဖြစ်တည်မှုကိုငြင်းပယ်တဲ့ လက်မခံနိုင်စရာ ပြစ်ဒဏ်ဖြစ်တယ်လို့ Dutch နိုင်ငံခြားရေးဝန်ကြီး Bert Koenders က ပြောဆိုပါတယ်။

ခုလို သေဒဏ်ပေးလိုက်တာဟာ Brazil နဲ့ အင်ဒိုနီးရှားနှစ်နိုင်ငံဆက်ဆံရေးကို အကြီးအကျယ် ထိခိုက်မှု ရှိလိမ့်မယ်လို့ BRAZIL အစိုးရက ကျေညာချက် ထုတ်ပြန်ပါတယ်။ Brazil နဲ့Netherlandနိုင်ငံသားတွေနဲ့အ တူ မာလာဝီ၊ နိုင်ဂျီးရီးယားနဲ့ ဗီယက်နမ်နိုင်ငံသားတွေကိုလည်း ပစ်ခတ် သေဒဏ်ပေးခံခဲ့ရပါတယ်။

အောက်တိုဘာလက တာဝန် စထမ်းဆောင်ခဲ့တဲ့ သမ္မတ Joko Widodo က မူးယစ်ဆေး တရားမဝင်
ရောင်းချ မှုကို ပြတ်ပြတ်သားသား ကိုင်တွယ် နှိမ်နင်းတယ်ဆိုတဲ့ သဘောထားကို ပြသတဲ့အနေနဲ့ မူး ယစ်မှောင်ခိုမှုတွေအတွက် အသနားခံစာတွေကို ပယ်ချခဲ့တာဖြစ်ပါတယ်။

VOA

No comments:

Post a Comment