Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, January 19, 2015

ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က အိုင်အက်စ်ဟု သင်္ကာမကင်းသူလေးဦးကို ဖမ်းဆီး


ဒါကာ ဇန်နဝါရီ ၁၉



၎င်းတို့ထံမှ လက်တော့ပ် နှစ်လုံးနှင့် အိုင်အက်စ် အဖွဲ့၏ လက်ကမ်းစာစောင်များကို သိမ်းဆည်းရမိကြောင်း စုံထောက်ဌာနစိတ်မှ မာစူဒါရာမာက ပြောသည်။

၎င်းတို့သည် အိန္ဒိယနှင့် ပါကစ္စတန်အပါအဝင် အိမ်နီးချင်းနိုင်ငံများသို့ သွားရောက်ခဲ့ဖူးကြောင်းနှင့် ပါကစ္စတန်နိုင်ငံတွင် အကြမ်းဖက်မှုသင်တန်းကို တက် ရောက်ခဲ့ကြောင်း မာစူဒါရာမာက ထပ်လောင်းပြောကြား သည်။

၎င်းတို့အား စစ်ဆေးမေးမြန်းစဉ်တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် လှုပ်ရှားနေသော အိုင်အက်စ်အဖွဲ့ဝင်များသည် ငွေကြေးနှင့် လက်နက်များစုဆောင်းပြီး ဘင်္ဂလားဒေ့ရှ် အစိုးရကို အကြမ်းဖက်တိုက်ခိုက်မည်ဖြစ်ကြောင်း ဖမ်းဆီး မိသူများအနက် တစ်ဦးက ပြောသည်။


ဆင်ဟွာ။
The Mirror Daily
https://www.facebook.com/TheMirrorDaily
,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,
ဒါကာ ဇန်နဝါရီ ၁၉

ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့၏ စုံထောက်ဌာန စိတ်သည် မြို့တော် ဒါကာတွင် အိုင်အက်စစ်အဖွဲ့ဝင်များဟု သံသယ ရှိသူလေးဦးကို ဖမ်းဆီးခဲ့သည်ဟု ဆင်ဟွာ သတင်းတွင် ယနေ့ ဖော်ပြသည်။

ဖမ်းဆီးရမိ သူများ အနက် တစ်ဦးသည် ဘင်္ဂလား ဒေ့ရှ်ရှိ အိုင်အက်စ်အဖွဲ့၏ အကြီးအကဲဖြစ်မည်ဟု ယူဆ ထားကြောင်း တာဝန်ရှိသူများက ပြောသည်။

၄င်းတို့ထံမှ လက်တော့ပ် နှစ်လုံးနှင့် အိုင်အက်စ် အဖွဲ့၏ လက်ကမ်းစာစောင်များကို သိမ်းဆည်းရမိကြောင်း စုံထောက်ဌာနစိတ်မှ မာစူဒါရာမာက ပြောသည်။

၄င်းတို့သည် အိန္ဒိယနှင့် ပါကစ္စတန်အပါအဝင် အိမ်နီးချင်းနိုင်ငံများသို့ သွားရောက်ခဲ့ဖူးကြောင်းနှင့် ပါကစ္စတန်နိုင်ငံတွင် အကြမ်းဖက်မှုသင်တန်းကို တက် ရောက်ခဲ့ကြောင်း မာစူဒါရာမာက ထပ်လောင်းပြောကြား သည်။

၄င်းတို့အား စစ်ဆေးမေးမြန်းစဥ်တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် လှုပ်ရှားနေသော အိုင်အက်စ်အဖွဲ့ဝင်များသည် ငွေကြေးနှင့် လက်နက်များစုဆောင်းပြီး ဘင်္ဂလားဒေ့ရှ် အစိုးရကို အကြမ်းဖက်တိုက်ခိုက်မည်ဖြစ်ကြောင်း ဖမ်းဆီး မိသူများအနက် တစ်ဦးက ပြောသည်။

ထိုသို့ တိုက်ခိုက်ခြင်းသည် ဘင်္ဂလားဒေ့ရှ်တွင် အစ္စလာမ္မစ်နိုင်ငံတည်ထောင်ရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ၄င်းက ဆိုသည်။
ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့သည် ၂ဝ၁၃ ခုနှစ်တွင် အိုင်အက်စ်အဖွဲ့ဝင်များဟု သံသယရှိသူရှစ်ဦးကို ဖမ်းဆီး ခဲ့ကြောင်း သိရသည်။

ဆင်ဟွာ။
The Mirror Daily

No comments:

Post a Comment