Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 13, 2015

လက်ထပ်ဖို့ ရက်သတ္တပတ် အနည်းငယ်အလိုမှာ သတို့သမီး အသတ်ခံရ

အသက် (၃၄) ရှိ Tanya Nikitina ဆိုသူမှာ Rod Hernandez နဲ့ လက်ဖို့မတိုင်မီ ရက်သတ္တတစ်ပတ် အနည်းငယ်အလိုမှာ သူမရဲ့ အရင်ယောက္ခမဖြစ်သူရဲ့ သေနတ်ဖြင့် ပစ်သတ်ခြင်းကို ခံခဲ့ရပါတယ်။ သူမ ပစ်သတ်ခံရတဲ့အချိန်မှာ သူမနဲ့ လက်ထပ်မယ့် ချစ်သူနဲ့ ဖုန်းပြောနေခဲ့တာဖြစ်ကြောင်း Hernandez က ထိတ်လန့်တုန်လှုပ်ဖွယ် ဖွင့်ဟခဲ့ပါတယ်။

သူမက Hanson ရဲ့သားဖြစ်သူ Dale Jankowski နဲ့ လမ်းခွဲပြီးနောက် Mary Nance Hanson က Nikitina ကို ပစ်သတ်ခဲ့တာပါ။ Nikitina နဲ့ Jankowski ရဲ့ ကလေးနှစ်ယောက်ကို ထောင်မကျစေချင်တာကြောင့် သူမ စာသင်ပေးတဲ့ ကျောင်းကားရပ်နားရာ နေရာမှာ Nikitina ကို Hanson သေနတ်နဲ့ ပစ်သတ်ခဲ့ပါတယ်။

Nikitina အသတ်ခံရတဲ့အချိန်မှာ သူမနဲ့ သူဖုန်းပြောနေခဲ့တယ်လို့ Hernandez ပြောဆိုခဲ့ပါတယ်။ သူမ အော်ဟစ်သံနဲ့ ပေါက်ကွဲသံတစ်ခုကြားလိုက်ရချိန်တုန်းက သူမ ကျွန်တော့်ကို ဘယ်လောက်ချစ်ကြောင်းပြောပြနေချိန်ပေါ့လို့ ဆိုပါတယ်။ ကားအင်ဂျင်စက်သံဆက်လက်ကြားနေရပြီး ရေဒီယိုလည်း ဖွင့်လျက်ရှိနေခဲ့တယ်ဆိုတာ ကြားသိနိုင်ခဲ့တယ်။ သူ မတော်တဆတစ်ခုခုဖြစ်ခဲ့တာပဲလို့ ထင်မှတ်ခဲ့တယ်။ ဒါနဲ့ ကားပေါ်အပြေးတက်ပြီး ကျောင်းကို ဖုန်းတောင်မချသေးပဲ မောင်းထွက်သွားခဲ့တယ်လို့ ပြောပါတယ်။

Hanson တစ်ယောက်တော့ တစ်ဘဝ ထောင်နန်းစံရတော့မှာဖြစ်တယ်။ ဒါပေမယ့် ထောင်ထဲဘယ်လောက်ကြာအောင်နေနေ Tanya ကို ပြန်ရအောင် ဘယ်လိုနည်းနဲ့မှ ပြန်လုပ်ယူလို့ မရတော့တာကြောင့် Hernandez အတွက် ဒါဟာ မလုံလောက်သေးပါဘူး။ ။ ကိုယ်နဲ့စေ့စပ်ထားတဲ့ ချစ်သူရဲ့ကြေကွဲဝမ်းနည်းသံကြားရတာ ခုထိ ကျွန်တော့်ကို ခြောက်လန့်နေတုန်းပဲ။ သူမရှိတော့ဘူးဆိုတာ ခုထိ ယုံကြည်လက်ခံလို့ မရသေးဘူးလို့ သူက ပြောဆိုခဲ့ပါတယ်။

Source: Cosmopolitan
http://www.trend.com.mm/2015/01/13/lifestyle-5471

No comments:

Post a Comment