Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 7, 2015

ဆူကီဂျီ ငါးဈေးနဲ့ ဒေါ်လာ ၃၇,၅၀၀တန် တူနာငါး



ကမ္ဘာပေါ်မှာ ငါးနဲ့ ပင်လယ်စာ ရောင်းဝယ် ဖောက်ကားတဲ့ အကြီးဆုံး နေရာကို ပြပါဆိုရင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့လယ်က ဆူကီဂျီ ငါးဈေးကို ညွန်ပြရမှာပါ။ ဈေးအပေါဆုံး ပင်လယ်စာကနေ တန်ဖိုး အကြီးဆုံး ငါးဥဆားနယ်အထိ ရနိုင်သလို အရွယ်အစားအရ ပြောမယ်ဆိုရင်လည်း ဆာဒင်း ငါးလေးတွေကနေ ၃၀၀ကီလိုဂရမ်ရှိတဲ့ တူနာငါး(ငါးမည်းလုံး)တွေအထိ ရရှိနိုင်ပါတယ်။
၁၉၂၃မှာ စတင်ဖွင့်လှစ်ခဲ့တဲ့ ဆူကီဂျီ ငါးဈေးဟာ (ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့ပြီး ၁၉၃၅ ဖေဖော်ဝါရီမှာ တည်နေရာ ပြောင်းရွေ့ခဲ့) ၂၀၁၁ခုနှစ်ကစလို့ နှစ်စဉ် ဇန်န၀ါရီ ၅ရက်နေ့တိုင်းမှာ နှစ်တစ်နှစ်ရဲ့ ပထမဆုံး လေလံပွဲ ကျင်းပလေ့ရှိပါတယ်။
ဒီနှစ်အတွက် ကျင်းပခဲ့တဲ့ လေလံပွဲမှာ ကီယိုမူနာ ဆူရှီဆိုင်ပိုင်ရှင် ကီမူရာက ကီလို ၁၈၀ရှိတဲ့ တူနာငါးကြီးကို အမေရိကန် ဒေါ်လာ ၃၇,၅၀၀ (ယန်းငွေ ၄.၅၁သန်း)နဲ့ လေလံအောင်ခဲ့ပါတယ်။ တူနာငါး တစ်ကောင်ကို ဒီဈေးနှုန်းနဲ့ လေလံအောင်ခဲ့တာ ကီမူနာအတွက် အံ့အားသင့်စရာပါပဲ။
ဘာလို့လဲဆိုတော့ ကီမူရာဟာ ၂၀၁၂ခုနှစ်တုန်းက တူနာငါးကြီး တစ်ကောင်အတွက် အမေရိကန် ဒေါ်လာ ၇၃၆,၇၀၀ ပေးခဲ့သလို ၂၀၁၃ခုနှစ်ကလည်း ၂၂၂ ကီလိုဂရမ်ရှိတဲ့ တူနာငါးတစ်ကောင် ကို ဒေါ်လာ ၁.၇၆သန်းနဲ့ လေလံဆွဲခဲ့ပါတယ်။ ဒါဟာ တူနာငါး တစ်ကောင်အတွက် စံချိန်တင် တန်ကြေးပါပဲ။
၂၀၁၁ခုနှစ်က ၃၄၂ ကီလိုဂရမ် ရှိသည့် တူနာငါးကြီးကို ဂျပန် ဆူရှီဆိုင် ပိုင်ဆိုင် နှစ်ဦးနဲ့ ဟောင်ကောင် ဆူရှီဆိုင် ပိုင်ရှင် တစ်ဦး ပူးတွဲ လေလံ အောင်ခဲ့ပြီးတဲ့နောက် ကီမူရာနဲ့ ဟောင်ကောင် ဆူရှီဆိုင် ပိုင်ဆိုင်တွေရဲ့ လေလံပြိုင်ဆိုင်မှု ပိုပြင်းထန်လာသလို တူနာငါးဈေးကလည်း တဖြည်းဖြည်း ထိုးတက်လာခဲ့ပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့ ၄နှစ်ဆက်တိုက် ပထမဆုံး တူနာငါး လေလံပွဲတွေမှာ ကီမူရာကပဲ တောက်လျှောက် လေလံအောင်ခဲ့ပါတယ်။ ဒီနှစ်မှာ ဆူကီဂျီငါးဈေး ဖွင့်လှစ်မှု နှစ် ၈၀ပြည့် အထိမ်းအမှတ်အဖြစ် အမှတ်တရပွဲတွေ ကျင်းပနေပြီး ၂၀၁၆ခုနှစ် နိုဝင်ဘာလမှာ တိုကျိုမြို့က တိုယိုဆုမြို့နယ်တစ်ဝိုက်မှာ ပြောင်းလဲဖွင့်လှစ်ဖို့ စီစဉ်ထားတယ်လို့ japanrealtime သတင်းဌာနက ဖော်ပြထားပါတယ်။
Nz (ရိုးရာလေး)
www.yoyarlay.com

No comments:

Post a Comment