Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 16, 2015

အများပြည်သူ မသောက်သုံးသင့်သော ရေသန့်အမှတ်တံဆိပ်များကို ထုတ်ပြန်ကြေညာရန်လိုအပ်


သောက်သုံးရန်မသင့်သော ရေသန့် တံဆိပ် (၂၂)မျိုးကို အမည်နာမနှင့်တကွ ဖော်ပြပေးသင့်ကြောင်း၊ စားသုံးသူများ ဘက်က အမြဲကာကွယ် ပြောဆို နေသော စာသုံးသူ ကာကွယ်ရေး အသင်းဥက္ကဌ ဦးဗအုပ်ခိုင်က New Watch သို့ ပြောကြားသည်။ ယခုလအစောပိုင်းက မြန်မာနိုင်ငံ အစားအစာနှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(FDA) က မြန်မာနိုင်ငံတွင် သောက်သုံးရန်အသင့်သော ရေသန့် အမှတ်တံဆိပ် ၂၂ မျိုးရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့သော်လည်း အမည်နာမများကိုမူ ထုတ်ပြန်ခဲ့ခြင်း မရှိချေ။

ဦးဗအုပ်ခိုင် က FDA အနေနှင့် သုတေသနများလုပ်သင့်ကြောင်း၊ ပြည်သူများအနေနှင့် လွန်ခဲ့သော (၂)နှစ်ကျော်လောက်ကစပြီး မသောက်သုံးသင့်သောရေများကို သောက်နေရသည့် သဘောရှိကြောင်း၊ မသောက်သုံးသင့်သည့် တံဆိပ်(၂၂)မျိုးကို ကျင့်ဝတ်အရ မဖော်ပြဘူးဆိုတာ မဖြစ်သင့်ကြောင်း၊ ပြည်သူလူထုထက်ကြီးသော ကျင့်ဝတ်သိက္ခာဆိုတာ မဖြစ်သင့်ကြောင်း၊ ပြည်သူများအနေနှင့် ဘယ်တံဆိပ်ကို သောက်ရမလဲ၊ ဘယ်ရေသန့်ကို သောက်ရမလဲဆိုတဲ့နေရာမှာ ရွေးချယ်သောက်သုံးနိုင်ဖို့ ထုတ်ပြန်သင့် ကြောင်း၊ စီးပွားရေးသမားဘက်ကကြည့်ပြီး ကျင့်ဝတ်အရမထုတ်ပြန်ခြင်းသည် ပြည်သူမျက်နှာကိုမကြည့်သလို ဖြစ်သွားကြောင်းကို ယင်းက ပြောသည်။

“နာမည်ကြီးတံဆိပ်ပါ ရေသန့်(၂၂)မျိုးနဲ့ ပတ်သက်ပြီး အမည်တံဆိပ်တော့ ထုတ်ပြန်ပေးသင့်တယ်။ စီးပွားရေးသမားဆိုတော့ ဒီတံဆိပ်ကို မသောက်တော့ရင် နောက်အမည်နဲ့ မှတ်ပုံတင်ထုတ်မှာပဲလေ။ ကျွန်တော်တို့ ပြည်သူတွေအနေနှင့် ဒီလို သတင်းထုတ်ပြန်မှုတွေကိုကြည့်ပြီး ဘာ လုပ်ရမှန်းတောင် မသိဘူး။ Dr.သဲစုကျော်၊ Dr.ထွန်းဇော်တို့ဆီ ဖုန်းဆက်တော့လည်း ဖုန်း မကိုင်ပါဘူး။ FDA အနေနှင့် ပြည် သူဘက်က ကြည့်သင့်တယ်။ ပြည်သူနဲ့ ကျင့်ဝတ်နှိုင်းယှဉ်ရင် ပြည်သူ့မျက်နှာပဲ ကြည့်သင့်တယ်။ လက်ဖက်တုန်းကလည်း ဒီလိုပဲ၊ ကောက်ရိုးမီးလို ဟုန်းခနဲတောက်ပြီး နောက်တော့ အဖျားရူးသွားတယ်။ ဒီလို ပိုးမွှားပါရေတွေ၊ Ph7 မဖြစ်တဲ့ရေတွေကို ပြည်သူတွေမသောက်သုံးသင့်ဘူး ဆိုရင် သေသေချာချာ သုတေသနလုပ်ပြီး သတင်းထုတ်ပြန်၊ အဲဒီမှာ ပွင့်လင်းမြင်သာ မှုရှိအောင် တံဆိပ်တွေနဲ့ထုတ်ပြန်ရင် စီးပွားရေးသမားတွေကိုလည်း ထိန်းကျောင်းပြီးသား ဖြစ်သွားတယ်”ဟုပြည်သူတဦးဖြစ်သူ ဦးကျော်ဝင်း က ပြောသည်။

သဒ္ဓါထက်အိုင်(လှည်းတန်း)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

No comments:

Post a Comment