Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 23, 2015

ဇနီးဖြစ်သူ၏ သတင်းပေးမှုကြောင့် ဓာတုလက်နက်များ သယ်ဆောင်လာသည့် အမေရိကန် နိုင်ငံသားတစ်ဦးကို ဖမ်းဆီးနိုင်ခဲ့


အော့တ၀ါ ၊ ၂၃-၁-၂၀၁၅

ကနေဒါနိုင်ငံ အတွင်း ဓာတု လက်နက်ဖြင့် တိုက်ခိုက်မည် ဟူသော ခြိမ်းခြောက်မှု နှင့် စပ်လျဉ်း၍ အမေရိကန် နိုင်ငံသား တစ်ဦးကို ယင်းနိုင်ငံ အာဏာပိုင် များက ဖမ်းဆီး ခဲ့ကြောင်း သိရသည်။

အာဏာပိုင် များ၏ ထုတ်ပြန်ချက် အရ ဖမ်းဆီးခံရသူ အမျိုးသားမှာ အမေရိကန် နိုင်ငံသား ခရစ္စတိုဖာ ဖိလစ် ဆိုသူဖြစ်ပြီး ၄င်းသည် အန္တရာယ် ရှိသည့် ဓာတု ပစ္စည်းများကို မော်တော်ယာဉ်ပေါ် တင်ဆောင် ၍ ဟားလီးဖက်စ်မြို့ မှ အော့တာဝါ သို့ ထွက်ခွာ သွားမည် ဖြစ်သည်ဟု ၄င်း၏ အမျိုးသမီး ဖြစ်သူက ရဲတပ်ဖွဲ့ ကို သတင်းပေးပို့ ပြီးနောက်တွင် ဖိလစ် ကို အာဏာပိုင် များက ဖမ်းဆီး နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဖိလစ် သည် အမေရိကန် ပြည်ထောင်စုမှ ပါမောက္ခ တစ်ဦးဖြစ်ပြီး ယခင်က အမေရိကန် စစ်ဘက်တွင် ဓာတု လက်နက် ဆိုင်ရာ ကျွမ်းကျင်သူ တစ်ဦးအဖြစ် အမှုထမ်း ခဲ့ဖူးကြောင်း အာဏာပိုင် များက ပြောကြား ခဲ့သည်။

ရဲတပ်ဖွဲ့သည် ဖိလစ်ကို ဖမ်းဆီးပြီး နောက်ပိုင်းတွင် ၄င်း၏ မော်တော်ယာဉ် ကို ရှာဖွေခဲ့ကြောင်း သိရသည်။ ဖမ်းဆီးခံ ရသူသည် အဆိုပါ ဓာတု ပစ္စည်းများကို မော်တော်ယာဉ် ဖြင့် တင်ဆောင် သွားရသည့် အကြောင်းရင်း အတိအကျ ကိုမူ ဖော်ထုတ် နိုင်ခြင်း မရှိသေးကြောင်း၊ သို့သော် အဆိုပါ ပစ္စည်းများကို အကြမ်းဖက် တိုက်ခိုက် ရာတွင် အသုံးပြုမည် ဟူသော သတင်းများ ကိုလည်း လက်ခံ ရရှိခြင်း မရှိသေးကြောင်း ရဲတပ်ဖွဲ့က ပြောကြား ခဲ့ကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com/2015/01/blog-post_85.html

No comments:

Post a Comment