Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, January 18, 2015

ကုလသမဂ္ဂ အကြီးအကဲ (၂) ဦးကို မြန်မာနိုင်ငံရှိ အထင်ကရ ဆရာတော်များ ဦးဆောင် ဆန္ဒပြ

ဝဏ္ဏအောင်

                ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဖြစ်သူ မစ္စတာ ဘက်ကီမွန်းနှင့် ကုလသမဂ္ဂ မြန်မာနိုင်ငံ လူ့အခွင့်အရေး ဆိုင်ရာ ကိုယ်စားလှယ် မစ္စ ရန်ဟီးလီ တို့ကို ဘင်္ဂါလီများ နိုင်ငံသား ဖြစ်ခွင့် အရေးနှင့် ပတ်သက်ပြီး ရှုတ်ချသည့် အနေဖြင့် မြန်မာနိုင်ငံ၏ အထင်ကရ ဆရာတော်များ ပါဝင် ဆန္ဒပြ ခဲ့ကြောင်း သတင်း ရရှိသည်။ ယင်းကဲ့သို့ ဆန္ဒ ထုတ်ဖော်ရာတွင် အထင်ကရ ဆရာတော် နှစ်ပါး ဖြစ်သည့် မန္တလေး တိုင်းဒေသကြီး မစိုးရိမ်တိုက် ကျောင်းမှ ဆရာတော် ဦးဝိရသူနှင့် ရန်ကုန် တိုင်းဒေသကြီး မကွေး ကျောင်းတိုက် ဆရာတော် ဦးပါမောက္ခ တို့မှ ဦးဆောင် ဆန္ဒပြခဲ့ကြောင်း သိရသည်။ ဘုန်းကြီးတို့ နိုင်ငံမှာ ခိုးဝင် ဘင်္ဂါလီ ဖြစ်နေတဲ့ သူတွေကို နိုင်ငံသား အဖြစ် လက်ခံဖို့ ပြောနေ ကြတယ်။ ဘုန်းကြီးတို့ လုံးဝ လက်မခံနိုင် ပါဘူး။ ဒါကြောင့် ဆန္ဒပြ ကန့်ကွက်တာပါ ဟု မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခက မိန့်ကြားသည်။

                   ယင်းကဲ့သို့ ဆန္ဒပြရာတွင် ရွှေတိဂုံ ဘုရား ကြေးသွန်း ဘုရားကြီး၌ နေ့လယ် တစ်နာရီတွင် လူစုရပ် အဖြစ်ထား ရှိပြီး ယင်းမှ တစ်ဆင့် ရွှေဂုံတိုင်လမ်း၊ တာမွေရှိ ဗိုလ်စိန် မှန်လမ်းအတိုင်း ချီတတ်ကာ ကျိုက္ကဆံရှိ ဟစ်တိုင်ကွင်းတွင် ညနေ (၅) နာရီအထိ ဟောပြောကာ ဆန္ဒထုတ်ဖော် ခဲ့သည်။ ထို့အပြင် ဆန္ဒပြရာ လမ်းတစ်လျှောက်တွင် ဘင်္ဂါလီ လူမျိုးများ နိုင်ငံသား အဖြစ် မသတ်မှတ်ရေး တို့အရေး၊ ခိုးဝင် ဘင်္ဂါလီ များကို လူမျိုး အတုအယောင် ဖန်တီးတဲ့ သူတို့ ရန်သူ၊ ခိုးဝင် ဘင်္ဂါလီ များကို ကုလမှ သတ်မှတ်ချက် ရှုတ်ချသည် စသည့် ကြွေးကြော်သံ များကို ဟစ်ကြွေး ခဲ့ပြီး၊ ရဟန်းရှင် လူပေါင်း (၁၀၀၀) ၀န်းကျင်ခန့် လမ်းလျှောက် ဆန္ဒ ထုတ်ဖော်ခဲ့သည်။

                     ခိုးဝင်လာတဲ့ သူတွေကို နိုင်ငံသား အဖြစ် သတ်မှတ်ပေးဖို့ ဆိုတာ မတရားပါဘူး။ ဒီလို မတရားမှု ပြုလုပ်တဲ့အပေါ် ကန့်ကွက် ရှုတ်ချတဲ့ အနေနဲ့ ကျွန်တော်တို့ ဆန္ဒ ထုတ်ဖော်ရခြင်း ဖြစ်ပါတယ်။ ကျွန်တော် တို့တင် မကပါဘူး။ အဖွဲ့အစည်း (၁၀) ဖွဲ့လောက်ကနေ ပြီးတော့ ဆန္ဒထုတ်ဖော် ကြတာပါ ဟု ဆန္ဒပြပွဲ ဖြစ်မြောက်ရေး ကြီးကြပ်မှု ကော်မတီမှ ဦးဝင်းကိုကိုလတ်က ပြောသည်။ မြန်မာပြည် အချုပ်အခြာ အာဏာကို မြန်မာပြည်သူတွေ ပိုင်စိုးရမယ်၊ မြန်မာပြည်ရဲ့ အချုပ်အခြာ အာဏာကို ၀င်ရောက် စွက်ဖက်သူမှန် သမျှ ရန်သူပါပဲ ဟု ဆရာတော် ဦးဝိရသူက မိန့်သည်။

                      ရခိုင် ပြည်နယ်ရှိ မြို့နယ် သုံးမြို့နယ်တွင် ဘင်္ဂါလီများကို  နိုင်ငံသား အဖြစ် စိစစ်ကာ သတ်မှတ်ပေး သွားမည် ဖြစ်ပြီး နိုင်ငံသား အဖြစ် လျှောက်ထားသည့် ဘင်္ဂါလီ ဦးရေမှာ (၃၀၀)ကျော် ရှိကြောင်း နောက်ဆုံးရ သတင်းများ အရ သိရသည်။ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှ ရိုဟင်ဂျာ များကို ပညာ သင်ကြားခွင့်နှင့် ကျန်းမာရေး စောင့်ရှောက်မှု တို့တွင် တန်းတူ ညီမျှခွင့် ပေးရန်၊ ပဋိပက္ခများ၏ အကြောင်းရင်းနှင့် ရိုဟင်ဂျာ(ဘင်္ဂါလီ)များကို ခွဲခြား ဆက်ဆံခြင်းအား ရှာဖွေ ဖော်ထုတ်ရန် ၂၀၁၄ခုနှစ် ဒီဇင်ဘာ (၃၀) ရက်နေ့က တိုက်တွန်းခဲ့သည်။
http://www.messengernewsjournal.com/news/Local/detail.php?id=29983

No comments:

Post a Comment