Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 14, 2015

မြန်မာနိုင်ငံမှ အမျိုးသမီးကို ဆော်ဒီအာရေဗျတွင် ကွပ်မျက်

ဆော်ဒီအာရေဗျနိုင်ငံတွင် ကလေးသူငယ် သတ်မှုနှင့် မုဒိန်းမှု ကျူးလွန်ခဲ့သည့် မြန်မာနိုင်ငံမှဟု ဆိုသော အမျိုးသမီးတဦးကို ဇန်နဝါရီ ၁၂ ရက်၊ တနင်္လာနေ့က ခေါင်းဖြတ် ကွပ်မျက်စီရင်လိုက်ပြီ ဖြစ်ပါသည်။ ဆော်ဒီအာရေဗျနိုင်ငံတွင် ယခုနှစ် သေဒဏ်စီရင်ခံရသူ ၎င်းနှင့်ပါ ၇ ဦး ရှိသွားပြီ ဖြစ်၏။လေလာ ဘင့် အဗ္ဗဒူလ် မူတာလက် ဘတ်ဆင်းမ်အား အသက် ၆ နှစ်အရွယ် လင်ပါသမီးကို ညှဉ်းပန်းသတ်ဖြတ်မှု၊ လိင်အင်္ဂါကို တံမြက်စည်းရိုးဖြင့် ထိုး၍ မုဒိန်းကျင့်မှုတို့ဖြင့် အပြစ်ရှိကြောင်း စီရင်ကာ သေဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။ ကွပ်မျက်ခံရသော အမျိုးသမီး၏ အသက်ကို မူရင်းသတင်းထုတ်ပြန်ချက်တွင် ဖော်ပြမထားချေ။
သူမ၏ ခင်ပွန်းနှင့် အသတ်ခံရသော သမီးလေးတို့သည်လည်း မြန်မာနိုင်ငံမှ ရောက်ရှိလာသူများ ဖြစ်သည်ဟု ဆိုသည်။ ၎င်းတို့သည် မိမိတို့ဖာသာ ရိုဟင်ဂျာဟု ခေါ်ဆိုသူများ ဟုတ်မဟုတ် မသိရချေ။ ဆော်ဒီအာရေဗျနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ၎င်းတို့၏ ပတ်စပို့ နိုင်ငံကူးလက်မှတ်ကို စစ်ဆေးခြင်းမရှိဘဲ အတည်ပြု ပြောဆိုနိုင်ခြင်း မရှိကြောင်း ငြင်းဆိုသည်။တရားခံအမျိုးသမီးသည် ရက်စက်စွာ ကျူးလွန်ခဲ့သောအကြောင်းကြောင့် အယူခံတရားရုံးနှင့် တရားရုံးချုပ်ကပါ သေဒဏ်ကို အတည်ပြုခဲ့ခြင်း ဖြစ်သည်ဟု ဆော်ဒီအာရေဗျ ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ဖော်ပြောကြားသည်။အယူခံအဆင့်ဆင့် ရှုံးနိမ့်ပြီးနောက် ဘာသာရေးမြို့တော် မက္ကာတွင် တရားခံအား ဦးခေါင်းဖြတ်၍ ကွပ်မျက်လိုက်ခြင်း ဖြစ်၏။
ဆော်ဒီအာရေဗျနိုင်ငံသည် လူသတ်မှု၊ မုဒိန်းမှု၊ ဘာသာစွန့်ပစ်မှု၊ မူးယစ်ဆေးဝါးမှု၊ လက်နက်ကိုင် ဓားပြမှုတို့အတွက် သေဒဏ်အပြစ်ပေးနိုင်သော ဥပဒေ ရှိသည်။ ၂၀၁၄ ခုနှစ်တွင် သေဒဏ်ကွပ်မျက်မှု ၈၇ မှု ရှိခဲ့သဖြင့် ၂၀၁၃ ခုနှစ်က ၇၈ မှုထက် ပိုများလာကြောင်း၊ အီရန်နှင့် အီရတ်တို့ ပြီးလျှင် ဆော်ဒီအာရေဗျသည် သေဒဏ်ကွပ်မျက်မှု တတိယအများဆုံး နိုင်ငံဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းခွင့်အဖွဲ့က အစီရင်ခံစာတွင် ဖော်ပြထားသည်။
http://kabarthit.com/index.php?option=com_content&view=article&id=571:2015-01-14-01-32-29&catid=8:2013-10-13-17-09-02&Itemid=214

No comments:

Post a Comment