Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, January 19, 2015

ေမာင္ေတာတြင္ ၁၂ ႏွစ္အရြယ္ မိန္းကေလးတစ္္ဦး အဓမၼျပဳက်င့္ခံရ


ရန္ကုန္၊ ဇန္နဝါရီ ၁၇

ရခိုင္ျပည္နယ္၊ ေမာင္ေတာျမိဳ႕နယ္ အေနာက္ဘက္ နယ္စပ္တြင္ အသက္ ၁၂ ႏွစ္အရြယ္ မိန္းကေလး တစ္ဦး အဓမၼျပဳက်င့္ ခဲ့ရသည္ဟု သတင္း ရရွိသည္။

ယင္းျဖစ္စဥ္မွာ ယခုလ ၁၄ ရက္ေန႕က ေမာင္ေတာျမိဳ႕နယ္ ခေရျမိဳင္ေက်းရြာတြင္ ျဖစ္ပြားခဲ့သည္ဟု ဆိုသည္။

ယင္းျဖစ္စဥ္ႏွင့္ ပတ္သက္ျပီး ေမာင္ေတာျမိဳ႕နယ္  နယ္ျခားေစာင့္ရဲတပ္ဖြဲ႕မွ အသက္ (၂၀) ႏွစ္ အရြယ္တပ္သား တစ္ဦးအား ဖမ္းဆီးထားသည္ဟု သိရသည္။

ေမာင္ေတာၿမိဳ႕နယ္၊ ခေရၿမိဳင္ေက်းရြာမွ ၁၂ ႏွစ္အရြယ္ရွိ မ +++ သည္ ယင္းေန႔ညေန ၈ နာရီခန္႔တြင္ ယင္းေက်းရြာရွိ ေနအိမ္တစ္လံုး၌ TV ၾကည့္ေနစဥ္ ခေရၿမိဳင္ေက်းရြာအနီးတာဝန္ထမ္းေဆာင္ေနသည့္ နယ္ျခားေစာင့္ တပ္မွ ရဲတစ္ဦး ျဖစ္သူ အသက္ ၂ဝ ေက်ာ္အရြယ္ ေအာင္ျမတ္သူက မ +++  အား အိမ္ေအာက္သုိ႔ ေခၚကာ သူႏွင့္ခုိးရာ လုိက္ေျပးရန္ ေခၚေဆာင္ခဲ့ေၾကာင္း ေက်းရြာသားမ်ားက ေျပာသည္။

“အဲလုိေခၚေတာ့ အဲဒီကေလးမေလးက မလိုက္ဘူးျငင္းတယ္။ ဒါနဲ႔ ေအာင္ျမတ္သူက ေကာင္မေလးကို ပါးစပ္ပိတ္ၿပီး အျပင္ကုိ ေခၚသြားတယ္။ ေနာက္ေတာ့ ပါးကို သံုးေလးခ်က္ေလာက္ရုိက္ၿပီးေတာ့ အဓမၼျပဳက်င့္ ခဲ့တာပဲလုိ႔ ေကာင္ မေလးကထြက္ဆုိတယ္”ဟု ယင္းအမႈအား လုိက္ပါ ေဆာင္ရြက္ေပးေနသူ တစ္ဦးကဆုိသည္။

ယင္းေန႔ည ၉ နာရီေက်ာ္ခ်ိန္အထိ ၎မိန္းခေလးမွာ အိမ္ျပန္မလာသျဖင့္ မိသားစုမ်ား လိုက္လံရွာေဖြရာ သူမကုိ ကားလမ္း အနီးတြင္ ငိုလ်က္ေတြ႕ရွိခဲ့ေၾကာင္း ေဒသခံမ်ားက ဆုိသည္။

ယခုအခါ အမႈက်ဴးလြန္သူအား သူတာဝန္က်ရာနယ္ျခားေစာင့္ရဲစခန္းတြင္ ဖမ္းဆီးထိမ္းသိမ္းထားၿပီး သူ႔အား အမႈဖြင့္ကာ ဥပေဒအရအေရးယူရန္ စီစဥ္ေနေၾကာင္းလည္း ထိုအမႈအား လိုက္ပါေဆာင္ရြက္ေပးေနသည့္ ေမာင္ေတာ ၿမိဳ႕ခံတစ္ဦးက  ေျပာသည္။

အဆိုပါ ကိစၥႏွင့္ ပတ္သက္ျပီး ေမာင္ေတာရဲစခန္းသို႕ ဆက္သြယ္ရာ ၎နယ္ေျမမွာ နယ္ျခားေစာင့္တပ္ဖြဲ႕ အပိုင္ ျဖစ္သျဖင့္ ယင္းသို႕ ဆက္သြယ္ေမးျမန္းရန္ ေျပာၾကားသည္။ ျမန္မာႏိုင္ငံ အေနာက္ဘက္ေဒသရွိ နယ္ျခား ေစာင့္တပ္ဖြဲ႕အေနျဖင့္ မီဒီယာမ်ားမွ ေမးျမန္းခ်က္မ်ားကို တစ္ၾကိမ္ တစ္ခါမွ် ျပန္လည္ ေျဖၾကားျခင္း မရွိသျဖင့္  အဆိုပါ သတင္းႏွင့္ ပတ္သက္ျပီး ဆက္သြယ္ ေမးျမန္းႏိုင္ျခင္းမရရွိခဲ့ပါ။

မာန္ယုေက်ာ္ (ေရႊဝေျမ)
နိရဥၥရာ သတင္းဌာန
http://www.thithtoolwin.com/2015/01/blog-post_196.html
,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,
 မောင်တောတွင် ၁၂ နှစ်အရွယ် မိန်းကလေးတစ််ဦး အဓမ္မပြုကျင့်ခံရ

ရန်ကုန်၊ ဇန်နဝါရီ ၁၇

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အနောက်ဘက် နယ်စပ်တွင် အသက် ၁၂ နှစ်အရွယ် မိန်းကလေး တစ်ဦး အဓမ္မပြုကျင့် ခဲ့ရသည်ဟု သတင်း ရရှိသည်။

ယင်းဖြစ်စဥ်မှာ ယခုလ ၁၄ ရက်နေ့က မောင်တောမြို့နယ် ခရေမြိုင်ကျေးရွာတွင် ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ယင်းဖြစ်စဥ်နှင့် ပတ်သက်ပြီး မောင်တောမြို့နယ်  နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ အသက် (၂၀) နှစ် အရွယ်တပ်သား တစ်ဦးအား ဖမ်းဆီးထားသည်ဟု သိရသည်။

မောင်တောမြို့နယ်၊ ခရေမြိုင်ကျေးရွာမှ ၁၂ နှစ်အရွယ်ရှိ မ +++ သည် ယင်းနေ့ညနေ ၈ နာရီခန့်တွင် ယင်းကျေးရွာရှိ နေအိမ်တစ်လုံး၌ TV ကြည့်နေစဥ် ခရေမြိုင်ကျေးရွာအနီးတာဝန်ထမ်းဆောင်နေသည့် နယ်ခြားစောင့် တပ်မှ ရဲတစ်ဦး ဖြစ်သူ အသက် ၂ဝ ကျော်အရွယ် အောင်မြတ်သူက မ +++  အား အိမ်အောက်သို့ ခေါ်ကာ သူနှင့်ခိုးရာ လိုက်ပြေးရန် ခေါ်ဆောင်ခဲ့ကြောင်း ကျေးရွာသားများက ပြောသည်။

“အဲလိုခေါ်တော့ အဲဒီကလေးမလေးက မလိုက်ဘူးငြင်းတယ်။ ဒါနဲ့ အောင်မြတ်သူက ကောင်မလေးကို ပါးစပ်ပိတ်ပြီး အပြင်ကို ခေါ်သွားတယ်။ နောက်တော့ ပါးကို သုံးလေးချက်လောက်ရိုက်ပြီးတော့ အဓမ္မပြုကျင့် ခဲ့တာပဲလို့ ကောင် မလေးကထွက်ဆိုတယ်”ဟု ယင်းအမှုအား လိုက်ပါ ဆောင်ရွက်ပေးနေသူ တစ်ဦးကဆိုသည်။

ယင်းနေ့ည ၉ နာရီကျော်ချိန်အထိ ၎င်းမိန်းခလေးမှာ အိမ်ပြန်မလာသဖြင့် မိသားစုများ လိုက်လံရှာဖွေရာ သူမကို ကားလမ်း အနီးတွင် ငိုလျက်တွေ့ရှိခဲ့ကြောင်း ဒေသခံများက ဆိုသည်။

ယခုအခါ အမှုကျူးလွန်သူအား သူတာဝန်ကျရာနယ်ခြားစောင့်ရဲစခန်းတွင် ဖမ်းဆီးထိမ်းသိမ်းထားပြီး သူ့အား အမှုဖွင့်ကာ ဥပဒေအရအရေးယူရန် စီစဥ်နေကြောင်းလည်း ထိုအမှုအား လိုက်ပါဆောင်ရွက်ပေးနေသည့် မောင်တော မြို့ခံတစ်ဦးက  ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး မောင်တောရဲစခန်းသို့ ဆက်သွယ်ရာ ၎င်းနယ်မြေမှာ နယ်ခြားစောင့်တပ်ဖွဲ့ အပိုင် ဖြစ်သဖြင့် ယင်းသို့ ဆက်သွယ်မေးမြန်းရန် ပြောကြားသည်။ မြန်မာနိုင်ငံ အနောက်ဘက်ဒေသရှိ နယ်ခြား စောင့်တပ်ဖွဲ့အနေဖြင့် မီဒီယာများမှ မေးမြန်းချက်များကို တစ်ကြိမ် တစ်ခါမျ ပြန်လည် ဖြေကြားခြင်း မရှိသဖြင့်  အဆိုပါ သတင်းနှင့် ပတ်သက်ပြီး ဆက်သွယ် မေးမြန်းနိုင်ခြင်းမရရှိခဲ့ပါ။

မာန်ယုကျော် (ရှေဝမြေ)
နိရဥ္စရာ သတင်းဌာန
http://www.thithtoolwin.com/2015/01/blog-post_196.html

No comments:

Post a Comment