Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 16, 2015

တွားသွားတစ်ကောင် အမှတ်နဲ့ မိခင်ကို ခေါင်းဖြတ်ခဲ့သူ

အမျိုးသားတစ်ဦးက သူ့မိခင်ဖြစ်သူကို တွားသွားသတ္တဝါတစ်ကောင်လို့ မှတ်ယူထားတာကြောင့် ခေါင်းဖြတ်ခဲ့ကြောင်း တရားသူကြီးမှ သိရပါတယ်။

James Dunleavy ဆိုသူက သူမိခင် Philomena ကို ခေါင်းဖြတ်သတ်ပြီး မြေတိမ်တိမ်လေးမြုပ်ကာ ပစ်သွားခဲ့ပါတယ်။

အသက် ၆၆ နှစ် ရှိပြီဖြစ်တဲ့ သူ့မိခင်ရဲ့ လက်နဲ့ ခြေထောက်တွေကို ခုတ်ဖြတ်ခဲ့ကြောင်း ဂျူရီလူကြီးအဖွဲ့ သိရှိတဲ့အခါ Dunleavy အသက် ၄၁ နှစ်ကို ထောင်ဒဏ် (၉) နှစ်ချမှတ်ခဲ့ပါတယ်။

Dunleavy ဟာ မိခင်ဖြစ်သူ လူစစ်စစ် ဟုတ်မဟုတ် ခန္ဓာကိုယ်အတွင်းပိုင်းကို ကြည့်ချင်မြင်ချင်တဲ့ စိတ်ကြမ်းစိတ်ရိုင်းဝင်နေသော စိတ္တဇဝေဒနာရှင်တစ်ဦးဖြစ်ကြောင်း တရားရုံးက သိရှိခဲ့ပါတယ်။

သူ့မှာ လူသတ်ပြစ်မှု မရှိပေမယ့် လူသတ်တဲ့ပြစ်မှု အမှားကြီးရှိနေကြောင်း ဂျူရီလူကြီး အဖွဲ့တွေ့ရှိခဲ့တယ်။

“ မိခင်ကို တွားသွားတစ်ကောင်လို့ ယုံကြည်ထားပြီး ဒီအချက်ကို စစ်ဆေးသိရှိဖို့အတွက် တစ်ခုတည်းသော နည်းလမ်းက သူမရဲ့ ခန္ဓာကိုယ်ခွဲကြည့်ဖို့သာဖြစ်ကြောင်း ထင်မှတ်နေသူဖြစ်တယ်” လို့ အတိုင်ပင်ခံ စိတ်ရောဂါ အထူးကုဆရာဝန် Khuram Khan က တရားရုံးကို ပြောပြခဲ့ပါတယ်။

သေချာစိစစ်မှုတွေ ပြုလုပ်ပြီးတဲ့နောက်မှာတော့ ရိုးရိုးထောင်သားဘ၀နဲ့ သူ့အပြစ်ဒဏ်တွေကို ပေးဆပ်သွားမှာဖြစ်ပါတယ်။

Ref: Metro
http://www.trend.com.mm/2015/01/16/news-5516

No comments:

Post a Comment