Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 13, 2015

ဒေသလုပ် ဘီယာသောက်ပြီးနောက် လူ ၆၉ ဦး အဆိပ်သင့် သေဆုံး


မပူတို ၊ ၁၃-၁-၂၀၁၅

မိုဇမ်ဘစ်နိုင်ငံ အနောက် မြောက်ပိုင်းတွင် ကလေးငယ် တစ်ဦး အပါအဝင် အနည်းဆုံးလူ ၆၉ ဦးသည် Phombe အမည်ရှိ ဒေသတွင်း ထုတ်လုပ် ထားသော ဘီယာေ သာက်သုံး ပြီးနောက် ဇန်နဝါရီ ၁ဝ ရက် နံနက်ပိုင်းက အဆိပ်သင့်၍ သေဆုံး ခဲ့ကြောင်း အာဏာပိုင် များက ဇန်နဝါရီ ၁၁ ရက်တွင် ပြောကြား ခဲ့သည်။

ထို့ပြင် အခြား ၃၉ ဦးမှာ အဆိုပါ Phombe ဘီယာ သောက်သုံး ပြီးနောက် အဆိပ်သင့် ခဲ့ခြင်းကြောင့် ဇန်နဝါရီ ၁ဝ ရက်တွင် ဆေးကုသမှု ခံယူလျက် ရှိကြောင်း တတ်တီ ပြည်နယ်ရှိ ကျန်းမာရေးမှူး ကာလာမော့ခ်ခီ က ပြောကြား ခဲ့သည်။

အဆိပ်သင့်သူ အားလုံးသည် လွန်ခဲ့သည့် ရက်သတ္တပတ် နှောင်းပိုင်းက ကျင်းပသည့် ဈာပန အခမ်းအနားတစ်ခုတွင် ဒေသရိုးရာ အတိုင်း ထုတ်လုပ် ထားသည့် Phombe အမည်ရှိ ဘီယာကို သောက်သုံး ခဲ့ကြကြောင်း သိရသည်။

#PyiChitThar
http://www.pyichitthar.com/2015/01/blog-post_17.html

No comments:

Post a Comment