Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, January 3, 2015

ရန်ကုန်မြို့လယ်တိုက်ခန်းတွင် အမျိုးသမီးကို ကြိုးတုပ်သတ်ဖြတ် လုယက်မှုဖြစ်ပွား

By
နေလင်းထွန်း
နန်းအောင်

အသတ်ခံရသော အမျိုးသမီး၏ ရုပ်အလောင်းကို ရင်ခွဲရုံသို့သယ်ဆောင်ရန် ပြင်ဆင်နေစဉ် (ဓာတ်ပုံ − နန်းအောင်)

အသက် (၇၀) အ ရွယ် အမျိုးသမီးကြီးတစ်ဦးကို ကြိုးတုပ်သတ်ဖြတ်၍ ရွှေငါး ကျပ်သားခန့်ရှိ လက်ဝတ်ရတနာ များ ယူဆောင်သွားသော ဖြစ်စဉ် မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ဖြစ်ပွားခဲ့သည်။

မင်္ဂလာတောင်ညွန့် ၁၂၃ လမ်းတွင် ဇန်န၀ါရီ ၃ ရက် ည နေ ၄ နာရီခန့်က ဒေါ်မာဘီယာ သည် ၎င်းနေထိုင်ရာ လေးလွှာ တိုက်ခန်း၌ လက်နှစ်ဖက်ကြိုး တုပ်၍ ပါးစပ်တွင်အ၀တ်ဆို့လျက် ဦးခေါင်း ချိုစောင်းဒဏ်ရာဖြင့် သေဆုံးနေမှုကို အိမ်နီးချင်းက တွေ့မြင်ခဲ့ခြင်းဖြစ်သည်။

‘‘သားဖြစ်သူနဲ့ ချွေးမဖြစ်သူ နဲ့ အတူနေတာပါ။ သားက ၁ ရက်နေ့ကမှ မလေးရှားက ပြန်လာတာ။ နေ့လယ် ၁၂ နာရီ လောက်က အလုံကို အတူသွား ကြပြီး နေ့လယ် ၂ နာရီလောက် မှာ ပြန်လာပြီးတော့ သားနဲ့ချွေးမ က ကရ၀ိက်သွားဖို့ ဆင်းနေခဲ့ တယ်။ နေ့လယ် ၃ နာရီလောက် မှာ အ၀တ်လျှော်နေရင်းနဲ့ ဘေး ခန်းက ကောင်မလေးနဲ့ စကား ပြောလိုက်သေးတယ်။ တံခါး ခေါက်သံကြားလို့ ဖွင့်ပေးသံကြား တယ်လို့လည်း ဘေးခန်းက ပြော တယ်။ ၄ နာရီလောက်မှာ ဘေး ခန်းက လင်ပန်းသွားပေးဖို့ အခန်း ထဲ ၀င်သွားတဲ့အချိန်မှာ တွေ့ လိုက်တာပါ’’ ဟု အခင်းဖြစ်ပွား ရာနေရာသို့ သွားရောက်စစ်ဆေး နေသော ရဲအရာရှိက ပြောသည်။

အခင်းဖြစ်ပွားရာနေရာတွင် သွေးစွန်းနေသော သနပ်ခါး ကျောက်ပြင်ကို တွေ့မြင်ရပြီး ဒဏ်ရာများကြောင့် သေဆုံးခြင်း မဟုတ်ဘဲ အသက်ရှူကျပ်၍ သေဆုံးသွားခြင်းဖြစ်ကြောင်း အ ထက်ပါ တာဝန်ကျ ရဲအရာရှိက ပြောသည်။

ရွှေငါးကျပ်သားခန့်ရှိ ဆွဲ ကြိုး၊ ဆွဲပြား၊ လက်စွပ်နှင့် လက် ကောက်နှစ်ကွင်းကို သေဆုံးသွား သော အမျိုးသမီးကြီးထံမှ ပြစ်မှု ကျူးလွန်သွားသူက ယူဆောင် သွားကြောင်း၊  မင်္ဂလာတောင်ညွန့် မြို့နယ်ရဲတပ်ဖွဲ့က ပြစ်မှုကျူးလွန်သူအား စုံစမ်းဖော်ထုတ်လျက်ရှိ ကြောင်း သိရသည်။
http://7daydaily.com/story/28558#.VKi4XHs9THR

No comments:

Post a Comment