Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 6, 2015

ဗိုလ်ချုပ်အောင်ဆန်း၏အဆိုအမိန့်(၁)

ဗိုလ်ချုပ်အောင်ဆန်း၏အဆိုအမိန့်(၂)
"မှတ်ထား ...ငါ့တပ်ထဲမှာ အခွင့်အရေးယူချင်တဲ့ အကောင် တစ်ယောက် မှ မရှိရဘူး၊ မပါစေရဘူးကွ၊ လူထုငတ်ရင် အားလုံး ငတ်ရမယ်၊ လူထုဆင်းရဲရင် တို့ရဲဘော်တွေ အားလုံး ဆင်းရဲရမယ်၊ ငါလည်း ဆင်းရဲရမယ်၊ ငါတို့တစ်တွေ တည်ဆောက်ခဲ့တဲ့ တပ်မတော်ကြီးဟာ ဒီဝါဒ ဒီလို အမိန့်နဲ့ ချီတက်ဖို့ အရေးကြီးတယ်"

(ဗိုလ်ချုပ် ဒေါသထွက်သောနေ့ ဗိုလ်တာရာ ၏ ဆောင်းပါးမှ ကောက်နှုတ်ဖေါ်ပြပါသည်)

"ဘာလဲကွ ...မင်းတို့က ဂျပန်တွေ ကားစီးပြီး အဝတ်ကောင်း ဝတ်တာတွေ အားကျလို့လား ...ဟေ့ မင်းတို့မှတ်ထား ငါတို့တပ်မတော်ဟာ ပြည်သူလူထုရဲ့သား သမီးတွေဆိုတာ၊ကြည့်လိုက်စမ်း ။တို့ပြည်သူလူထုတွေဟာ စစ်ဘေးဒဏ်သင့်ပြီး တစ်ဖက်က ငပုတွေက တွေ့ကရာ ဆွဲယူ အနိုင်ကျင့်ချင်တိုင်း အကျင့်ခံနေရတဲ့ဘဝမှာ မင်းတို့လိုအကောင်တွေကဇိမ်ခံချင်တယ်၊ကားအသစ်ကြီးတွေ စီးချင်တယ်၊ဒုက္ခရောက်နေတဲ့ပြည်သူလူထုထက် အခွင့်အရေးပိုယူချင်ကြတယ်၊အစားကောင်းတွေဖိစားချင်ကြတယ်၊ လူထုက ဝတ်စရာ ပုဆိုး၊ အင်္ကျီမရှိတဲ့ ဘဝမှာ မင်းတို့လိုအလိုက်ကမ်းဆိုး မသိတဲ့အကောင်မိုက်တွေက စစ်ဝတ်စုံအကောင်းတွေ ဝတ်ချင်ကြတယ်၊ မှတ်ထား ... ဒီလိုစိတ်မျိုး၊ အမြင်မျိုး၊ အကျင့်မျိုးတွေရှိနေသမျှ ငါမျှော်မှန်းထားတဲ့ ပြည်သူ့တပ်မတော်နဲ့တော့ ဝေးပါသေးတယ်ကွာ၊ ရှက်စရာသိပ်ကောင်းတယ်၊ မင်းတို့ ပြည်သူလူထုအတွက် စစ်တိုက်နေတယ်ဆိုတာ အလကားပဲ၊ လုံးဝ အဓိပ္ပါယ် မရှိတော့ဘူး"

("ဗိုလ်ချုပ် ဒေါသထွက်သောနေ"့
ဗိုလ်တာရာ၏ဆောင်းပါးမှ ကောက်နှုတ်ဖေါ်ပြပါသည်)

No comments:

Post a Comment