Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 22, 2015

ဘိုကိုဟာရမ် စစ်သွေးကြွများ၏ ပြန်ပေးဆွဲ ဖမ်းဆီးခြင်း ခံခဲ့ရသည့် ဂျာမနီနိုင်ငံသား ကို ပြန်လည်ကယ်တင်



Robert Nitsch Eberhard arrives Wednesday at an airport after he was freed.


နိုင်ဂျီးရီးယား နိုင်ငံတွင် ဘိုကိုဟာရမ် စစ်သွေးကြွ များ၏ ပြန်ပေးဆွဲ ဖမ်းဆီးခြင်း ခံခဲ့ရသည့် ဂျာမနီ နိုင်ငံသား တစ်ဦးကို ကင်မရွန်း တပ်ဖွဲ့များက ပြန်လည် ကယ်တင် နိုင်ခဲ့ကြောင်း သိရသည်။

ရောဘတ်နစ်ခ်ျ အီဘာဟာဒ့် အမည်ရှိ အဆိုပါ အမျိုးသားသည် လွန်ခဲ့သည့်နှစ် ဇူလိုင်လ အတွင်းက နိုင်ဂျီးရီးယား နိုင်ငံ အတွင်း၌ စာသင်ကြား ပေးနေစဉ် စစ်သွေးကြွ များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး ၄င်း အနေဖြင့် စစ်သွေးကြွ များ လက်မှ အသက်ရှင်လျက် ပြန်လည် လွတ်မြောက် နိုင်မည်ဟု ထင်မှတ် ထားခဲ့ခြင်း မရှိကြောင်း ယမန်နေ့တွင် ပြောကြား ခဲ့သည်။

ဘိုကိုဟာရမ် စစ်သွေးကြွ များသည် ၄င်းအား ဖမ်းဆီး ထားချိန်အတွင်း ညစ်ပေနေသည့် အခန်းအတွင်း ချုပ်နှောင် ထားခဲ့ကြောင်း ၊ ယင်း ဖမ်းဆီးမှု အတွင်း ၄င်း၏ ကိုယ်အလေးချိန် မှာ ကီလို ၅၀ ( ပေါင် ၁၀၀) အထိ ကျဆင်း ခဲ့ရကြောင်း အီဘာဟာ့ဒ် က ပြောကြား ခဲ့သည်။

၎င်းကို စစ်သွေးကြွများ လက်မှ ပြန်လည် ကယ်တင် နိုင်ခဲ့ခြင်း နှင့် စပ်လျဉ်း၍ ကင်မရွန်းနိုင်ငံ ဆိုင်ရာ ဂျာမနီ သံအမတ် ကလောက်လက်ဝစ် ကီဖာစတိန်း က ကင်မရွန်း အစိုးရကို ကျေးဇူး တင်ရှိကြောင်း ပြောကြား ခဲ့သည်။

ဘိုကိုဟာရမ် စစ်သွေးကြွ များသည် နိုင်ဂျီးရီးယား နိုင်ငံအတွင်း အကြမ်းဖက် တိုက်ခိုက်ခြင်း ၊ ဖမ်းဆီး ပြန်ပေးဆွဲခြင်း များကို ပြုလုပ်လျက် ရှိပြီး အိမ်နီးချင်း နိုင်ငံများ ကိုလည်း ခြိမ်းခြောက်လျက် ရှိကြောင်း သိရှိရသည်။

Freed German hostage calls Boko Haram captivity 'total darkness'
https://www.youtube.com/watch?v=QVVBE2gjTZs

#PyiChitThar

No comments:

Post a Comment