Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 8, 2015

သမ္မတအိုဘားမားသမီး၏ ရှားပါးဓါတ်ပုံ အွန်လိုင်းပေါ် ရောက်ရှိ



AFP ၊ ဇန်နဝါရီ၊ ၈

အများပြည်သူရှေ့ သွားလာရေးနှင့် ပတ်သက်၍ အိမ်ဖြူတော်၏ နှစ်အတော်ကြာ ဂရုတစိုက်ကြည့်ရူ စောင့်ရှောက်မှု ရှိခဲ့ပြီးနောက် သမ္မတအိုဘားမား၏ သမီးကြီး အသက်(၁၆)နှစ်အရွယ် မာလီယာ အိုဘားမား၏ လျို့ဝှက်ဆန်းကြယ် ဓါတ်ပုံ တစ်ပုံ အွန်လိုင်းပေါ် ရောက်ရှိလာခဲ့သည်။

Brooklyn rap group Pro Ero အမည်နှင့် ပုံနှိပ်စာလုံးဖော်ပြထားသော tee-shirt အကျီင်္ ကို ဝတ်ဆင် ထားသည့် အဆိုပါဓါတ်ပုံ ထွက်ပေါ် လာခဲ့ခြင်း ဖြစ်သည်။

ကလန့်ကလားနိုင်လှသည့် အထက်တန်းကျောင်းသူ သို့မဟုတ် ပါးစပ် အဟောင်းသား ကင်မရာကို စိမ်းစိမ်းကြီး ကြည့်နေသည့် ဓါတ်ပုံ အွန်လိုင်းပေါ် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဓါတ်ပုံကို မည်သူကရိုက်ခဲ့သည်၊ အင်တာနက်ပေါ် မည်သူက တင်ခဲ့သည်ကို တစ်ဦး တစ်ယောက်မျှ သိရှိဟန် မရှိပေ။

ယင်းကဲ့သို့သော ဓါတ်ပုံများ အွန်လိုင်းပေါ် ရောက်ရှိလာမှုသည် အိမ်ဖြူတော်ရှိ အလှမွေး ငါးကန်လေးမှ ရွှေငါးလေးများ၏ဘဝအတွက် အန္တရာယ်ရှိ လာနေပြီ ဖြစ်ကြောင်း မီးမောင်းထိုးပြ နေခြင်းပင် ဖြစ်သည်။

အိမ်ဖြူတော်သည် အိုဘားမား၏သမီးများကို အထူး တလည် စောင့်ရှောက်မှု ပေးထား သည်။ ယခုအထိ အဆိုပါ ဓါတ်ပုံနှင့်ပတ်သက်၍ မည်သည့်မှတ်ချက်မျှ ထွက်ပေါ်လာခြင်း မရှိသေးပေ။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

No comments:

Post a Comment