Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 21, 2015

ကလေးများအသက် ၁၁ နှစ် ကျော်လျှင် ပျော်ရွှင် မှုများ လျော့ကျ လာသည်ကို လေ့လာ တွေ့ရှိ


လေ့လာမှုတစ်ခုအရ ကလေးများ အသက် ၁၁ နှစ်ကျော်လာလျှင် နည်းပညာ အသစ်များကြောင့် ပျော်ရွှင်မှု လျော့ကျလာသည်ဟု ဆိုသည်။ အဘယ်ကြောင့် ဤသို့ဖြစ်ရသနည်း။

ဆိုက်ဘာအနိုင်ကျင့်မှု၊ အွန်လိုင်းမှ စိတ်ပိုင်းဆိုင်ရာ နှိုးဆွမှုများကြောင့်ဟု ဆိုသည်။

လူငယ် အလုပ်သမား ၇ဝဝဝ ကျော်ကို သုံးနှစ်ကြာ လေ့လာသည့်အခါ မိန်းကလေးများသည် ယောက်ျားလေးထက် မပျော်ရွှင်မှုကို ပိုမိုဆိုးဝါးစွာ ခံစားရကြောင်း သိရသည်။ မိမိကိုယ်ကိုယ် အထင်ကြီးမှု၊ စိတ်ပိုင်းဆိုင်ရာ ပြည့်စုံစွာ ခံစားလိုမှုနှင့် မိမိ အသိုက်အဝန်းတွင် ကျေနပ်လိုမှု တို့မှာ အသက် ၁၁ နှစ် မှ ၁၆ နှစ်အထိ ပို၍ဆိုးဝါးစွာ ခံစားရသည်။ ယောက်ျားလေးများ ၏ ပျော်ရွှင်မှုမှာ မိန်းကလေးများထက်ပို၍ တည်ငြိမ်သည်ဟုဆိုသည်။ ဆယ်ကျော်သက်လေးများ စိတ်မပျော်နိုင်စေသော အကြောင်းအရင်းများ အနက် နည်းပညာ တိုးတက်မှုလည်း ပါဝင်ကြောင်း သုတေသီများက ပြစ်တင်ပြောဆိုသည်။ Emerging Scholars' Intervention Programme ၏ ခေါင်းဆောင် ဒေါက်တာဆိုင်မွန်ဒါဗေး က ပြောပြရာတွင် နည်းပညာနှင့် ပြောင်းလဲမှု အရှိန်က ဆယ်ကျော်သက်များကို ဖိအားပို၍ ပေးနေသလိုဖြစ်ကာ ယှဉ်ပြိုင်မှု တိုးလာပြီး အစွန်းရောက်အောင် ပို့လိုက်သလို ဖြစ်နေသည်။ အထူးသဖြင့် မိန်းကလေးများအား ယုံကြည်မှုနှင့် စွမ်းရည်ကို ထိခိုက်စေအောင် လူမှုရေး ဖိအားများက ဖြစ်လာစေသည်။ ပြည့်စုံမှုကို တိုင်းတာခြင်းသည် ခက်ခဲနိုင်သော်လည်း ကျောင်း သား၊ ကျောင်းသူများအတွက် အရေအတွက်အမြင်က အရည်အချင်းထက် ပိုနေသည်ဟု သိရသည်။

အတိအကျဆိုရလျှင် အသက် ၁၁ နှစ်မှ ၁၆ နှစ်အထိ မိန်းကလေး ၃၁၇၆ ဦးနှင့် ယောက်ျားလေး ၃၇၁၄ ဦး စုစုပေါင်း ၆၈၉ဝ ဦးကို လေ့လာကြည့်သည့်အခါ အသက် ၁၁နှစ်အောက် ပျော်ရွှင် မှုများထက် တဖြည်းဖြည်း လျော့နည်းလာကြောင်း သိရသည်။ မပျော်ရွှင်မှုတွင် မိန်းကလေးများက ပိုဆိုးသည်ဟု သိရသည်။ မိမိကိုယ်ကိုယ် အထင်ကြီး ယုံကြည်မှုတွင်လည်း ဆိုးဆိုးဝါးဝါး ကျဆင်းလာသည်။ သူငယ်ချင်းတွေနှင့် နေရတာလည်း သိပ်မပျော်ရွှင်ဘဲ နည်းပညာသစ်များကြောင့် ကာမဆိုင်ရာ ဖော်ပြမှုများကို ဗီဒီယိုများ၊ ဓာတ်ပုံများစွာက အနှောင့်အယှက် များ ပေးနေခြင်း ဖြစ်သည်။ လေ့လာမှုအရ လျစ်လျူရှု ခံရမှုမှာလည်း ငယ်ရွယ်သော ကလေးများသာပို၍ ပျော်ရွှင်နိုင်ပြီး ကြီးလာသည်နှင့် မိမိကိုယ်ကို အထင်ကြီးမှု တစ်စတစ်စ ပျောက်ကွယ် သွားမည် ဖြစ်သည်ဟု သိရသည်။ နည်းပညာများကြောင့် သက်သက်တော့ မဟုတ်ပေ။ ပညာရေးဝန်ကြီး မိုက်ကပ်ဂို့ဗ်လင် စိတ်ပူရသည့် အချက်က မိန်းကလေးများကို မိမိကိုယ်ကိုယ် ယုံကြည်မှုရှိစေရန် တည်ဆောက်ပေးရေးနှင့် အထောက်အကူ ပြုပေးရေးတို့ကို ထိထိရောက်ရောက် မလုပ်ပေး နိုင်မည်ကို ဖြစ်သည်။ ထို့ကြောင့် ကလေးချင်း မတူကြ၍ လိုအပ်ချက်တွေလည်း မတူညီ နိုင်ကြပေ။ ထို့အတူ ယောက်ျားလေးများ ကလေးဘဝလှုပ်ရှား ရုန်းကန်မှုများသည် မိန်းကလေးများနှင့် မတူနိုင်ပါ။ အဆိုပါ မတူညီသည့် အချက်များကို မိဘများအနေဖြင့် သိရှိ၍ ဖြည့်ဆည်းပေးပါမှသာ မိမိကလေး၏ ရည်မှန်းချက်ကို အောင်မြင်စွာ အကောင်အထည် ဖော်နိုင်မည ဖ် ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။

မြ၀တီ
https://www.facebook.com/mwdmedia

No comments:

Post a Comment