Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 15, 2015

ချောက်တွန်းသူတွေကြောင့် အနုပညာလောက,ကနေ၂ နှစ်ပျောက်ခဲ့တယ်ဆိုတဲ့ နေထက်လင်း



အက်ရှင်ဇာတ်ကားများ အများဆုံးရိုက်ကူးလေ့ရှိပြီး နယ် ကြိုက်မင်းသားတစ်လက်ဖြစ် သည့် နေထက်လင်းက အနုပညာ အလုပ်များ ၂ နှစ်တာရပ်နားခဲ့ရ ခြင်းမှာ ထုတ်လုပ်ရေးနှစ်ခုနှင့် ၎င်း အကြား ရန်တိုက်ခဲ့သူများကြောင့် ဖြစ်ကြောင်း ပြောကြားလိုက် သည်။
နေထက်လင်းသည် လက်ရှိ တွင် ကုမ္ပဏီအသစ်သုံးခုဖြင့် နယ်ကြိုက်အက်ရှင်ဇာတ်ကား များ ပြန်လည်ရိုက်ကူးနေပြီး ၎င်းကို မုန်းတီးသူများ၊ ဖျက်လို ဖျက်ဆီးလုပ်လိုသူများက ယခင် ရိုက်ကူးနေကျ ထုတ်လုပ်ရေး တိုက်များနှင့် ရန်တိုက်ခြင်းများ ကြောင့် ရိုက်ကူးရေးနားခဲ့ရပြီး ပရိသတ်နှင့် အလှမ်းဝေးကွာခဲ့ရ ကြောင်း ၎င်းက ပြောကြားသည်။
‘‘အခုတော့ ကျွန်တော့်ကို မကျေနပ်တဲ့လူတွေကြောင့် နယ် ဘက်မှာပဲ အက်ရှင်ကားတွေနဲ့ ပြန်ဖောက်နေတယ်။ နောက်ပိုင်း မှပဲ မြို့အကြိုက်ပုံစံလေးတွေ ပြန် ရိုက်သွားမယ်’’ဟု နေထက်လင်း က ပြောသည်။
ထုတ်လုပ်ရေးအသစ်တစ်ခု နှင့် ဇာတ်ကားဆယ်ကားရိုက်ကူး ရန် စာချုပ်ချုပ်ထားသော နေထက်လင်းက ပထမဆုံးဇာတ်ကားကို စတင်ရိုက်ကူးနေပြီး မြို့မှ ပရိ သတ်များ ကြိုက်နှစ်သက်မည့် ဇာတ်ကားများလည်း ပြန်လည် ရိုက်ကူးသွားမည်ဖြစ်၍ သည်းခံစောင့်ပေးစေလိုကြောင်း ပရိ သတ်အား ပြောကြားသည်။
အနုပညာလှုပ်ရှားမှုအနေ ဖြင့် သရုပ်ဆောင်ကျော်ဇော ဟိန်း၊ ကေကေမိုးမြင့်တို့နှင့်အတူ အချစ်နှင့် အက်ရှင်ဇာတ်ကြမ်းပုံစံ ကျေးရွာ ကာကွယ်ရေးဇာတ်ကား ရိုက်ကူးနေကြောင်း သိရသည်။
7Day Daily

No comments:

Post a Comment