Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, January 18, 2015

ဦးပိန် တံတားအား မပြုပြင်ပါက (၄) လအတွင်း စိုးရိမ်သည့် အခြေအနေ ရောက်ရှိနိုင်

တောင်သမန်အင်းရှိ နိုင်ငံခြားသားများ စိတ်ဝင်တစား လာရောက် လည်ပတ်သော ဦးပိန် တံတားအား ချက်ချင်း မပြုပြင်နိုင် ပါက နောက် (၄) လ အတွင်း စိုးရိမ်ရသည့် အခြေအနေသို့ ရောက်နိုင်ကြောင်း ဦးပိန် တံတား အတွင်းရေးမှူး ဦးစိုးဝင်းက ပြောသည်။ ယိုင်နေတဲ့ တိုင်တွေကို မပြုပြင်ဘဲ ဒီအတိုင်း ဆက်သွားနေမယ် ဆိုရင်တော့ တန်ခူးလ အခါကြီးရက် တွေမှာ လူစည်ကား လွန်းတော့ အရမ်း စိုးရိမ်ရတယ်။ ၀ါဆို ၀ါခေါင် ရေကြီးတဲ့ ကာလ မှာတော့ အခြေအနေ အရမ်းဆိုးလာ နိုင်တယ် ဟု ၎င်းက ဆက်လက် ပြောသည်။ ဦးပိန် တံတား ပြုပြင်ရန် စာတင် ထားသည်မှာ နှစ်လကျော် ကြာပြီ ဖြစ်သော်လည်း၊ ယခုအချိန်ထိ ခွင့်ပြုမိန့် မကျသေးကြောင်း သိရသည်။ ဦးပိန် တံတားတွင် တိုင်ပေါင်း (၁၀၈၆) တိုင်ရှိပြီး တိုင်လုံးပေါင်း (၄၀)ခန့်မှာ ယိုင်နဲ့ နေပြီး အဆိုပါတိုင် (၄၀)ခန့်အား ချက်ချင်း ပြုပြင်ပါက ရေရှည်ခံ နိုင်မည် ဖြစ်ကြောင်း သိရသည်။

အဲဒီယိုင်နေတဲ့ နေရာတွေ ကိုတော့ ကျွန်တော်တို့က ဘယ်လို လုပ်ရမလဲ ဆိုတာ သိပါတယ်။ သူတို့ဆီက စာမကျသေးလို့ မပြင် သေးတာ။ သူတို့ ဆီက စာမကျဘဲနဲ့ ပြင်ရင် ကျွန်တော်တို့ အတွက် ပြဿနာဖြစ် နိုင်တယ်လေ။ အဲဒါကြောင့် ယိုင်နေတဲ့ အတိုင်းပဲ ထားတာပါ။ ကျွန်တော်တို့ ကတော့ ခရီးသွားတွေ ကို အဆင်ပြေစေ ချင်တယ် ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ဦးပိန် တံတားသည် နိုင်ငံခြားသားများ စိတ်ဝင်စားသော နေရာဖြစ်ပြီး နိုင်ငံခြားသား အပါအ၀င် တစ်နေ့လျှင် လူဦးရေ ပျမ်းမျှ (၁၀၀၀)ခန့် လာရောက် လည်ပတ်ကြောင်း သိရသည်။ တန်ခူးလ၊ ၀ါဆို၊ ၀ါခေါင်လများကဲ့သို့ အခါကြီးနေ့ရက် များတွင် လာရောက် လည်ပတ်သူ ပိုများလေ့ရှိကြောင်း သိရသည်။ အဆိုပါ ဦးပိန်တံတားပေါ်တွင် ဈေးရောင်းနေသည့် ဈေးဆိုင်ပေါင်း (၂၀) ကျော် ရှိကြောင်း သိရသည်။ ပြီးခဲ့သည့်နှစ် စက်တင်ဘာလ တွင် ဦးပိန် တံတားအား ကျပ်(၁၆)သိန်းကျော်ဖိုး အကုန်အကျခံ ပြုပြင်ခဲ့ကြောင်း သိရသည်။
http://www.messengernewsjournal.com/news/HeadNews/?id=30052

No comments:

Post a Comment