Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 14, 2015

ကချင်ပြည်နယ်ဝန်ကြီးကို ကေအိုင်အေဖမ်းဆီး

မဇ္ဈိမ
ရန်ကုန်၊ မဇ္ဈိမ ။ ။ ကချင်ပြည်နယ် မိုးကောင်း-ကာမိုင်း-ဖားကန့်လမ်းကို သွားရောက်စစ်ဆေးသည့် ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် ရဲတပ်ဖွဲ့ဝင် ၃ဦးကို ကေအိုင်အေအဖွဲ့ဝင် ၂၅ဦးခန့်က သေနတ်များ ပစ်ဖောက်ကာ ဇန်န၀ါရီ ၁၄ရက နံနက်က ဖားကန့်မြို့ ဟွေလုံကျေးရွာ အနီးတွင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
ဝန်ကြီးအား စစ်ဆေးပြီး ပြန်လည်ထွက်ခွာခွင့် ပြုခဲ့သော်လည်း ၎င်းနှင့်အတူ လုံခြုံရေးလိုက်ပါသည့် ဒုရဲအုပ်မြင့်စိုးနှင့် အဖွဲ့အား လက်နက်များနှင့် ဖမ်းဆီးထား၍ ပြန်လည်လွှဲပြောင်းပေးရန် မြစ်ကြီးနားမြို့ရှိ ပဋိပက္ခ ညှိနှိုင်းရေး အဖွဲ့နှင် နည်းပညာအထောက်အကူပြု အဖွဲ့များထံ ဆက်သွယ်အကြောင်းကြားထားပြီး နယ်မြေရှင်းလင်းရေးများ ဆောင်ရွက်နေသည်ဟု ထုတ်ပြန်ထားသည်။
Mizzima

No comments:

Post a Comment