ဇန်န၀ါရီလ ၁၈ ရက်၊ ၂၀၁၅
ငြိမ်းချမ်းရေးနှင့် လူ့အ ခွင့်အရေးတိုးတက်ရေးအတွက် ငြိမ်းချမ်းစွာလှုပ်ရှားဆောင်ရွက် သူများကို ဥရောပသမဂ္ဂက ချီးမြှင့် သည့် တစ်ပရေရီနိုင်ငံတကာငြိမ်း ချမ်းရေးဆုနောက်ဆုံးဆန်ခါတင် နှစ်ဦးစာရင်းတွင် မြန်မာနိုင်ငံမှ တရားလွှတ်တော်ရှေ့နေဦးရော ဘတ်စန်းအောင် ပါဝင်နေကြောင်းသတင်းရရှိသည်။
တောင်အာဖရိကသမ္မတ ဟောင်း နယ်လ်ဆင်မန်ဒဲလား၊ ဆိုဗီယက်ခေါင်းဆောင်
မခ်ခေးဂေါ်ဗာချော့၊ ပါကစ္စတန်မှ နိုဗယ် ဆုရှင် မာလာလာတို့ ရရှိဖူးသည့် အဆိုပါ
ဆုဆန်ခါတင်အဆင့်တွင် ယခုနှစ်၌ မြန်မာနိုင်ငံမှ တရားလွှတ်တော်ရှေ့နေ
ဦးရောဘတ်စန်းအောင်က ပထမဆုံးအကြိမ်ပါဝင်နေခြင်းဖြစ်သည်။
နောက်ဆုံးဆန်ခါတင်စာ ရင်း၌ ကုလသမဂ္ဂအထွေထွေအ တွင်းရေးမှူးချုပ် ဘန်ကီမွန်းနှင့်ဦး ရောဘတ်စန်းအောင်နှစ်ဦးသာ ကျန်ရှိတော့သည်။
‘‘ဒီဆန်ခါတင်အဆင့်မှာ ကျွန်တော်ပါဝင်တာဟာ ဥရောပ သမဂ္ဂရဲ့ ဆုရွေးချယ်ရေးအဖွဲ့က မြန်မာနိုင်ငံသို့ ဂုဏ်ပြုတဲ့အနေနဲ့ ပေးတာပါ။ မြန်မာလူ့အခွင့်အ ရေးနဲ့ ဒီမိုကရေစီအရေးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံခဲ့တဲ့ ကျောင်းသားတွေ၊ လယ်သမား တွေ၊ နိုင်ငံရေးသမားတွေ၊ တက် ကြွလှုပ်ရှားသူတွေ၊ သံဃာတော် တွေကို ဂုဏ်ပြုတဲ့အနေနဲ့ ပေး တာဖြစ်တယ်။ ကျွန်တော်က တော့ အဲဒီထဲက သင်္ကေတတစ်ခု အနေနဲ့ပဲပါတာပါ။ အခုထိလည်း မြန်မာနိုင်ငံမှာ တက်ကြွလှုပ်ရှား သူတွေဟာ အာမခံမရတဲ့ဆူပူလှုံ့ ဆော်ရန်ကြိုးပမ်းမှုပုဒ်မ ၅၀၅(ခ) နဲ့ အမှုတွေဆင်ပြီးအဖမ်းခံနေရ တာလေ’’ဟု ဦးရောဘတ်စန်း အောင်ကပြောကြားသည်။
ဦးရောဘတ်စန်းအောင်မှာမြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးလှုပ်ရှားမှုများကြောင့်လွန်ခဲ့သည့်နှစ်၄၀အတွင်း ခြောက်ကြိမ်ခန့်အကျဉ်းကျခံခဲ့ရပြီး ဒီမိုက ရေစီနှင့် လူ့အခွင့်အရေးမြှင့်တင်ရန် ကြိုးစားဆောင်ရွက်နေသူ ဖြစ်ကြောင်း ဥရောပသမဂ္ဂ၏တစ် ပရေရီဆုရွေးချယ်ရေးအဖွဲ့က သ တင်းထုတ်ပြန်သည်။
ဇန်န၀ါရီလဆန်းက ဆန်ခါတင်ငါးဦးစာရင်းတွင် ဦးရောဘတ်စန်းအောင်၊ ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၊ နာဇီအကျဉ်းစခန်းများက လွတ်မြောက်လာပြီး အိုင်ယာလန်နိုင်ငံ တစ်ဝန်းစာသင်ကျောင်းများတွင် စစ်ပွဲအတွင်း ဘ၀အတွေ့အကြုံများကို လှည့်လည်ဟောပြောခဲ့ပြီး နာဇီအကျဉ်းစခန်းမှတ်တမ်းစာ အုပ်ရေးသားထုတ်ဝေခဲ့သူ တိုမီရီချန်တယ်၊ အီဘိုလာရောဂါ ကာကွယ်ကုသပေးနေသည့် နယ် စည်းမခြားဆရာဝန်များအဖွဲ့၊ အိမ်ရာမဲ့သူများအရေးကူညီ စောင့်ရှောက်ခဲ့သည့် Sr Stan Kennedy၊ Fr Peter McVerryနှင့် BroKevinCrowleyတို့လည်း ပါဝင်ခဲ့သည်။
ဆန်ခါတင်နှစ်ဦးအနက် တစ်ပ ရေရီငြိမ်းချမ်းရေးဆုကို လာမည့် နွေဦးရာသီတွင် ကြေညာမည်ဖြစ်သည်။
7Day Daily
http://mp4you.co.uk/world-news/14%20Tipperary-Peace-Award-Nominees-2014.html

No comments:
Post a Comment