Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, January 3, 2015

လိုင်စင်မဲ့ ဆေးကုသည့် တရုတ်နိုင်ငံသားများနှင့် ခွင့်ပြုချက်မရှိဘဲ လိုင်စင်လွှဲပြောင်းငှားရမ်းခဲ့သော ဆေးရုံပိုင်ရှင်တို့ကို အမှုဖွင့်

By
မောင်တာ

လိုင်စင်မရှိဘဲ ဆေးခန်းဖွင့်ခဲ့သည့် Healthy News အထူးကု ဌာနငှားရမ်း ဖွင့်လှစ်ထားရာ ဆေးရုံကို တွေ့ရစဉ် (ဓာတ်ပုံ − မောင်တာ)

မန္တလေးမြို့ ချမ်းအေး သာစံမြို့နယ် တောင်ဝင်နှင်းဆီ ဆေးရုံ (၃)လွှာတွင် ဖွင့်လှစ်ထား သည့် Healthy News အထူးကု ဌာနတွင် လုပ်ငန်းလိုင်စင်မရှိဘဲ ဆေးကုသနေသည့် တရုတ်နိုင်ငံ သားများနှင့် ခွင့်ပြုချက်မရှိဘဲ လုပ်ငန်းလိုင်စင် လွှဲပြောင်းငှား ရမ်းခဲ့သော တော်ဝင်နှင်းဆီဆေး ရုံပိုင်ရှင်တို့ကို ဇန်နဝါရီ ၂ ရက်က အမှုဖွင့်အရေးယူထားကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှ သတင်းရရှိသည်။

Healthy News အထူးကုဌာန တွင် ဆေးဝါးကုသနေသော တရုတ်နိုင်ငံသား ဆရာဝန်နှင့် သူ နာပြုများသည် မြန်မာနိုင်ငံဆေး ကောင်စီမှ ထုတ်ပေးထားသော ဆေးကုသခွင့် လိုင်စင်မရှိဘဲ ကုသနေခြင်းဖြစ်ပြီး ဆေးခန်းကို ကြော်ငြာရာတွင် ညစ်ညမ်းသော စာရွက်စာတမ်းများ၊ ညစ်ညမ်း သောရုပ်ပုံများ အသုံးပြုဖြန့်ချိခဲ့ သည်ကို စစ်ဆေးတွေ့ရှိရသည် ဟု ရဲတပ်ဖွဲ့ကထုတ်ပြန်သည်။

ထို့အပြင် Healthy News အထူးကုဌာနဖွင့်လှစ်ကာ ဆေး ဝါးကုသမှုများလုပ်ကိုင်နေသည့် လုပ်ငန်းရှင်နှင့် ဆရာဝန်၊ သူနာ ပြုစသည့် တရုတ်နိုင်ငံသား ခြောက်ဦးမှာ စီးပွားရေးလုပ်ငန်း ဗီဇာဖြင့် ဝင်ရောက်လာခြင်းဖြစ် ပြီး ဗီဇာစည်းကမ်းများကို ဖောက် ဖျက်နေထိုင်ခြင်း၊ ဗီဇာစည်းကမ်းနှင့်မညီသည့်လုပ်ငန်းများ လုပ် ကိုင်နေခြင်း စသည်တို့ကိုပါ စစ် ဆေးတွေ့ရှိရသည်ဟု ဆိုသည်။

Healthy News အထူး ကုဌာနတွင် ကျား၊ မ လိင်အင်္ဂါ ပြောင်းလဲခြင်းပြုလုပ်ပေးသည် ဆိုသောသတင်းများ ပျံ့နှံ့နေခဲ့ ပြီး မည်သူက ဆေးခန်းဖွင့်ခွင့်ပြု ထားသည်ဆိုသည်ကို မြို့ခံများ ကြား မေးခွန်းထုတ်မှုများရှိခဲ့ သည်။ ထို့အတွက် မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့က သက် ဆိုင်ရာဌာနအသီးသီးမှ အရာရှိ ကိုးဦးပါ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းခဲ့ကာ ပြီးခဲ့သည့် စက်တင် ဘာမှစတင်၍ စုံစမ်းစစ်ဆေးမှု များ လုပ်ဆောင်ခဲ့ကြောင်း သတင်းရရှိသည်။ ‘‘စုံစမ်းရေးကော်မရှင်ရဲ့ စိစစ်တွေ့ရှိမှုအရ သူတို့က လိုင် စင်မရှိဘဲ ဆေးခန်းဖွင့်တာပေါ့။ နိုင်ငံခြားသားက လိုင်စင်မရှိဘဲ ဆေးခန်းဖွင့်တယ်။ ပြီးတော့ ယောက်ျား၊ မိန်းမ လိင်အင်္ဂါပြင်ဆင်တာမျိုး၊ ကျန်းမာရေး၊ အလှအပဆိုင်ရာတွေ ပြုပြင်ခွဲစိတ်တာတွေလုပ်တယ်။ အဲဒီအတွက် အခု တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်အရ အမှုလေးခုလောက်နဲ့ တရားစွဲဆိုတာဖြစ်ပါတယ်’’ဟု မန္တလေးတိုင်းဒေသ ကြီးရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။

  တော်ဝင်နှင်းဆီ ဆေးရုံ တာဝန်ရှိသူများက ၎င်းတို့ဆေးရုံ ၏ (၃)လွှာတွင် ဖွင့်လှစ်သော ဆေးခန်းနှင့်ပတ်သက်၍ ၎င်းတို့ က နေရာငှားရမ်းခြင်းသာဖြစ်ပြီး ဆေးကုသရေးအပိုင်းများသည် ၎င်းတို့နှင့် သက်ဆိုင်မှုမရှိကြောင်း ပြီးခဲ့သည့် စက်တင်ဘာအတွင်း က အစိုးရပိုင်သတင်းစာများမှ တစ်ဆင့် ကြေညာချက်များထုတ် ပြန်ခဲ့သည်။ အမှုဖွင့်အရေးယူထားသော်လည်း ဆေးရုံကို ပိတ်သိမ်းထားခြင်းမရှိဘဲ ပုံမှန်အတိုင်းဆက်လက် ဖွင့်လှစ်ခွင့်ပြုထားသည်ဟု မန္တလေးခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။

ထို့အပြင် တရုတ်လူမျိုး အများအပြား နေထိုင်သော မန္တလေးမြို့တွင် ယခုကဲ့သို့ တရုတ်နိုင်ငံသားများ ဖွင့်လှစ်သည့်ဆေးခန်းကို  အမှုဖွင့်အရေးယူမှုမှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း မန္တလေးခရိုင်ရဲတပ်ဖွဲ့မှဒုရဲမှူးကြီးစိန်ထွန်းက ပြောသည်။
http://7daydaily.com/story/28578#.VKi7D3s9THR

No comments:

Post a Comment