Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 22, 2015

လမ်ဘော်ဂီနီကားကို တန်ဖိုးထားတဲ့ ဂျပန်လူငယ်များ

လမ်ဘော်ဂီနီကားဟာ တန်ဖိုး အကြီးဆုံး ကားအမျိုးအစား ထဲမှာ ပါဝင်ပါတယ်။ လမ်ဘော်ဂီနီ ကားတစ်စီးရဲ့တန်ဖိုးဟာ ဒေါ်လာ သန်းနဲ့ချီ ရှိတတ် ပါတယ်။ လမ်ဘော်ဂီနီကားကို အီတလီနိုင်ငံက ထုတ်လုပ်ပြီး အစီးရေ အကန့်အသတ်နဲ့ ထုတ်လုပ်ခြင်း၊ ပစ္စည်း အရည်အသွေး ကောင်းမွန်ခြင်း စတဲ့ အချက် တွေကြောင့် ဈေးကြီးပေမယ့် လူကြိုက်များ နေခြင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း အချမ်းသာဆုံး သူဌေးရဲ့သား ဖြစ်သူဟာ လမ်ဘော်ဂီနီ ပြိုင်ကားကို ၀ယ်ယူထား ပါတယ်။ ဂျပန် လူငယ်တွေ ဟာလည်း လမ်ဘော် ဂီနီကားကို မြတ်နိုးကြလို့ အလှဆင်ပြီး ဂုဏ်ယူစွာ စီးနေကြ ပါတယ်။ ဂျပန်လူငယ်တွေဟာ လမ်ဘော်ဂီနီကားကို အလှဆင်ရာမှာ အမေရိကန် ပြည်ထောင်စုက လူငယ်တွေလို မဟုတ်ဘဲ ကွဲပြားခြားနားနေ ပါတယ်။ နယူးဂျာစီ အခြေစိုက် ရုပ်ရှင် ဇာတ်ကားတွေ ထုတ်လုပ်နေတဲ့ စတိဗ်ဖီလ်မန်းဟာ လမ်ဘော်ဂီနီကားစီး ကြတဲ့ ဂျပန် လူငယ်တွေကို အနီးကပ် လေ့လာမှု တွေ ပြုလုပ်ကြခဲ့ ပါတယ်။ ဂျပန် လူငယ်တွေဟာ Fast and Furious ဇာတ်ကားပုံစံ အတိုင်း ပြုမူနေထိုင်ကြ ပါတယ်။ ဂျပန် လူငယ်တွေဟာ လမ်ဘော်ဂီနီ ကားတွေ စီးရတာ အခြားကားတွေစီးနေရ တာထက် ပိုဂုဏ်ယူတတ်ကြ ပါတယ်။ နေအိမ်ကို မပြန်တော့ဘဲ ကားပေါ်မှာ အိပ်ခဲ့ကြ ပါတယ်။ လမ်ဘော်ဂီနီကားစီးတဲ့ လူငယ်တွေဟာ စုဝေး နေထိုင်တတ်ပြီး သူတို့ ကားတွေကို ပုံစံ အမျိုးမျိုးပြုလုပ်လေ့ ရှိတယ်လို့ စတိဗ်ဖီလ်မန်းက ဆိုခဲ့ပါတယ်။ လမ်ဘော်ဂီနီကားတွေ ကို LED မီးတွေနဲ့ အလှဆင် ထားပြီး စုဝေး ရပ်ထားရင် အလွန်လှပနေတယ်လို့ ဆိုပါ တယ်။ ဂျပန် လူငယ်တွေကြား မှာလည်း လမ်ဘော်ဂီနီကားစီး နိုင်မှ အထင်ကြီးတတ် ကြပါတယ်။ လမ်ဘော်ဂီနီကားဟာ လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို မြင့်တက်စေ တယ်လို့ ဂျပန်လူငယ် တွေက ယူဆနေကြ ပါတယ်။ လမ်ဘော်ဂီနီကားစီးသူ အချင်းချင်း ရင်းနှီးမှု ကလည်း မိသားစုတွေ ထက်တောင် ပိုနေတယ်လို့ စတိဗ်ဖီလ်မန်းက သုံးသပ် ခဲ့ပါတယ်။
http://www.messengernewsjournal.com/General/Eventure/detail.php?id=30280

No comments:

Post a Comment