Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, January 4, 2015

လွှတ်တော် နာယက ဦးရွှေမန်း၏ ပါတီစည်းရုံးရေးဆောင်သော တွေ့ဆုံပွဲများကို အခြားပါတီများ ဝေဖန်


Written by  ဟိန်းကိုစိုး
ရန်ကုန် (မဇ္ဈိမ)။ ။ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း၏ တိုင်းဒေသကြီး ခုနစ်ခုတွင် ပြုလုပ်ခဲ့သည့် ပါတီစည်းရုံးရေး အသွင်ဆောင်သည့် တောင်သူလယ်သမား၊ လူငယ်တွေ့ဆုံပွဲများအပေါ် အခြားနိုင်ငံရေး ပါတီများက ဝေဖန်နေကြသည်။

ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ ဖွံ့ဖြိုး​ရေးပါတီ ဥက္ကဋ္ဌ သူရဦး​ရွှေမန်းက ပဲခူးတိုင်းအတွင်းရှိ ​တောင်​သူများနှင့်​ ပဲခူးမြို့ ​ရွှေ​မော်​​ဓောကွင်း၌ ​ဒီဇင်​ဘာ ၂၂ ရက်​ နံနက်​ ၈ နာရီက ​တွေ့ဆုံစဉ်​။ (ဓာတ်​ပုံ - ဟိန်းထက်​၊ မဇ္ဈိမ)

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက “၀ိတ်နဲ့ ဖိသလိုဖြစ်နေတယ်။ ပါတီ စည်းရုံးရေးလုပ်နေတာပါပဲ။ ဒါက မလိမ့်တစ်ပတ် လုပ်သလိုဖြစ်နေတာပေါ့။ ရည်ရွယ်ချက်ရှိရှိကို ဖြစ်နေ တာ။ အင်န်အယ်ဒီဆိုလည်း ဗိုလ်ချုပ်ကို အပိုင်ယူပြီး စည်းရုံးရေးလုပ်နေတယ်။ ကော်မရှင်က ဒါတွေကို မသိ ချင်ယောင်ဆောင်နေသလိုဖြစ်နေတယ်”ဟု ဝေဖန် ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ဒီဇင်ဘာလမှ စတင်ကာ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ တနင်္သာရီ၊ ရန်ကုန်၊ ပဲခူး၊ မန္တလေးတိုင်းတို့တွင် တောင်သူလယ်သမား လူငယ်တွေ့ဆုံပွဲများပြုလုပ်ခြင်းကို ပါတီစည်းရုံးရေး အသွင်ဆောင်သည်ဟု ကျန်ပါတီများက ဝေဖန်ခြင်း ဖြစ်သည်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ပြောခွင့်ရ ဦးထွန်းရီက “ပါတီတွေက ဥပဒေအရမပြောရင် တောင်တာဝန်ရှိသူတွေက ဆင်ခြင်သင့်တယ်။ နောက်ပိုင်း ဒီလိုကိစ္စမျိုးတွေက ပြတ်ပြတ်သားသား ပြောမှ ဖြစ်မယ် အခုဟာက ရောရောထွေးထွေးတွေဖြစ်နေတယ်”ဟု ဆိုသည်။

ပါတီစည်းရုံးရေးများ စတင်လုပ်ကိုင်နိုင်ပြီဖြစ်ပြီး ပါတီများအနေဖြင့် ဥပဒေချိုး ဖောက်မှုများရှိပါက ကော်မ ရှင်သို့ တိုင်ကြားနိုင်ကာ တိုင်ကြားလာသည့်အပေါ်တွင်သာ အရေးယူမည်ဟု နိုင်ငံရေးပါတီများနှင့် ကော် မရှင်ဥက္ကဋ္ဌ ဦးတင်အေးတို့ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာ ၁၄ ရက် ပန်ဒါ ဟိုတယ်တွင် တွေ့ဆုံစဉ် ဦးတင်အေးက ပြောခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်မှုဆောင် ကော်မတီဝင် ဦးထွန်းထွန်းဟိန်က “အာဏာရှိတဲ့ သူကပဲ အာဏာကို အလွဲသုံးနိုင်မယ် မရှိတဲ့သူတွေကတော့ ဘာမှ မလုပ်နိုင်ဘူး။ အခုတွေ့ဆုံပွဲတွေက ပါတီ စည်းရုံးရေး လုပ်နေတယ်လို့ပဲ မြင်တယ်” ဟု သုံးသပ်သည်။

တောင်သူလယ်သမား လူငယ်တွေ့ဆုံပွဲများ ပြုလုပ်ခြင်းကို ပြည်ထောင်စု လွှတ်တော်နာယက၏ အစီ အစဉ်ဖြင့် ပြုလုပ်ခြင်းဖြစ်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးပါတီတို့က ကုန်ကျစရိတ်များကို ကျခံကာ ဆောင်ရွက်နေခြင်း ဖြစ်သည်ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် (တိုင်း အတွင်းရေးမှူး) တစ်ဦးက ဆိုသည်။

“နာယကကြီးက တွေ့ချင်လို့ဆိုပြီး တိုင်းအနှံ့က လယ်သမားလူငယ်တွေနဲ့ တွေ့တယ်။ အရပ်ဘက် အဖွဲ့တွေနဲ့ တွေ့တာပါ နောက် ပိုင်း ပြည်နယ်တွေမှာလည်း ဆက်လုပ်သွားမှာပါ” ဟု ၎င်းက ပြောသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ၂၀၁၀ခုနှစ် ရွေးကောက်ပွဲတွင် တစ်ပြည်လုံး၌ ၇၆ ရာ ခိုင်နှုန်းခန့်အနိုင်ရရှိထားသည့် အာဏာရပါတီတစ်ခုဖြစ်သည်။ အဓိက အတိုက်အခံပါတီဖြစ်သည့် အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ်ပါဝင်သည့် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင်မူ လုံးဝအနိုင်ရရှိခဲ့ခြင်း မရှိပေ။

ပြည်ထောင်စု လွှတ်တော်နာယက ပြည်ခိုင်ဖြိုးဥက္ကဋ္ဌ ဦးရွှေမန်းတွေ့ဆုံခဲ့သည့် တွေ့ဆုံပွဲများကို နိုင်ငံပိုင်မီဒီယာများမှလည်း ထုတ်လွင့်နေ သည်။

ဖက်ဒရယ်ပြည်ထောင်စုပါတီ ဒုတိယ ဥက္ကဌ (၂) ဦးစောသန်းမြင့်က “နာယက တစ်ယောက်အနေနဲ့တွေ့ တယ်ဆိုရင် တစ်ခြားပါတီက ကိုယ်စားလှယ်တွေလည်း လာမှာပေါ့။ အခုဟာက ပြည်ခိုင်ဖြိုးပါတီကသူတွေ၊ ကိုယ်စားလှယ်တွေပဲတက်တာ သူတို့ပါတီစည်းရုံးရေးကိုပဲ လုပ်တာကိုတော့ နိုင်ငံပိုင်မီဒီယာတွေက မလွှင့်သင့်ဘူး” ဟု ဆိုသည်။

ပါတီတို့နှင့် ကော်မရှင်တို့တွေ့ဆုံသည့် ဒီဇင်ဘာ ၁၄ ရက်တွင် ၂၀၁၅ ရွေးကောက်ပွဲကို ၂၀၁၀ ကဲ့သို့ နိုင်ငံပိုင်ပစ္စည်း၊ ပိုက်ဆံ စသည်တို့ကို အလွဲသုံးစားမပြုရန် ကော်မရှင်ဥက္ကဋ္ဌသို့ တိုက်တွန်းခဲ့သော်လည်း ဥက္ကဋ္ဌ ကမူ ယင်းကိစ္စအပေါ် မိမိအနေဖြင့် မစွမ်းဆောင်နိုင်ဟု ပါတီများကို ပြန်လည် ဖြေကြားခဲ့သည်။

လက်ရှိအချိန်ထိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံရေးပါတီ ပေါင်း ၇၀ကို မှတ်ပုံတင်ခွင့် ခွင့်ပြုထားပြီး ဖြစ်သည်။
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-11-01-01-48-27/item/36295-2015-01-05-01-38-22

No comments:

Post a Comment