Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, January 18, 2015
ကျိုင်းတုံ နယ်စပ်ကုန်သွယ်ရေးမှ ကျပ်(၂၇)သိန်းကျော် တန်ဖိုးရှိ စားသုံးရန်မသင့်သော တရုတ်မုန့်များ မီးရှို့ဖျက်ဆီး
ကျိုင်းတုံနယ်စပ်ကုန်သွယ်ရေး စခန်းမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးဝင်းမောင် ဦးစီးသည့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက မီးရှို့ဖျက်ဆီးရာမှာ တရားမ၀င်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးအဖွဲ့ နောင်ငင်း Mobile Team မှ ပြီးခဲ့သည့် ဇန်န၀ါရီလ(၃)ရက်နေ့က မိုင်းလားမှ ကျိုင်းတုံသို့ လာသော ကုန်တင်ကားပေါ်တွင် FDA(အစားအသောက်နှင့် ဆေးဝါးကွတ်ကဲရေးဌာန) ထောက်ခံချက်မရှိသည့်အတွက် သိမ်းဆည်းခဲ့သည့် မုန့်များဖြစ်ကြောင်း သိရသည်။
⊰❂ Tachileik Online News ( www.tachileik.net
............................
ကျိုင်းတုံမြို့တွင် နယ်စပ်ကုန်သွယ်ရေး နှင့် ဌာနဆိုင်ရာများက အများပြည်သူများ စားသုံးရန် မသင့်သည့် တရုတ်မုန့်(၆)မျိုးကို ဇန်နဝါရီလ (၁၈)ရက် နံနက် (၁၀)နာရီခန့်က ကျိုင်းတုံမြို့ အကောက်ခွန်ရုံးဝန်း အတွင်း၌ မီးရှို့ဖျက်ဆီးစေခဲ့ကြောင်း သိရသည်။
ကျိုင်းတုံနယ်စပ်ကုန်သွယ်ရေး စခန်းမှ ဒုတိယညှန်ကြားရေးမှူး ဦးစိုးဝင်းမောင် ဦးစီးသည့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက မီးရှို့ဖျက်ဆီးရာမှာ တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးအဖွဲ့ နောင်ငင်း Mobile Team မှ ပြီးခဲ့သည့် ဇန်နဝါရီလ(၃)ရက်နေ့က မိုင်းလားမှ ကျိုင်းတုံသို့ လာသော ကုန်တင်ကားပေါ်တွင် FDA(အစားအသောက်နှင့် ဆေးဝါးကွတ်ကဲရေးဌာန) ထောက်ခံချက်မရှိသည့်အတွက် သိမ်းဆည်းခဲ့သည့် မုန့်များဖြစ်ကြောင်း သိရသည်။
သိမ်းဆည်းရမိပြီး မီးရှို့ဖျက်စီးခဲ့သော မုန့်များမှာ ချဥ်စပ်ချောင်း(၂၉)ဖာ၊ ငါးအတုမုန့်(၂၀)ဖာ၊ အချိုလွန် သကြားလုံး(၁၀)ဖာ၊ ရေညှိမုန့်(၅)ဖာ၊ Rove Light Up Loll Pop (၄)ဖာ၊ Chocolate(၂)ဖာတို့ ပါဝင်ရာ အဆိုပါ မုန့်များ၏ စုစုပေါင်း ခန့်မှန်းတန်ဖိုးမှာ ကျပ်(၂၇)သိန်းကျော်ရှိကြောင်း ကျိုင်းတုံနယ်စပ်ကုန်သွယ်ရေး စခန်းမှ သိရှိရသည်။
သတင်း ။ ။ မောင်မောင်နိုင်(ကျိုင်းတုံ)
⊰❂ Tachileik Online News
No comments:
Post a Comment