Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, January 12, 2015

ကံမမြို့နယ်တွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွား



ကံမ ဇန်နဝါရီ ၁၂

မကွေးတိုင်းဒေသကြီး သရက် ခရိုင် ကံမမြို့နယ် စပယ်ခြုံကျေးရွာ အနီး ကံမ-ပြကြီးကားလမ်း မိုင်တိုင် အမှတ် ၃/၃ နှင့် ၃/၄ အကြားတွင် ဇန်နဝါရီ ၁၂ရက် နံနက် ၉ နာရီက ယာဉ်မောင်း မင်းမင်းစိုး(၃၆ နှစ်)မောင်းနှင်လာသော ယာဉ်အမှတ် 6E/---ကင်တာ ခြောက်ဘီးယာဉ် သည် အရှိန်မထိန်းနိုင်သဖြင့် လမ်း၏ညာဘက်ခြမ်းသို့ ထိုးကျတိမ်းမှောက် ခဲ့သည်။

အဆိုပါယာဉ်တိမ်းမှောက် မှုတွင် ယာဉ်မောင်း မင်းမင်းစိုးသည် အရက်သေစာ သောက်စားထားပြီး ၄င်းနှင့်အတူ ကားရှေ့ခန်းမှ လိုက်ပါ လာသူနှစ်ဦးတို့မှာလည်း ပွန်းပဲ့ ဒဏ်ရာများရရှိခဲ့ကြသဖြင့် ကံမမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ရပြီး အသက်အန္တရာယ် စိုးရိမ်ဖွယ်ရာမရှိ ကြောင်း သိရသည်။

ကိုကိုကျော်(ကံမ)

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

No comments:

Post a Comment