Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 23, 2015

အောင်ဆန်းမျိုးဆက်အကြောင်း ဒေါ်အောင်ဆန်းစုကြည် ဟောပြော



အောင်ဆန်း မျိုးဆက်ဆိုတာ စွန့်လွှတ်အနစ်နာခံပြီး အများအတွက် အကျိုးပြုနိုင်တဲ့ စိတ်ဓာတ်ရှိသူတွေကို ဆိုလိုတာဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က မနေ့က ပြောပါတယ်။

နေပြည်တော် ပျဉ်းမနားမြို့တပေါင်းကွင်းမှာ မနေ့ညကကျင်းပခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့်မွေးနေ့ အကြိုဂုဏ်ပြုပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာဖြစ်ပါတယ်။

"ကိုယ့်ကိုအားကိုးပြီးတော့ ကိုယ်ကနေပြီးတော့ တစ်ခုခုလုပ်ပေးမယ်လို့ မျှော်လင့်တဲ့သူတွေ အပေါ်မှာလည်း ဂရုဏာမေတ္တာထားပြီးတော့ ကြိုးစားပြီးတော့ သူတို့ရဲ့လိုအပ်ချက်တွေကို ဖြည့်စည်းပေးနိုင်ရမယ်၊ ဒီလိုစိတ်ဓါတ်တွေနဲ့ ကျမတို့လူငယ်တွေဟာ ကျမတို့နိုင်ငံရဲ့အကျိုးကို ထမ်းဆောင်သွားမယ်ဆိုလို့ရှိရင် အားလုံးဟာ အောင်ဆန်းမျိုးဆက်တွေပဲလို့ ကျမပြောချင်ပါတယ်၊ ကျမတို့ အောင်ဆန်းမျိုးဆက်ဆိုတာ ဒါပါပဲ၊ သွေးနဲ့မဆိုင်ပါဘူး၊ စိတ်ဓါတ်နဲ့ဆိုင်ပါတယ်၊ မြင့်မြတ်ရမယ်၊ ဖြူစင်ရမယ်၊ စွန့်လွှတ်ချင်တဲ့စိတ်ရှိရမယ်၊ စွန့်စားနိုင်တဲ့သတ္တိရှိရမယ်၊ စိတ်ဓါတ်ဆိုတာအမျိုးမျိုးပေါ့၊ လူတိုင်းလူတိုင်းဟာ ပုံစံတစ်မျိုးထဲထွက်လာတာ မဟုတ်ပါဘူး၊ ဒါပေမဲ့ ဘယ်လိုပုံစံပဲဖြစ်ဖြစ် အများအတွက် အကျိုးပြုနိုင်မယ့်ပုံစံတော့ဖြစ်အောင် ကိုယ့်ကိုကိုယ်လုပ်ယူနိုင်ပါတယ်"

ဒါ့အပြင် ဗိုလ်ချုပ်အောင်ဆန်းထားခဲ့တဲ့ လွတ်လပ်ရေးအမွေကို အားလုံးခွဲဝေခံစားသလို တာဝန်တွေကို ခွဲဝေယူပြီး ဗိုလ်ချုပ်ရာပြည့်ဂုဏ်ပြုပွဲတွေကို ကျင်းပကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

အဲဒီဂုဏ်ပြုဖျော်ဖြေပွဲကို တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖံွ့ဖြိုးရေးပါတီက လွှတ်တော်ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။

ဖျော်ဖြေပွဲမှာ Lazy Club တီးဝိုင်းနဲ့အတူ အနုပညာရှင်တွေက တေးသီချင်းတွေနဲ့ ဖျော်ဖြေခဲ့ကြပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127

No comments:

Post a Comment